Link alternatif AsianBookie.com: | asianbookie6.com |  asianbookie.ltd | (Bookmark CTRL+D)

SBOTOP

bet365 - Best Live Odds on All Asian Handicaps. - SIGN UP NOW!

M88.com


Main Menu | Preferences | Search | Register | Log In
 
  Registered Forum Members: 269994 and growing!

SBOTOP- နောက်ဆုံးရ အားကစားသတင်းများ - AsianBookie.Com Forums

AsianBookie Myanmar 
 Main Menu > AsianBookie Myanmar > SBOTOP- နောက်ဆုံးရ အားကစားသတင်းများ  Ad 

   » CHAT Now! «  [ 154 Chatters Online ]
Search | Register | Log In
 ( Page 1 2 )  Go to Last Post    
Posted By Topic: SBOTOP- နောက်ဆုံးရ အားကစားသတင်းများ       - Views: 491
SBOTOP 08-Jun 2023 Thursday 5:14 PM (175 days ago)               #1
OFFICIAL
Sportsbook
Representative


Posts: 24629
Liked By: 5449
Joined: 19 Mar 06
Followers: 7



Tipsters
Championship:
Player has
not started

 

ကိန်း ကိုလည်း မခေါ်၊ အိုဆင်မ်ဟန် အတွက်လည်း မတတ်နိုင်တဲ့ ဘေယန်မြူးနစ်၊ ဂွန်ဒိုအန်ကို ခေါ်ယူချင်တဲ့ အသင်းတွေထဲမှာ ဒေါ့မန်လည်း ပါဝင်လာ (ဘွန်ဒက်စ်လီဂါ နောက်ဆုံးရ သတင်းများ)

ကိန်း ကိုလည်း မခေါ်၊ အိုဆင်မ်ဟန် အတွက်လည်း မတတ်နိုင်တဲ့ ဘေယန်မြူးနစ်၊ ဂွန်ဒိုအန်ကို ခေါ်ယူချင်တဲ့ အသင်းတွေထဲမှာ ဒေါ့မန်လည်း ပါဝင်လာ စတဲ့ သတင်းတွေ အပါအဝင် ဇွန်လ ၇ ရက်နေ့ရဲ့ ဘွန်ဒက်စ်လီဂါ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

ကိန်းကိုလည်း မခေါ်၊ အိုဆင်မ်ဟန် အတွက်လည်း မတတ်နိုင်တဲ့ ဘေယန်မြူးနစ်

ဘေယန်မြူးနစ် ဥက္ကဌ အူလီဟိုးနက်စ်က အသင်း အနေနဲ့ လက်ရှိအချိန်မှာ သတင်းထွက်နေတဲ့ တော့တင်ဟမ်ဟော့စပါး တိုက်စစ်မှူး ဟယ်ရီကိန်းကို ခေါ်ယူမှာ မဟုတ်ကြောင်း အတည်ပြု ပြောကြားခဲ့ပါတယ်။

ဘွန်ဒက်စ်လီဂါရဲ့ လက်ရှိ ချန်ပီယံ ကလပ်ဟာ နွေရာသီ အပြောင်းအရွှေ့မှာ အထောင်တိုက်စစ်မှူးစစ်စစ် တစ်ယောက်ကို ခေါ်ယူမှာဖြစ်ပြီး ဟယ်ရီကိန်း၊ နာပိုလီ တိုက်စစ်မှူး အိုဆင်မ်ဟန် တို့နဲ့ သတင်းထွက်နေပါတယ်။ ဒါပေမယ့်လည်း အူလီဟိုးနက်စ်က ဟယ်ရီကိန်းကို ခေါ်ယူမှာ မဟုတ်ကြောင်း၊ တစ်ဖက်မှာလည်း အသင်းအနေနဲ့ နံပါတ် (၉) တိုက်စစ်မှူးကို ရှာဖွေနေပြီး ဒီလို ကစားသမားမျိုးက ဘောလုံးလောက အတွက် လိုအပ်ကြောင်း ပြောကြားခဲ့ပါတယ်။

အိုဆင်မ်ဟန်နဲ့ ပတ်သက်ပြီးတော့လည်း အူလီဟိုးနက်စ်က ဒီကစားသမားက နာပိုလီ အတွက် ကောင်းမွန်တဲ့ ကစားသမားလို့ ထင်မြင်မိကြောင်း၊ ဒါပေမယ့် သူ့အမြင်မှာတော့ အိုဆင်မ်ဟန်ကို ခေါ်ယူဖို့က ဘယ်လိုမှ မတတ်နိုင်ကြောင်း ပြောကြားသွားခဲ့ပါတယ်။

ယူအီးအက်ဖ်အေ – ချန်ပီယံလိဂ်
မန်ချက်စတာစီးတီး

အင်တာမီလန်
1X2 မန်ချက်စတာစီးတီး @ 1.43
ဂိုးအောက် 2.50 @ 2.12
ဂိုးပေါင်း 2-3 @ 1.94
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဂွန်ဒိုအန်ကို ခေါ်ယူချင်တဲ့ အသင်းတွေထဲမှာ ဒေါ့မန်လည်း ပါဝင်လာ

ဒေါ့မန်ဟာ မန်ချက်စတာစီးတီး ကွင်းလယ်လူ အိုင်ခေးလ် ဂွန်ဒိုအန်ကို ခေါ်ယူဖို့ အတွက် စိတ်ဝင်စားလာခဲ့ကြောင်း သိရှိရပါတယ်။ ဂွန်ဒိုအန်ဟာ ဘွန်ဒက်စ်လီဂါ ကလပ်ရဲ့ ကစားသမားဟောင်း တစ်ယောက် ဖြစ်ပြီး မန်စီးတီးက ထွက်ခွာဖို့ အတွက် သတင်းတွေ ထွက်ပေါ်လျက်ရှိပါတယ်။ ဒီကစားသမားကို ခေါ်ယူဖို့ အတွက် ပြည်တွင်း ပြိုင်ဘက် အာဆင်နယ်၊ ဥရောပထိပ်သီး ဘာစီလိုနာ တို့က စိတ်ဝင်စားနေကြောင်း သိရပါတယ်။

ဂွန်ဒိုအန်ဟာ ဘွန်ဒက်စ်လီဂါ ကလပ်ရဲ့ ကစားသမားဟောင်း တစ်ယောက် ဖြစ်ပြီး မန်စီးတီးက ထွက်ခွာဖို့ အတွက် သတင်းတွေ ထွက်ပေါ်လျက်ရှိပါတယ်။
လက်ရှိမှာ မန်စီးတီးနဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲ အတွက် အာရုံစိုက်နေတဲ့ ဂွန်ဒိုအန်

ဒါပေမယ့်လည်း ကစားသမားရဲ့ အေးဂျင့် ဖြစ်သူက ဂွန်ဒိုအန် အနေနဲ့ အခုချိန်မှာ အနာဂတ်အတွက် စဥ်းစားဦးမှာ မဟုတ်ဘဲ ချန်ပီယံလိဂ် ဗိုလ်လုပွဲ အတွက်သာ အာရုံစိုက်ထားကြောင်း ဆိုပါတယ်။ တစ်ဖက်မှာတော့ ဒီကစားသမားက နွေရာသီ အပြောင်းအရွှေ့မှာ အသင်းပြောင်းရွှေ့ဖို့ ရှိနေပြီး အသင်းရဲ့ အဓိက ကွင်းလယ်လူ ဂျူ့ဒ် ဘယ်လင်ဟမ်ကို လက်လွှတ်ထားရတဲ့ ဒေါ့မန် ကလည်း သူတို့ရဲ့ ကစားသမားဟောင်းကို ပြန်လည် ပစ်မှတ်ထားလာခဲ့တာ ဖြစ်ပါတယ်။

စပိန်မှာ ကစားချင်နေတဲ့ ကန်ဆယ်လို

ပြီးခဲ့တဲ့ ဘောလုံးရာသီရဲ့ ဒုတိယရာသီဝက်မှာ ဘွန်ဒက်စ်လီဂါ ကလပ် ဘေယန်မြူးနစ်ကို အငှားနဲ့ လာရောက် ကစားခဲ့တဲ့ ယာအို ကန်ဆယ်လိုဟာ စပိန်မြေကို ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေကြောင်း သိရှိရပါတယ်။ ပေါ်တူဂီ လက်ရွေးစင် ညာနောက်ခံလူဟာ ဘေယန်မြူးနစ်ကို ပြောင်းရွှေ့ကြေး ပေါင် (၇၂) သန်းနဲ့ အပြီးသတ် ပြောင်းရွှေ့ခွင့် ရရှိခဲ့ပေမယ့် ဘေယန်မြူးနစ် ဘက်ကတော့ ကန်ဆယ်လိုကို အပြီးသတ် ခေါ်ယူလိုခဲ့ခြင်း မရှိပါဘူး။

ဒါ့အပြင် မန်ချက်စတာစီးတီး ကလည်း စည်းကမ်းပိုင်းဆိုင်ရာ ပြဿနာ ရှိနေတဲ့ ကန်ဆယ်လိုကို အသင်းမှာ ဆက်မထားလိုဘဲ ပြောင်းရွှေ့ကြေး လျှော့ချကာ ရောင်းချသွားဖို့ ပြင်ဆင်နေပါတယ်။

ကန်ဆယ်လိုကို ခေါ်ယူဖို့ အတွက် စပိန် ထိပ်သီး နှစ်သင်း ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်၊ ဘာစီလိုနာ တို့က စိတ်ဝင်စားလျက် ရှိပြီး ကစားသမား ကိုယ်တိုင် ကလည်း စပိန်မြေမှာ စိန်ခေါ်မှုအသစ်တွေနဲ့ ရင်ဆိုင်ဖို့ ဆန္ဒရှိနေကြောင်း သတင်းတွေက ဖော်ပြနေပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် တွစ်တာ အင်စတာဂရမ် and ယူကျု့ဘ်.

This message was edited by SBOTOP on 08-Jun-2023 at 5:14 PM





   Like     



SBOTOP 26-Jun 2023 Monday 1:55 PM (157 days ago)            #2
OFFICIAL
Sportsbook
Representative


Posts: 24629
Liked By: 5449
Joined: 19 Mar 06
Followers: 7



Tipsters
Championship:
Player has
not started

 

ဗီလာရီးရဲလ် နောက်ခံလူကို စိတ်ဝင်စားနေတဲ့ ဘေယန်မြူးနစ် (ဘွန်ဒက်စ်လီဂါ သတင်းများ)

ဗီလာရီးရဲလ် နောက်ခံလူကို စိတ်ဝင်စားနေတဲ့ ဘေယန်မြူးနစ် စတဲ့ သတင်း အပါအဝင် ဇွန်လ ၂၄ ရက်နေ့ရဲ့ ဘွန်ဒက်စ်လီဂါ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

ဗီလာရီးရဲလ် နောက်ခံလူကို စိတ်ဝင်စားနေတဲ့ ဘေယန်မြူးနစ် 

ဘေယန်မြူးနစ်ဟာ ဗီလာရီးရဲလ် နောက်ခံလူ ပါအူ တောရက်စ်ကို ခေါ်ယူဖို့ အတွက် ပရီးမီးယားလိဂ် ကလပ် အက်စတွန်ဗီလာနဲ့ အပြိုင် စိတ်ဝင်စားနေကြောင်း သိရပါတယ်။ အဆိုပါ စပိန် လက်ရွေးစင် နောက်ခံလူဟာ လက်ရှိ နွေရာသီ အပြောင်းအရွှေ့မှာ အသင်းပြောင်းဖို့ စဥ်းစားနေပြီး သူ့ကို ခေါ်ယူဖို့ အတွက် ဥရောပ ထိပ်တန်း အသင်းကြီးတွေက စိတ်ဝင်စားလျက် ရှိပါတယ်။

အသက် (၂၆) နှစ် အရွယ် ပါအူ တောရက်စ်ဟာ Ball-playing Defender တစ်ယောက် ဖြစ်ပြီး ဘယ်သန် နောက်ခံလူ တစ်ယောက်လည်း ဖြစ်ပါတယ်။ ဒါကြောင့် လူးကပ်စ် ဟာနန်ဒက်ဇ် ထွက်ခွာနိုင်ဖွယ် ရှိတဲ့ ဘွန်ဒက်စ်လီဂါ ကလပ် ဘေယန်မြူးနစ်က စိတ်ဝင်စားနေတာပါ။

တစ်ဖက်မှာလည်း အက်စတွန်ဗီလာ နည်းပြ အူနိုင်း အမ်မရီက ပါအူ တောရက်စ်နဲ့ လက်တွဲခဲ့ဖူးတာကြောင့် ဒီကစားသမားရဲ့ အကြောင်းကို ကောင်းကောင်း သိရှိထားပြီး ခေါ်ယူဖို့ စိတ်ဝင်စားနေတာပါ။ ဗီလာရီးရဲလ် ကတော့ လက်ရှိနွေရာသီမှာ နီကိုးလပ်စ် ဂျက်ဆင်၊ ဆမ်မြူရယ် ချာကွာဇီတို့ကို ရောင်းထုတ်ရဖွယ် ရှိနေတာကြောင့် ပါအူ တောရက်စ်ကို ရောင်းထုတ်ဖို့ ဆန္ဒမရှိ ဖြစ်နေပါတယ်။

ပရီးမီးယား လိဂ်
ဘန်လေ

မန်ချက်စတာစီးတီး
1X2 ဘန်လေ @ 7.80
မန်ချက်စတာစီးတီး အာရှ ဟန်းဒီးကပ် -1.50 @ 1.95
ဂိုးအောက် 3.00 @ 1.82
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဂယ်လာဂါကို စပါးနဲ့ အပြိုင် စိတ်ဝင်စားနေတဲ့ ဒေါ့မန် 

ဒေါ့မန်ဟာ ချဲလ်ဆီး ကွင်းလယ်လူ ကော်နာ ဂယ်လာဂါကို ခေါ်ယူဖို့ အတွက် တော့တင်ဟမ်ဟော့စပါးနဲ့ အပြိုင် စိတ်ဝင်စားနေကြောင်း သိရပါတယ်။ ဂယ်လာဂါဟာ လက်ရှိ နွေရာသီ အပြောင်းအရွှေ့မှာ ချဲလ်ဆီးရဲ့ ရောင်းချမယ့် ကစားသမားစာရင်းထဲ ပါဝင်နေပါတယ်။ သူ့ကိုတော့ ပရီးမီးယားလိဂ် အလယ်အလတ်တန်း အသင်းတွေက ခေါ်ယူဖို့ စိတ်ဝင်စားနေတာပါ။

အဆိုပါ အင်္ဂလန် လက်ရွေးစင် ကွင်းလယ်လူကို ခေါ်ယူဖို့ အတွက် အသင်းဟောင်း ခရစ္စတယ်ပဲလေ့စ်က ချိတ်ဆက်နေသလို စပါး ကလည်း ချိတ်ဆက်လျက် ရှိပါတယ်။ တစ်ဖက်မှာလည်း ဂျူ့ဒ် ဘယ်လင်ဟမ်ကို ရောင်းချထားတဲ့ ဘွန်ဒက်စ်လီဂါ ကလပ်က ကွင်းလယ်ကို အင်အား ဖြည့်တင်းဖို့ ဂယ်လာဂါကို စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။

သတင်းတွေရဲ့ ဖော်ပြချက်အရ ဘွန်ဒက်စ်လီဂါ ကလပ်ဟာ ဂယ်လာဂါရဲ့ အခြေအနေကို အနီးကပ် စောင့်ကြည့်နေပြီး အခွင့်သာတာနဲ့ တပြိုင်နက် ချဲလ်ဆီးထံ ကမ်းလှမ်းသွားဖို့ ပြင်ဆင်ထားကြောင်း သိရပါတယ်။

ကင်မင်ဂျေး ဘေယန်ကို ပြောင်းဖို့ နီးစပ်နေလို့ တန်ဟက်ခ် ဒေါသထွက် 

မန်ချက်စတာယူနိုက်တက် နည်းပြ အဲရစ်ခ် တန်ဟက်ဂ်က လက်ရှိ နွေရာသီမှာ ခေါ်ယူဖို့ ပစ်မှတ်ထားနေတဲ့ နာပိုလီ နောက်ခံလူ ကင်မင်ဂျေးကို ဘေယန်မြူးနစ်တို့ ခေါ်ယူဖို့ နီးစပ်နေတာကြောင့်‌ ဒေါသထွက်နေကြောင်း သိရပါတယ်။

ကင်မင်ဂျေး အတွက် ယူနိုက်တက်တို့ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ကတည်းက စိတ်ဝင်စားနေခဲ့တာ ဖြစ်ပြီး ခေါ်ယူဖို့ အတွက်လည်း နီးစပ်ခဲ့ပါတယ်။ ဒါပေမယ့် လက်ရှိအချိန်မှာ ယူနိုက်တက်ရဲ့ ပိုင်ရှင် အပြောင်းအလဲ ကိစ္စတွေက မပြီးပြတ်သေးတာကြောင့် ဘွန်ဒက်စ်လီဂါ လက်ရှိ ချန်ပီယံ ဘေယန်မြူးနစ်က ကင်မင်ဂျေး အတွက် ကြားဖြတ် ဝင်ရောက်လာခဲ့တာပါ။သတင်းတွေရဲ့ ဖော်ပြချက်အရ ဘေယန်မြူးနစ်ဟာ ကင်မင်ဂျေးကို ခေါ်ယူဖို့ အတွက် ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရရှိဖို့ နီးစပ်နေပြီး နာပိုလီ တောင်းဆိုတဲ့ ပြောင်းရွှေ့ကြေးကိုလည်း ပေးချေသွားဖို့ အဆင်သင့် ရှိနေပါတယ်။ အဲ့ဒါကြောင့်လည်း တန်ဟက်ဂ်က ယူနိုက်တက် အသင်း တာဝန်ရှိသူတွေရဲ့ လက်ရှိ အပြောင်းအရွှေ့ ကာလ လှုပ်ရှားမှုတွေကို စိတ်ပျက်နေပြီး အသင်း အပေါ် ဒေါသ ပေါက်ကွဲနေကြောင်းလည်း သိရပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် တွစ်တာ အင်စတာဂရမ် and ယူကျု့ဘ်.

This message was edited by SBOTOP on 26-Jun-2023 at 1:55 PM





   Like     
SBOTOP 26-Jun 2023 Monday 1:57 PM (157 days ago)            #3
OFFICIAL
Sportsbook
Representative


Posts: 24629
Liked By: 5449
Joined: 19 Mar 06
Followers: 7



Tipsters
Championship:
Player has
not started

 

ငွေနောက် မလိုက်ပဲ ရီးရဲလ်မက်ဒရစ် နဲ့ပဲ စာချုပ်သစ်ချုပ်ဆိုခဲ့တဲ့ တိုနီ ခရူးစ် (လာလီဂါ သတင်းများ)

ဒီတစ်ခါ မှာတော့ ဇွန်လ ၂၄ ရက်နေ့ ညနေခင်းအထိ ရရှိထားသမျှ လာလီဂါ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

ရီးရဲလ်နဲ့ တစ်နှစ် စာချုပ်သစ်ချုပ်ဆိုခဲ့တဲ့ တိုနီ ခရူးစ်

ရီးရဲလ်မက်ဒရစ် ကွင်းလယ်လူ တိုနီ ခရူးစ်ဟာ ဘာနေဗျူးမှာ နောက်ထပ် တစ်နှစ် ထပ်ရှိနေမယ့် စာချုပ်သစ်ကို ချုပ်ဆိုခဲ့ပါပြီ။ အသင်း ကနေ ထွက်ခွာနိုင်တယ်လို့ သတင်းတွေ ထွက်နေခဲ့ပေမယ့် အဆုံးသတ် မှာတော့ သူက စာချုပ်သစ် ချုပ်ဆိုနိုင်ခဲ့ကာ လူငယ် ကစားသမားတွေကို ဦးဆောင်ရဦးမှာ ဖြစ်ပါတယ်။

2023 ကွန်ကာကတ်ဖ် ရွှေဖလား
မက္ကဆီကို

ဟွန်ဒူးရပ်စ်
1X2 မက်စီကို 1.47
မက်စီကို အာရှ ဟန်းဒီးကပ် -0.75 @1.66
ဂိုးပေါ် 2.25 @ 1.69
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဂျာမနီ ကွင်းလယ်လူဟာ ဆော်ဒီကလပ်တွေ ဆီက ကမ်းလှမ်းမှုတွေကို ရရှိခဲ့ပေမယ့်လည်း ငြင်းဆန်ခဲ့သူ ဖြစ်ပါတယ်။ ရီးရဲလ် ကတော့ အသင်းရဲ့ မူဝါဒအရ အသက် ၃၀ ကျော် ကစားသမားတွေကို တစ်နှစ်ချင်းစီသာ စာချုပ်ချုပ်ဆိုနေပြီး အခြားကွင်းလယ်လူ လူကာ မိုဒရစ် ကိုလည်း ချုပ်ဆိုနိုင်ဖို့ နီးစပ်နေပါပြီ။

ခရူးစ်က သူ အခုလို ဆုံးဖြတ်ခဲ့တာဟာ ဇနီးသည် ဖြစ်သူက စိတ်ဆန္ဒရှိရာကို လုပ်ဆောင်ပါလို့ ပြောဆိုခဲ့တာကြောင့်လို့ ဖွင့်ဟခဲ့ပါတယ်။ ခရူးစ်ဟာ ဆော်ဒီကို ပြောင်းရွှေ့မယ် ဆိုရင် လုပ်ခလစာ အများအပြား ရရှိမှာ ဖြစ်ပေမယ့်လည်း ငြင်းဆန်ခဲ့ပြီး လာလီဂါ ကလပ် မှာပဲ ဆက်ရှိနေခဲ့တာ ဖြစ်ပါတယ်။

ဆော်ဒီကို ရောက်ဖို့ နီးစပ်လာတဲ့ ဘာနာဒို ဆေးလ်ဗား

မန်ချက်စတာစီးတီး အသင်းရဲ့ ကွင်းလယ် တိုက်စစ် ကစားသမား ဘာနာဒို ဆေးလ်ဗားဟာ ဆော်ဒီလိဂ်ကို ပြောင်းရွှေ့ဖို့ နီးစပ်နေပြီလို့ သိရပါတယ်။ စပိန် သတင်းစာတွေရဲ့ ဖော်ပြချက်အရ အသက် ၂၈ နှစ် အရွယ် ကစားသမားဟာ မန်စီးတီးနဲ့ ၂၀၂၅ အထိ စာချုပ်သက်တမ်း ရှိနေတယ်လို့ သိရပါတယ်။

ဘာနာဒိုက လာလီဂါ ထိပ်သီး ဘာစီလိုနာ နဲ့ သတင်းတွေ အကျယ်လောင်ဆုံး ထွက်ပေါ်နေခဲ့သူ ဖြစ်ပါတယ်။
ဆော်ဒီပရိုလိဂ်ကို ပြောင်းရွှေ့ဖွယ် ရှိနေတဲ့ ဘာနာဒို ဆေးလ်ဗား

ဒါပေမယ့်လည်း မန်စီးတီးက ကစားသမားကို အသင်း ကနေ ထွက်ခွာခွင့်ပြုထားတယ်လို့ သိရပါတယ်။ ဒါကြောင့် ဆော်ဒီ ကလပ်တွေက သူ့ကို ဝိုင်းဝန်း ကြိုးပမ်းနေကြပြီး ပီအက်စ်ဂျီနဲ့ ဘာစီလိုနာ တို့ကလည်း အလေးထား ချိတ်ဆက်နေတယ်လို့ ဆိုပါတယ်။ ဘာနာဒိုက လာလီဂါ ထိပ်သီး ဘာစီလိုနာ နဲ့ သတင်းတွေ အကျယ်လောင်ဆုံး ထွက်ပေါ်နေခဲ့သူ ဖြစ်ပါတယ်။

ဒါကြောင့် ကစားသမား အနေနဲ့ ငွေကြေးနောက်လိုက်ပြီး ဆော်ဒီကို ရွေးမလား၊ ဥရောပမှာပဲ ဆက်ကစားမလား ဆိုတာ ဆုံးဖြတ်ရတော့မှာပါ။ ဘာနာဒို ဆေးလ်ဗားပါ ဆော်ဒီကို ပြောင်းရွှေ့ခဲ့မယ် ဆိုရင်တော့ ဒါဟာ အံ့အားသင့်စရာ ကောင်းတဲ့ ပြောင်းရွှေ့မှု ဖြစ်လာမှာပါ။

နီဗက်စ်ကို အငှားနဲ့ ပြန်ခေါ်ဖို့ နယူးကာဆယ် ဆွေးနွေးနေ

ဆော်ဒီ ကလပ် အယ်လ်ဟိုင်လယ်ကို ပြောင်းရွှေ့သွားခဲ့တဲ့ ၀ုဗ် ကွင်းလယ်လူဟောင်း ရူဘင် နီဗက်ကို အငှားနဲ့ ပြန်ခေါ်ဖို့ အတွက် နယူးကာဆယ် ယူနိုက်တက်က ဆွေးနွေးနေပါတယ်။ နီဗက်စ်ကို ၂ နှစ် စာချုပ်နဲ့ ငှားရမ်းဖို့ အတွက် ပြင်ဆင်ထားတယ် လို့လည်း သိရပါတယ်။

အသက် ၂၆ နှစ်သာ ရှိသေးတဲ့ ပေါ်တူဂီသားဟာ ဆော်ဒီကို အံ့အားသင့်ဖွယ်ရာ ပြောင်းရွှေ့ခဲ့တာပါ။ ဒါပေမယ့် အယ်လ်ဟိုင်လယ်နဲ့ နယူးကာဆယ်ကို ပိုင်ဆိုင်တဲ့ ဆော်ဒီ လုပ်ငန်းစုက အတူတူပဲ ဖြစ်လို့ ဒီအပြောင်းအရွှေ့က ဖြစ်ပေါ်လာဖွယ်ရာ နီးစပ်နေပါတယ်။

ချန်ပီယံလိဂ် ကစားရဖို့ ရှိတဲ့ နယူးကာဆယ်ဟာ ကစားသမားကောင်းတွေ လိုအပ်နေပြီး ၀ုဗ်နဲ့ ခြေစွမ်းပြခဲ့တဲ့ နီဗက်စ်ကို အားဖြည့် ခေါ်ယူချင်နေတာပါ။ ကလပ် အသင်း နှစ်သင်း ကလည်း ပိုင်ရှင် တစ်ဦးတည်း လက်အောက်က ဖြစ်တာကြောင့်လည်း ဆွေးနွေးရတာ လွယ်ကူနေမှာ ဖြစ်ပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် တွစ်တာ အင်စတာဂရမ် and ယူကျု့ဘ်.

This message was edited by SBOTOP on 26-Jun-2023 at 1:57 PM





   Like     
SBOTOP 26-Jul 2023 Wednesday 4:30 PM (127 days ago)            #4
OFFICIAL
Sportsbook
Representative


Posts: 24629
Liked By: 5449
Joined: 19 Mar 06
Followers: 7



Tipsters
Championship:
Player has
not started

 

လန်ဒန် မြို့ခံ ပြိုင်ဘက်ဆီ ပြောင်းရွှေ့တော့မယ့် ချဲလ်ဆီး ကြယ်ပွင့် (ပရီးမီးယားလိဂ် သတင်းများ)

ဒီတစ်ခါ မှာတော့ ဇူလိုင်လ ၂၄ ရက်နေ့ အထိ ရရှိထားသမျှ ပရီးမီးယားလိဂ် သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

 

 

လန်ဒန် မြို့ခံ ပြိုင်ဘက်ဆီ ပြောင်းရွှေ့တော့မယ့် ချဲလ်ဆီး ကြယ်ပွင့်

ကော်လမ် ဟတ်ဒ်ဆန် အိုဒွိုင်းက ပြီးခဲ့တဲ့ ၃ ပတ်စလုံး ယူ-၂၁ အသင်းနဲ့ပဲ လေ့ကျင့်ရေးဆင်းနေခဲ့ရတာကြောင့် တတ်နိုင်သမျှ ခပ်မြန်မြန် ချဲလ်ဆီးကို စွန့်ခွာချင်နေတယ်လို့ သိရပါတယ်။ အသက် ၂၂ နှစ် အရွယ် ကစားသမားဟာ ပရီးမီးယားလိဂ် ကလပ် ဖူလ်ဟမ်နဲ့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရရှိခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။

 

ဒါပေမယ့်လည်း ချဲလ်ဆီ အသင်းက ဟတ်ဒ်ဆန် အိုဒွိုင်းရဲ့ စျေးကို မြှင့်တင်နိုင်ဖို့ ကြိုးပမ်းနေခဲ့ပြီး လာဇီယို အသင်းကို ပြိုင်ပွဲထဲ ဝင်လာအောင် ဖိတ်ခေါ်ခဲ့တာ ဖြစ်ပါတယ်။

 

မူရီဇီယို ဆာရီဟာ ချဲလ်ဆီးမှာ ဟတ်ဒ်ဆန် အိုဒွိုင်းကို ပွဲထွက်ခွင့်ပေးခဲ့ပြီးနောက် လာဇီယိုရဲ့ စိတ်ဝင်စားမှုကို အခုထက်ပိုပြီး မြင့်တက်လာအောင် တွန်းအားပေးနေပြီး စီးရီးအေ ကလပ်ဟာ ချဲလ်ဆီး တောင်ပံကစားသမားကို အခုချိန်ထိတော့ ဆက်သွယ်ခြင်း မရှိသေးပေမယ့်လည်း အပြီးသတ် ဝယ်ယူခွင့် ပါဝင်တဲ့ အငှားစာချုပ်နဲ့ ခေါ်ယူသွားဖွယ် ရှိနေပါတယ်။

 

 

ာနန်ဒက်စ်ကို ကပ္ပတိန် လက်ပတ် ပေးတာ သဘောမကျတဲ့ လစ်ဗာပူးလ် ဂန္တဝင်

လစ်ဗာပူးလ် ဂန္တဝင် ဂရေမီ ဆောင်းနက်စ်က မန်ချက်စတာယူနိုက်တက် အသင်းခေါင်းဆောင်သစ် ဘရူနို ဖာနန်ဒက်စ်နဲ့ ပတ်သက်ပြီး အဲရစ်ခ် တန်ဟက်ဂ်ရဲ့ ဆုံးဖြတ်ချက်ကို သဘောမတူကြောင်း ပြောကြားခဲ့ပါတယ်။

 

အမျိုးသမီးကမ္ဘာ့ဖလား 2023

 

ကိုလမ်ဘီယာ

တောင်ကိုရီးယား

1X2 ကိုလမ်ဘီယာ @ 2.63

ဂိုးပေါ် 2.00 @ 1.97

ဂိုးပေါင်း 0-1 @ 2.17

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဒီနေရာတွင် နှိပ်ပါ

မန်ချက်စတာယူနိုက်တက် နည်းပြ အဲရစ်ခ် တန်ဟက်ဂ်က ဟယ်ရီ မက်ဂွိုင်းယားကို အသင်းခေါင်းဆောင် ရာထူး ကနေ ဖယ်ရှားပြီးနောက် ဘရူနို ဖာနန်ဒက်စ်ကို အသင်းခေါင်းဆောင်သစ် အဖြစ် ခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဂရေမီ ဆောင်းနက်စ်က ဒါဟာ မှားယွင်းတဲ့ ဆုံးဖြတ်ချက် ဖြစ်တယ်လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

 

ဆောင်းနက်စ်ဟာ ဖာနန်ဒက်စ် အပေါ် အမြင်ကို မေးမြန်းခြင်းခံခဲ့ရပြီး ပေါ်တူဂီ ကြယ်ပွင့်ဟာ အရာအားလုံး ခက်ခဲလာချိန်မှာ ပြောင်းလဲပေးနိုင်တဲ့ ကစားသမားမျိုးလားလို့ မေးမြန်းခဲ့ရာမှာ မန်ယူနိုက်တက် ကွင်းလယ် ကစားသမားကို ပြင်းထန်တဲ့ သုံးသပ်မှုတွေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ “သူက ခေါင်းဆောင်မဟုတ်တာ သိသာပါတယ်။ အဲဒါက လယ်ပြင်မှာ ဆင်သွားသလို ရှင်းနေတာပဲ။ သူက ခေါင်းဆောင် မဟုတ်ဘူး။ လစ်ဗာပူးလ်ကို ၃-၀ နဲ့ ရှုံးနိမ့်နေခဲ့တဲ့ အချိန်တုန်းက သူ့ စိတ်သဘောထားက ဒါကို အဖြေပေးခဲ့တာပဲ”လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

 

 

ဇင်ချန်ကိုဆီက သင်ယူနေတယ် ဆိုတဲ့ တီယာနေး

တီယာနေး ဟာ စနေနေ့က ပရီးမီးယားလိဂ် ကလပ် ယူနိုက်တက်ကို ၂-၀ နဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲရဲ့ ဒုတိယပိုင်းမှာ ဝင်ကစားပေးခဲ့ပြီး ပရိသတ်တွေ ဆီကနေ ချီးကျူး လက်ခုပ်သံတွေ ရရှိခဲ့တာ ဖြစ်ပါတယ်။

ဇင်ချန်ကို ရောက်ရှိလာပြီး နောက်ပိုင်း ပုံမှန် ပွဲထွက်ခွင့် ပျောက်နေခဲ့တဲ့ တီယာနေး

အာဆင်နယ် နောက်ခံလူ ကီရန် တီယာနေးဟာ ပထမအသင်းထဲမှာ နည်းပြရဲ့ နည်းဗျူဟာပိုင်းအရ တောင်းဆိုမှုကို ဘယ်လို အသားကျအောင် လုပ်ရမလဲ ဆိုတာ ဇင်ချန်ကို ဆီကနေ လေ့လာ သင်ယူနေတယ်လို့ ပြောဆိုခဲ့ပါတယ်။

 

စကော့တလန် နောက်ခံလူဟာ မန်စီးတီး ကနေ ဇင်ချန်ကို ရောက်လာပြီး နောက်ပိုင်း ပထမအသင်းမှာ ပုံမှန် ပွဲထွက်ခွင့် မရတော့တာ ဖြစ်ပြီး အရန်ခုံသာ ထိုင်နေရတာ ဖြစ်ပါတယ်။ တီယာနေး ဟာ စနေနေ့က ပရီးမီးယားလိဂ် ကလပ် ယူနိုက်တက်ကို ၂-၀ နဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲရဲ့ ဒုတိယပိုင်းမှာ ဝင်ကစားပေးခဲ့ပြီး ပရိသတ်တွေ ဆီကနေ ချီးကျူး လက်ခုပ်သံတွေ ရရှိခဲ့တာ ဖြစ်ပါတယ်။

 

ယူကရိန်း နောက်ခံလူဟာ သာမန်မဟုတ်တဲ့ နေရာနဲ့ ပတ်သက်ပြီး တီယာနေးက “ကျွန်တော် ပြီးခဲ့တဲ့နှစ်တွေကတည်းက အဲဒါကို လုပ်ခဲ့တယ်။ ကျွန်တော် အဲဒါကို သင်ယူခဲ့တယ်။ အဲလက်စ်က အဲဒီနေရာမှာ ဘယ်လို ကစားရမလဲ ဆိုတာကို အရမ်းကောင်းတဲ့ ဥပမာ ဖြစ်ခဲ့တယ်။ အဲဒီတော့ ခင်ဗျား တစ်ယောက်ယောက်ဆီကများ သင်ယူမယ် ဆိုရင် အဲဒါက ဇင်ချန်ကိုပဲ ဖြစ်ပါလိမ့်မယ်။ ကျွန်တော် သူ့ဆီကနေ သင်ယူခဲ့ပြီး သူ့ကို မေးခွန်းတွေ မေးခဲ့တယ်။ ဒါပေမယ့် ကစားပုံ အများကြီး ကွဲပြားခြားနားမှုတွေ ရှိပါတယ်။ ပြီးခဲ့တဲ့ ပွဲအနည်းငယ်မှာ ကျွန်တော် အဲဒါကို မလုပ်ခဲ့ဘူး။ ကျွန်တော့် အတွက် အားလုံးက အသစ်တွေချည်းပဲ မို့လို့ အကုန် သင်ယူနေရပါတယ်။ ကျွန်တော် အရင်တုန်းက ကွင်းလယ်မှာ တစ်ခါမှ မကစားဖူးဘူး။ အရင်တုန်းက ကျွန်တော် မကြာခဏ ဆိုသလို ကစားခဲ့ရတဲ့ နေရာလည်း မဟုတ်တော့ လေ့လာသင်ယူတာက ခင်ဗျားကို ပိုကောင်းတဲ့ ကစားသမား ဖြစ်လာစေပါတယ်။”လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

 

 

 

●●●

 

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

 

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

 

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

This message was edited by SBOTOP on 26-Jul-2023 at 4:31 PM





   Like     
SBOTOP 26-Jul 2023 Wednesday 4:32 PM (127 days ago)            #5
OFFICIAL
Sportsbook
Representative


Posts: 24629
Liked By: 5449
Joined: 19 Mar 06
Followers: 7



Tipsters
Championship:
Player has
not started

 

ဟယ်ရီကိန်းကို လုပ်ခလစာ အများအပြား ပေးချေသွားမယ့် ဘေယန်မြူးနစ် (ဘွန်ဒက်စ်လီဂါ သတင်းများ)

ဒီတစ်ခါ မှာတော့ ဇူလိုင်လ ၂၄ ရက်နေ့ အထိ ရရှိထားသမျှ ဘွန်ဒက်စ်လီဂါ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

ဟယ်ရီကိန်းကို လုပ်ခလစာ အများအပြား ပေးချေသွားမယ့် ဘေယန်မြူးနစ်

ဘေယန်မြူးနစ်ဟာ တော့တင်ဟမ်ဟော့စပါး တိုက်စစ်မှူး ဟယ်ရီကိန်းကို ခေါ်ယူနိုင်ခဲ့မယ် ဆိုရင် ဒီကစားသမားကို (၄) နှစ် စာချုပ်နဲ့ အတူ အသင်းရဲ့ လုပ်ခ အများဆုံး ကစားသမားတွေ ထဲက တစ်ယောက် ဖြစ်လာအောင် ဖန်တီးပေးသွားမယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာ ဒီကစားသမားကို ခေါ်ယူနိုင်ဖို့ အတွက် ဘွန်ဒက်စ်လီဂါ ကလပ် ဘေယန်မြူးနစ်တို့ ကလပ် စံချိန်တင် ပြောင်းရွှေ့ကြေးကို အသုံးပြုရဖွယ် ရှိပြီး စပါးနဲ့ ပြောင်းရွှေ့ကြေး သဘောတူညီမှု ရရှိဖို့ ခက်ခဲနေဆဲပါ။ ဒါ့အပြင် ဘွန်ဒက်စ်လီဂါ ကလပ်က ဟယ်ရီကိန်း ကိုလည်း တစ်နှစ်လုပ်ခ ယူရိုသန်း (၂၀) ကျော် ပေးချေသွားဖို့ ပြင်ဆင်ထားပါတယ်။ ဒါဟာ အသက် (၃၀) ပြည့်တော့မယ့် ဟယ်ရီကိန်း အတွက်လည်း မက်လောက်စရာ ကမ်းလှမ်းမှု တစ်ခု ဖြစ်ပါတယ်။

လက်ရှိမှာ ဆော်ဒီအာရေဗျ ကလပ် အယ်လ်ဟီလာကို ဟယ်ရီကိန်းကို စိတ်ဝင်စားလာခဲ့ပေမယ့် ဘေယန်မြူးနစ် ကသာ ဟယ်ရီကိန်း အတွက် ဦးစားပေး ရွေးချယ်မှု အဖြစ် ရှိနေဆဲပါ။

ဆီဗီလာ ဂိုးသမားကို ခေါ်ယူဖို့ ဆွေးနွေးနေတဲ့ ဘေယန်မြူးနစ်

ဘွန်ဒက်စ်လီဂါ ကလပ် ဘေယန်မြူးနစ်ဟာ ဆီဗီလာ ဂိုးသမား ယက်ရှင်း ဘွန်နူကို ခေါ်ယူဖို့ အတွက် ဆွေးနွေးမှုတွေ ပြုလုပ်နေကြောင်း သိရပါတယ်။ အဆိုပါ ဂိုးသမားဟာ ပြီးခဲ့တဲ့ (၂၀၂၂) ခုနှစ် ကာတာ ကမ္ဘာ့ဖလားမှာ မော်ရိုကို အတွက် လက်စွမ်းပြနိုင်ခဲ့ပြီးနောက် ဥရောပထိပ်တန်း အသင်းကြီးတွေရဲ့ ပစ်မှတ် ဖြစ်လာခဲ့တာပါ။

လက်ရှိအချိန် မှာတော့ ဆီဗီလာတို့ ဘဏ္ဍာရေး အခြေအနေကြောင့် အသင်းရဲ့ ကစားသမား အများအပြားကို ရောင်းချရမှာ ဖြစ်ပြီး ဘွန်နူ ကလည်း အသင်း ကနေ ထွက်ခွာနိုင်ဖွယ် ရှိပါတယ်။

ဘေယန်မြူးနစ်ဟာ အဓိကဂိုးသမား မန်ဝဲလ် နော်အာကို အစားထိုးနိုင်ဖို့ အတွက် ဘွန်နူကို စိတ်ဝင်စားခဲ့တာ ဖြစ်ပြီး ပီအက်စ်ဂျီ ကလည်း ဒီကစားသမား အတွက် ပြောင်းရွှေ့ကြေး ယူရို (၁၂) သန်းအပြင် အပိုဆုကြေးတွေနဲ့ ကမ်းလှမ်းထားသေးကြောင်း သိရပါတယ်။

အမျိုးသမီးကမ္ဘာ့ဖလား 2023

အင်္ဂလန်

ဒိန်းမတ်

1X2 သရေ (Draw) @ 3.90

ဂိုးပေါင်း 2-3 @ 1.87

ဂိုးပေါ် 2.25 @ 1.86

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဒီနေရာတွင် နှိပ်ပါ

စတုဂတ်ကို ပြောင်းရွှေ့ဖို့ သေချာသွားတဲ့ နူဘယ်လ်

သတင်းတွေရဲ့ ဖော်ပြချက်အရ ဘေယန်မြူးနစ် ဂိုးသမား အလက်ဇန်းဒါး နူဘယ်လ်ဟာ စတုဂတ်ကို ပြောင်းရွှေ့တော့မယ်လို့ သိရပါတယ်။ ဘွန်ဒက်စ်လီဂါ ကြယ်ပွင့် ဂိုးသမားဟာ စတုဂတ်နဲ့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှုတွေ ရရှိခဲ့ပြီး ဘေယန်မြူးနစ်ရဲ့ မိတ်ဆက်ပွဲ အခမ်းအနား ကိုလည်း တက်ရောက်ခဲ့ခြင်း မရှိကြောင်း သိရပါတယ်။

ဒါပေမယ့်လည်း နှစ်သင်းကြားမှာတော့ ဆွေးနွေးစရာတွေ ကျန်ရှိနေဆဲ ဖြစ်ပြီး ဘေယန်မြူးနစ် ကတော့ ကစားသမားကို တရားဝင် အသင်းပြောင်းရွှေ့ခွင့် မပေးထားသေးကြောင်း သတင်းတွေက ဆိုပါတယ်။

ဘေယန်မြူးနစ်ဟာ လက်ရှိနွေရာသီမှာ အသင်းရဲ့ နောက်ထပ် ဂိုးသမား တစ်ယောက် ဖြစ်တဲ့ ယန်း ဆွန်းမား ကိုလည်း အင်တာမီလန်ထံ လက်လွှတ်ခဲ့ပြီး ဖြစ်ပါတယ်။ အဲ့ဒါကြောင့် လက်ရှိအချိန် မှာတော့ ဘွန်ဒက်စ်လီဂါ လက်ရှိ ချန်ပီယံ အသင်းက ဂိုးသမား အသစ် ပြန်လည် ခေါ်ယူဖို့ ဈေးကွက် အတွင်း လှုပ်ရှားနေပြီလည်း ဖြစ်ပါတယ်။

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

This message was edited by SBOTOP on 26-Jul-2023 at 4:32 PM





   Like     
SBOTOP 05-Aug 2023 Saturday 7:52 PM (116 days ago)            #6
OFFICIAL
Sportsbook
Representative


Posts: 24629
Liked By: 5449
Joined: 19 Mar 06
Followers: 7



Tipsters
Championship:
Player has
not started

 

ဘေယန်ကို ပြောင်းဖို့ ကိုယ့်ကိုယ်ကို ပြန်ဝယ်ချင်နေတဲ့ ဟယ်ရီကိန်း (ပရီးမီးယားလိဂ် သတင်းများ)

ဒီတစ်ခါ မှာတော့ ဩဂုတ်လ ၃ ရက်နေ့ အထိ ရရှိထားသမျှ ပရီးမီးယားလိဂ် သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

ကိုယ့်ကိုကိုယ် ပြန်ဝယ်ချင်နေတဲ့ ဟယ်ရီ ကိန်း

ဟယ်ရီကိန်း ကတော့ ဒီနွေရာသီမှာ ဘေယန်မြူးနစ် အသင်းထံ အပြီးသတ် ပြောင်းရွှေ့နိုင်ဖို့ စာချုပ် နောက်ဆုံးနှစ် အတွက် ကိုယ့်ကိုကိုယ် ပြန်ဝယ်ဖို့ အဆင်သင့်ဖြစ်နေတယ်လို့ ဂျာမနီက သတင်းတွေက ဖော်ပြပါတယ်။ ပရီးမီးယားလိဂ် ကလပ် စပါး ကတော့ အင်္ဂလန် တိုက်စစ်မှူး အတွက် ပြောင်းရွှေ့ကြေးပေါင် သန်း ၁၀၀ တောင်းဆိုထားပြီး ဘေယန်မြူးနစ်ရဲ့ ကမ်းလှမ်းမှု ၃ ကြိမ်စလုံးကို ငြင်းပယ်ထားခဲ့ပါတယ်။

ဘေယန်မြူးနစ်ရဲ့ တတိယအကြိမ် ကမ်းလှမ်းမှုဟာ ပေါင် ၈၅ သန်း ဝန်းကျင် ရှိတယ်လို့ ယုံကြည်ရပါတယ်။ ဂျာမနီ ကလပ် အတွက် စံချိန်တင် ပြောင်းရွှေ့ကြေး ဖြစ်ပေမယ့်လည်း စပါးရဲ့ သတ်မှတ်ထားတဲ့ စျေးကို လိုက်မမီသေးတာလည်း ဖြစ်ပါတယ်။

ဒါကြောင့် ဟယ်ရီ ကိန်းဟာ ကိုယ့်ကြမ္မာကိုယ် ဖန်တီးနိုင်ချေ ရှိတယ်လို့ Bild က ဖော်ပြခဲ့ပါတယ်။ အဲ့နောက် စပါး အသင်းခေါင်းဆောင်ဟာ တစ်နှစ်လုပ်ခ လစာပေါင် ၂၀.၆ သန်း ဝန်းကျင် ရှိတဲ့ နောက်ဆုံး ၁၂ လစာ မယူတော့ဘဲ ကိုယ့်ကိုကိုယ် ပြန်ဝယ်ဖို့ ဆုံးဖြတ်နိုင်တယ်လို့ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

ယူနိုက်တက်မှာ ဝတ်ဆင်ချင်တဲ့ ကျောနံပါတ် မရနိုင်တဲ့ ဟော့ဂျ်လန်း

ရက်စ်မက်စ် ဟော့ဂျ်လန်း ကတော့ အတ္တလန္တာ ကနေ ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက်ကို ပေါင် ၇၂ သန်းနဲ့ အပြီးသတ် ပြောင်းရွှေ့တော့မှာ ဖြစ်ပါတယ်။

အင်္ဂါနေ့မှာ အင်္ဂလန်ကို ရောက်လာခဲ့တဲ့ ဟော့ဂျ်လန်းဟာ ကာရင်တန် လေ့ကျင့်ရေးကွင်းမှာ ဆေးစစ်မှု အောင်မြင်ခဲ့ပြီး အသင်းနဲ့ စာချုပ်ချုပ်ဆိုဖို့သာ ကျန်တော့တာ ဖြစ်ပါတယ်။ ဟော့ဂျ်လန်း အတွက် ကံဆိုးတာက အိုးထရက်ဖို့ဒ်ရဲ့ နာမည်ကြီး ကျော်နံပါတ်ကို မေဆန် မောင့်က ဝတ်ဆင်နေတာကြောင့် ကျောနံပါတ် ၇ ကို ဝတ်ဆင်နိုင်မှာ မဟုတ်ပါဘူး။ လက်ရှိမှာ အန်သိုနီ မာစီယယ်လ်က ကျောနံပါတ် ၉ ကို ဝတ်ဆင်ထားပြီး မားကပ်စ် ရက်ရှ်ဖို့ဒ်က ၁၀ ဝတ်ဆင်ထားတာကြောင့် ဒိန်းမတ် လက်ရွေးစင် တိုက်စစ်မှူးဟာ မန်ယူနိုက်တက် ဂန္တဝင် ရိုင်ယန် ဂစ် ဝတ်ဆင် ကစားသွားခဲ့တဲ့ ကျောနံပါတ် ၁၁ ကိုသာ ရွေးချယ်စရာ ရှိတော့တာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ကျောနံပါတ် ၁၁ ကို လက်ရှိမှာ ဂရင်းဝုဒ်က ရယူထားဆဲ ဖြစ်ပြီး အင်္ဂလန် တိုက်စစ်မှူးရဲ့ အနာဂတ်ကို ဆုံးဖြတ်ချက်ချမှတ်ဖို့ ပရီးမီးယားလိဂ် ကလပ်က စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ပါတယ်။ ကိုပင်ဟေဂင်မှာ ကစားသမား ဘဝ အစောပိုင်းတုန်းက ကျောနံပါတ် ၄၅ နဲ့ ၂၈ ဝတ်ဆင် ကစားခဲ့တဲ့ ဟော့ဂျ်လန်းဟာ စတူရန်ဂရက်မှာ ကျောနံပါတ် ၉၊ အတ္တလန္တာမှာ ကျောနံပါတ် ၁၇ ဝတ်ဆင်ကစားခဲ့တာ ဖြစ်ပါတယ်။

အသင်း ကနေ ထွက်ချင်တဲ့ ဆန္ဒကို အရိပ်အမြွက် ပြောခဲ့တဲ့ ချဲလ်ဆီး ပစ်မှတ်

ကိုင်စီဒိုဟာ ယခုနွေရာသီမှာ ပရီးမီးယားလိဂ် ထိပ်သီး ချဲလ်ဆီးရဲ့ အဓိက ဦးစားပေး ပစ်မှတ် ဖြစ်နေတာပါ။

ဘရိုက်တန် ကနေ ထွက်ခွာချင်ကြောင်း အရိပ်အမြွက် ပြောကြားခဲ့တဲ့ ကိုင်စီဒို

ချဲလ်ဆီး အသင်းရဲ့ ပစ်မှတ် မွိုက်စ် ကိုင်စီဒိုက တစ်ရာသီတာ အကောင်းဆုံး ကစားသမားဆု ရရှိခဲ့တဲ့ ညမှာပဲ အသင်းကို ယခုနွေရာသီမှာ စွန့်ခွာချင်ကြောင်း ပရိသတ်တွေကို အရိပ်အမြွက် ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

ကိုင်စီဒိုဟာ ယခုနွေရာသီမှာ ပရီးမီးယားလိဂ် ထိပ်သီး ချဲလ်ဆီးရဲ့ အဓိက ဦးစားပေး ပစ်မှတ် ဖြစ်နေတာပါ။ ဒါပေမယ့်လည်း ဘရိုက်တန်က ပေါင်သန်း ၈၀ နဲ့ ကမ်းလှမ်းမှု ကိုတောင် ငြင်းပယ်ခဲ့တာကြောင့် အသင်း ကနေ ထွက်ဖို့ ထင်သလောက် မလွယ် ဖြစ်နေတာပါ။ ဘရိုက်တန် ကတော့ အသက် ၂၁ နှစ် အရွယ်သာ ရှိသေးတဲ့ ကိုင်စီဒိုလို အရည်အသွေး ရှိတဲ့ ကစားသမားကို ရောင်းထုတ်လိုခြင်း မရှိဘဲ အနည်းဆုံး ပေါင်သန်း ၁၀၀ ရမှ ရောင်းမယ်လို့ ပြောဆိုထားတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကိုင်စီဒို ကတော့ မကြာသေးမီ ရက်သတ္တပတ်တွေ အတွင်းမှာ ချဲလ်ဆီး အတွက် ကစားပေးချင်တဲ့ဆန္ဒကို လျှို့ဝှက်မထားခဲ့ဘဲ အင်္ဂါနေ့ည ဆုပေးပွဲမှာ ဧည့်ပရိသတ်တွေကို ချဲလ်ဆီး နာမည် ထည့်မပြောပေမယ့် အသင်း ကနေ ထွက်ချင်တဲ့ ဆန္ဒရှိတယ်လို့ အရိပ်အမြွက် ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

“အရာအားလုံး အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်။ ပွဲစဉ်တိုင်းမှာ ခင်ဗျားတို့ရဲ့ အားပေးထောက်ခံမှု အတွက် ပရိသတ်တွေ အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။ ကျွန်တော် အရမ်းပျော်ရွှင်မိပါတယ်။ ကျေးဇူးတင်ပါတယ် ပရိသတ်တွေ။ ခင်ဗျားတို့ အားပေးမှု မပါဘဲ ဒီလိုဆုရဖို့က မဖြစ်နိုင်ပါဘူး။ ကျွန်တော် ဒါကို မိသားစုအတွက် လုပ်ခဲ့တာပါ။ သူတို့က ကျွန်တော့် မြတ်နိုး တန်ဖိုးထားရတဲ့ သူတွေပါ” လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

This message was edited by SBOTOP on 05-Aug-2023 at 7:53 PM





   Like     
SBOTOP 05-Aug 2023 Saturday 7:54 PM (116 days ago)            #7
OFFICIAL
Sportsbook
Representative


Posts: 24629
Liked By: 5449
Joined: 19 Mar 06
Followers: 7



Tipsters
Championship:
Player has
not started

 

အခုမျိုးဆက်ရဲ့ အကောင်းဆုံး ကစားသမား ၃ ဦးကို ရွေးချယ်ပေးခဲ့တဲ့ ကက်စ်မဲရိုး (လာလီဂါ သတင်းများ)

ဒီတစ်ခါ မှာတော့ ဩဂုတ်လ ၃ ရက်နေ့ အထိ ရရှိထားသမျှ လာလီဂါ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

အခုမျိုးဆက်ရဲ့ အကောင်းဆုံး ကစားသမား ၃ ဦးကို ရွေးချယ်ပေးခဲ့တဲ့ ကက်စ်မဲရိုး

မန်ချက်စတာယူနိုက်တက် ကွင်းလယ်လူ ကက်စ်မဲရိုးက ၎င်းရဲ့ မျိုးဆက်မှာ အကောင်းဆုံးလို့ ယုံကြည်တဲ့ ကစားသမား ၃ ဦးကို ပြောပြခဲ့ပါတယ်။ ဘရာဇီးလ်ကွင်းလယ် ကစားသမားဟာ ၎င်းရဲ့ မွေးရပ်မြေမှာ Placar မဂ္ဂဇင်းနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဘရာဇီးလ်ရဲ့ အဓိကပြိုင်ဘက် အာဂျင်တီးနား ကြယ်ပွင့် လီယွန်နယ် မက်ဆီနဲ့ ပတ်သက်ပြီး မေးမြန်းခြင်းခံခဲ့ရတာ ဖြစ်ပါတယ်။

“မက်ဆီက သူ့ရဲ့ အမှတ်အသားကို ချန်ရစ်နိုင်ခဲ့တယ်။ ခင်ဗျား အဲဒါကို ငြင်းလို့မရပါဘူး။ သူက အမြဲတမ်း ပြိုင်ဘက် တစ်ယောက် ဖြစ်ခဲ့တယ်။ ဘာစီလိုနာနဲ့ အာဂျင်တီးနားတို့ အတွက် ကစားပေးခဲ့တယ်။ သူနဲ့ ပြိုင်ဘက် ဖြစ်ရတာ ကနေ လွတ်မြောက်ဖို့ နည်းလမ်းမရှိဘူး။ ဒါပေမယ့် ဘောလုံးကို နှစ်သက်တဲ့သူတွေက မက်ဆီကို နှစ်သက်မှာပါ။ သူနဲ့ ရင်ဆိုင်ကစားခဲ့ရတာ စိတ်ပျော်ရွှင်စရာ ဖြစ်ခဲ့တယ်။ သူက မှတ်ချက်ပေးဖို့ မလိုတဲ့သူပါ။ ခင်ဗျား သူ့ကို လေးစား သဘောကျမှာပဲ။ ကျွန်တော် မက်ဆီ၊ ခရစ္စတီယာနို၊ နေမာတို့ကို မြင်တွေ့ခဲ့ရတာ ပျော်ရွှင်မိပါတယ်။ သူတို့ ၃ ယောက်က ကျွန်တော့် မျိုးဆက်မှာတော့ အကောင်းဆုံး ကစားသမားတွေပဲ။”

ကက်စ်မဲရိုးဟာ လာလီဂါ မှာ ကစားစဉ်က ရော်နယ်ဒိုနဲ့ အသင်းဖော် ဖြစ်ခဲ့ပြီး မက်ဆီ၊ နေမာ တို့နဲ့တော့ ပြိုင်ဘက်တွေ ဖြစ်ခဲ့တာပါ။ ကျွန်တော် ရိုနာလ်ဒို (ဘရာဇီးလ်ဂန္တဝင်) ကစားတာ မြင်ခဲ့တယ်။ ဇီဒန်း ကစားတာ မြင်ခဲ့တယ်။ ဒါပေမယ့် ဒီ ၃ ယောက်က ကျွန်တော်တို့ မျိုးဆက် မှာတော့ အကောင်းဆုံး ဆိုတာ သံသယ ဖြစ်စရာမရှိပါဘူး။ ကျွန်တော် ခရစ္စတီယာနိုနဲ့ ဘယ်တုန်းကမှ ရင်ဆိုင် မကစားခဲ့ပါဘူး။ ဘုရားကယ်ပေလို့ပေ့ါ။ သူ ကျွန်တော့်ကို ဆုဖလားတွေနဲ့ အောင်ပွဲတွေ အများကြီးပေးခဲ့တယ်။” လို့ ပြောကြားခဲ့ပါတယ်။

ဒမ်ဘီလီနဲ့ ပတ်သက်ပြီး စိတ်ပျက်မိတယ်လို့ ပြောလိုက်တဲ့ ဇာဗီ

ဘာစီလိုနာ နည်းပြ ဇာဗီက ပီအက်စ်ဂျီဟာ ဒမ်ဘီလီရဲ့ စာချုပ်လျော်ကြေး ယူရိုသန်း ၅၀ ကို ပေးချေခဲ့ပြီးနောက် ပြင်သစ် တောင်ပံ ကစားသမားက လာလီဂါ ကလပ် ကနေ ထွက်ခွာတော့မယ်လို့ အတည်ပြုခဲ့ပါတယ်။

ပီအက်စ်ဂျီ အသင်းထံ ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရခဲ့တဲ့ အူစမန်နီ ဒမ်ဘီလီ

ဘာစီလိုနာ နည်းပြ ဇာဗီက ပီအက်စ်ဂျီဟာ ဒမ်ဘီလီရဲ့ စာချုပ်လျော်ကြေး ယူရိုသန်း ၅၀ ကို ပေးချေခဲ့ပြီးနောက် ပြင်သစ် တောင်ပံ ကစားသမားက လာလီဂါ ကလပ် ကနေ ထွက်ခွာတော့မယ်လို့ အတည်ပြုခဲ့ပါတယ်။ ဇာဗီက ဒမ်ဘီလီကို နူးကမ့်မှာ ဆက်ရှိနေမယ်လို့ မျှော်လင့်ခဲ့တာဖြစ်ပေမယ့် ပြင်သစ် တောင်ပံကစားသမားက အသင်းကို စွန့်ခွာဖို့ ရွေးချယ်သွားခဲ့တဲ့ အတွက် စိတ်ပျက်မိတယ်လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

“ကျွန်တော် လုံးဝရှင်းသွားအောင် ပြောရပါလိမ့်မယ်။ ဒမ်ဘီလီက ကျွန်တော် တို့ကို ထွက်ခွင့်တောင်းခဲ့တာပါ။ သူ့မှာ ပီအက်စ်ဂျီအသင်းဆီကနေ ကမ်းလှမ်းမှုရခဲ့ပြီး အဲဒါကြောင့်ပဲ သူ မကစားခဲ့တာပါ။ ကျွန်တော် ဒမ်ဘီလီနဲ့ပတ်သက်ပြီး နည်းနည်းစိတ်ပျက်မိခဲ့တယ်။ အဲဒါက ကျွန်တော့်အတွက် ခါးသီးတဲ့အရသာဖြစ်ခဲ့တယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ သူ့ကို အကောင်းဆုံး ဂရုစိုက်ပေးခဲ့တယ်။ အဲဒါကြောင့်လည်း သူ ပျော်ရွှင်ခဲ့ပြီး ကျွန်တော်တို့အတွက် မတူညီတဲ့အရာတွေကို ဆက်ပြီး လုပ်ဆောင်ပေးနေခဲ့လို့ပါ။

ဒါပေမယ့် ကျွန်တော်တို့ ပီအက်စ်ဂျီဆီက ကမ်းလှမ်းမှု အတိုင်းတော့ လိုက်ပြီး မကမ်းလှမ်းနိုင်ပါဘူး။ အဲဒါက စျေးကွက်ထဲမှာ လုံးဝ မရှိတဲ့အရာပါ။ ကျွန်တော် ဒမ်ဘီလီကို အသင်းမှာ ဆက်နေဖို့ စည်းရုံးခဲ့သေးတယ်။ ဒါပေမယ့် သူက လူးဝစ္စ အန်နရီကေးနဲ့ အယ်လ်ခါလီဖီ တို့နဲ့ စကားပြောပြီးသားတဲ့။ အဲဒီတော့ သူ့ကို စည်းရုံးဖို့ ဘယ်လိုမှ မဖြစ်နိုင်တော့ပါဘူး။ အဲဒါက သူ့ရဲ့ ကိုယ်ရေး ကိုယ်တာ ဆုံးဖြတ်ချက်နဲ့ နောက်ဆုံး ဆုံးဖြတ်ချက်ပါ။ ဘောလုံးသမား တစ်ယောက်က ဘာဆာမှာ ရှိမနေချင်ဘူး ဆိုရင် သူတို့ကို ထွက်ခွင့်ပေးရမှာပါ” လို့ပြောကြားခဲ့ပါတယ်။

ကစားသမားသစ်တွေကို အချိန်ပေးဖို့ လိုတယ်လို့ ပြောခဲ့တဲ့ အာတေးတား

အာဆင်နယ် နည်းပြ မီခဲလ် အာတေးတားက ကစားသမားသစ်တွေရဲ့ အခြေအနေကို သုံးသပ်ခဲ့ပြီး အချိန် အနည်းငယ် ပေးဖို့ လိုအပ်နေသေးတယ်လို့ ဖွင့်ဟခဲ့ပါတယ်။

အာဆင်နယ်ဟာ ယခုနွေရာသီမှာ ချဲလ်ဆီးကနေ ကိုင် ဟာဗတ်ဇ်၊ ဝက်စ်ဟမ်း ကနေ ဒီကလန် ရိုက်စ်၊ အေဂျက်စ် ကနေ ယူရီယန် တင်းဘား တို့ကို ခေါ်ယူခဲ့တာ ဖြစ်ပြီး ကစားသမားသစ်တွေက အသင်းနဲ့ ချက်ချင်း အသားကျသွားသလို ခံစားခဲ့ရတယ်လို့ အာတေးတားက ပြောပြခဲ့ပါတယ်။

”ဒီနှစ် လူစာရင်းထဲမှာ မျက်နှာသစ် အချို့လည်း ရှိပြီး အပြောင်းအရွှေ့ စျေးကွက်ထဲမှာ ဒီလိုကစားသမားခေါ်ယူမှုတွေကို စောစောခေါ်ယူနိုင်ခဲ့တာ ကျွန်တော် အရမ်းဝမ်းသာတယ်။ အဲဒါကြောင့် သူတို့နဲ့အတူ အလုပ်လုပ်နိုင်ခဲ့တာပါ” ”ကစားသမားတွေဆီကနေ ကျွန်တော်တို့ ကြားခဲ့ရတဲ့ တုံ့ပြန်မှုက သူတို့တွေက ဒီမှာ ရှိနေခဲ့တာ နှစ်အတော်ကြာ နေသလိုမျိုး ခံစားရတယ်တဲ့။ ဒါက ဒီက ယဉ်ကျေးမှုနဲ့ ပတ်သက်ပြီး ခင်ဗျားကို အများကြီး ပြောပြနေပါတယ်။ ဘယ်လောက်အထိ ကြိုဆိုမှုရှိလဲ၊ ဒီမှာရှိတဲ့ လူတွေ အားလုံးက ဘယ်လောက် အထိ အေးအေးဆေးဆေးရှိလဲ။ ခင်ဗျားကို ဒီဟာရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် ခံစားရအောင်နဲ့ အာဆင်နယ် မိသားစုရဲ့ အစိတ်အပိုင်း တစ်ခု အဖြစ် ချက်ချင်း ခံစားရအောင် လုပ်ပေးနိုင်တယ်ဆိုတာကို ပြောပြနေတာပါ” ”သူတို့ထဲက အချို့အတွက် ကတော့ ကြီးမားတဲ့ အပြောင်းအလဲ ဖြစ်ခဲ့မှာ သေချာပါတယ်။ သူတို့တွေ အသားကျနေတဲ့ ပုံစံ၊ တောင်းဆိုမှု၊ မျှော်မှန်းချက်တွေနဲ့ မတူညီတော့ပါဘူး။ ကျွန်တော်တို့ အဲဒါကို သိရှိပြီး သူတို့ကို မှန်ကန်တဲ့ ပုံစံနဲ့ ဆက်ဆံနေပါတယ်” ”အဲဒီတော့ ကျွန်တော်တို့ ဒီလို ကစားသမားတွေကို အချိန်အချို့ ပေးရမှာဖြစ်ပြီး သူတို့ကိုယ်ကို ဖော်ပြဖို့အတွက် နေရာ တစ်ခု ရှိတယ်ဆိုတာကို သေချာသိအောင် အချိန်ပေးရမှာပါ။ ပြီးရင်တော့ သူတို့ဆီကနေ ကျွန်တော်တို့ လိုချင်တဲ့ အဆင့်အတန်း တစ်ခု ရမှာပါ။ ဒါက ကစားသမားသစ်တွေကို အသင်းနဲ့ တစ်သားတည်း ဖြစ်အောင် ကူညီရာမှာ အမြဲတမ်း အရေးကြီးပါတယ်။”လို့ ပြောကြားခဲ့ပါတယ်။

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

This message was edited by SBOTOP on 05-Aug-2023 at 7:54 PM





   Like     
SBOTOP 08-Aug 2023 Tuesday 6:03 PM (113 days ago)            #8
OFFICIAL
Sportsbook
Representative


Posts: 24629
Liked By: 5449
Joined: 19 Mar 06
Followers: 7



Tipsters
Championship:
Player has
not started

 

ဘေယန်မြူးနစ် ကွင်းလယ်လူ ဂေါ်ရက်ဇ်ကာကို ချိတ်ဆက်နေတဲ့ ဂျူဗင်တပ်စ် (ဘွန်ဒက်စ်လီဂါ သတင်းများ)

ဒီတစ်ခါ မှာတော့ ဩဂုတ်လ ၈ ရက်နေ့ အထိ ရရှိထားသမျှ ဘွန်ဒက်စ်လီဂါ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

ဘေယန်မြူးနစ် ကွင်းလယ်လူကို ချိတ်ဆက်နေတဲ့ ဂျူဗင်တပ်စ်

ဂျူဗင်တပ်စ်ဟာ ဘေယန်မြူးနစ်မှာ အနာဂတ် မရှိတော့တဲ့ ကွင်းလယ်လူ လီယွန် ဂေါ်ရက်ဇ်ကာကို ခေါ်ယူဖို့ အတွက် ချိတ်ဆက်မှုတွေ ပြုလုပ်နေကြောင်း သိရပါတယ်။

အဆိုပါ ဘွန်ဒက်စ်လီဂါ ကွင်းလယ်လူကို ရောင်းထုတ်ဖို့ အသင်း ဘက်ကလည်း ဆန္ဒရှိနေပြီး နည်းပြ သောမတ်စ် တူချယ် ကလည်း သူ့ရဲ့ အနာဂတ် အစီအစဉ်တွေမှာ မပါဝင်ကြောင်း ဂေါ်ရက်ဇ်ကာကို အသိပေးထားပါတယ်။

ဂျူဗင်တပ်စ်ဟာ လက်ရှိအချိန်မှာ ဘာစီလိုနာ ကွင်းလယ်လူ ဖရန့်ခ် ကက်ဆီကို ခေါ်ယူဖို့ အတွက်လည်း စိတ်ဝင်စားနေပေမယ့် ဂေါ်ရက်ဇ်ကာက သူတို့ အတွက် လက်တွေ့ကျတဲ့ ပစ်မှတ် ကစားသမား ဖြစ်ပါတယ်။ အဆိုပါ ဂျာမနီ ကွင်းလယ်လူဟာ ဘေယန်မြူးနစ်နဲ့ (၂၀၂၆) ခုနှစ် အထိ စာချုပ် သက်တမ်းရှိနေပြီး သူ့အတွက် ပြောင်းရွှေ့ကြေး ယူရိုသန်း (၂၀) ဝန်းကျင် အသုံးပြုရနိုင်ပါတယ်။ ဂေါ်ရက်ဇ်ကာကို ခေါ်ယူဖို့ အတွက် မန်ချက်စတာယူနိုက်တက် ကလည်း စိတ်ဝင်စားနေကြောင်း သတင်းတွေက ဖော်ပြထားပါတယ်။

လေဗာကူဆင် နောက်ခံလူကို အငှားနဲ့ ခေါ်ယူဖို့ ဆွေးနွေးနေတဲ့ ပဲလေ့စ်

ခရစ္စတယ်ပဲလေ့စ်ဟာ ဘွန်ဒက်စ်လီဂါ ကလပ် လေဗာကူဆင်ရဲ့ ဗဟိုနောက်ခံလူ အိုဒီလွန်ကော့ဆိုနူကို ခေါ်ယူဖို့ အတွက် ဆွေးနွေးမှုတွေ ပြုလုပ်နေကြောင်း သိရပါတယ်။

ခရစ္စတယ်ပဲလေ့စ် အနေနဲ့ အဆိုပါ နောက်ခံလူကို ကနဦးအငှားနဲ့ ခေါ်ယူမှာ ဖြစ်ပြီး အဲ့ဒီနောက်မှာတော့ အပြီးသတ် ခေါ်ယူသွားမှာ ဖြစ်ပါတယ်။ အပြီးသတ် ပြောင်းရွှေ့ကြေး အဖြစ် ပေါင် (၂၄) သန်း ဝန်းကျင် အသုံးပြုရဖွယ် ရှိပြီး နှစ်သင်း အကြားမှာတော့ ဆွေးနွေးမှုတွေ ပြုလုပ်နေဆဲ ဖြစ်ပါတယ်။

ခရစ္စတယ်ပဲလေ့စ်ဟာ သူတို့ရဲ့ ဗဟိုနောက်ခံလူ ဂျိုအာချင် အန်ဒါဆန်ကို နယူးကာဆယ် ယူနိုက်တက်က ခေါ်ယူဖို့ ကြိုးစားနေတာကြောင့် အခုလိုပဲ ခံစစ်ကို အင်အား ဖြည့်တင်းဖို့ ပြင်ဆင်နေတာပါ။ ခရစ္စတယ်ပဲလေ့စ် အနေနဲ့ ကော့ဆိုနူ အပြင် ချဲလ်ဆီး နောက်ခံလူ လူးဝစ်ဟော ကိုလည်း အငှားနဲ့ ခေါ်ယူနိုင်ဖို့ အတွက် ဆွေးနွေးမှုတွေ ပြုလုပ်နေကြောင်း သတင်းတွေက ဖော်ပြလျက် ရှိပါတယ်။

အမျိုးသမီးကမ္ဘာ့ဖလား 2023

စပိန်

နယ်သာလန်

1X2 သရေ @ 3.35

စပိန် အာရှ ဟန်းဒီးကပ် -0.50 @ 1.91

ဂိုးပေါ် 2.25 @ 1.91

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဒီနေရာတွင် နှိပ်ပါ

မူအာနီရဲ့ အပြောင်းအရွှေ့ အတွက် အားကစားဒါရိုက်တာဖွင့်ဟ

ဖရန့်ဖတ် အားကစားဒါရိုက်တာ မားကပ်စ် ခရောရှေးက အသင်းရဲ့ အဓိက တိုက်စစ် ကစားသမား ရန်ဒဲလ် ကိုလိုမူအာနီရဲ့ အပြောင်းအရွှေ့ကိစ္စတွေ ဘာမှမထူးခြားသေးကြောင်း ဖွင့်ဟ ပြောကြားလာပါတယ်။

မူအာနီကို ခေါ်ယူဖို့ အတွက် ပီအက်စ်ဂျီ အပါအဝင် ဥရောပထိပ်တန်း အသင်းကြီးတွေက စိတ်ဝင်စားနေကြပါတယ်။ အသက် (၂၄) နှစ် အရွယ် အဆိုပါ ဘွန်ဒက်စ်လီဂါ တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ ရာသီမှာ အသင်း အတွက် (၂၃) ဂိုး သွင်းယူပေးနိုင်ခဲ့ပြီး ဥရောပရဲ့ တောက်ပတဲ့ ကြယ်ပွင့် အဖြစ် သတ်မှတ်ခံထားရပါတယ်။

မူအာနီရဲ့ အနာဂတ်နဲ့ ပတ်သက်လို့ ခရော့ရှေးက တစ်ချိန်လုံး ကောလာဟလတွေ ထွက်ပေါ်နေကြောင်း၊ အပြောင်းအရွှေ့ ပိတ်ခါနီးမှာ ဒီအသံတွေက ပိုမိုကျယ်လောင်လာကြောင်း၊ ဒါပေမယ့် ဘာမှထူးခြားချက် မရှိသေးဘဲ မူအာနီ အနေနဲ့လည်း ဖရန့်ဖတ်မှာ သက်သောင့်သက်သာ ဖြစ်နေတာကြောင့် ပြောစရာ မရှိသေးကြောင်း ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

This message was edited by SBOTOP on 08-Aug-2023 at 6:03 PM





   Like     
SBOTOP 08-Aug 2023 Tuesday 6:05 PM (113 days ago)            #9
OFFICIAL
Sportsbook
Representative


Posts: 24629
Liked By: 5449
Joined: 19 Mar 06
Followers: 7



Tipsters
Championship:
Player has
not started

 

မက်ဒရစ်မြို့မှာ အိမ်ရှာနေပြီ ဖြစ်တဲ့ အမ်ဘာပေး (လာလီဂါ သတင်းများ)

ဒီတစ်ခါ မှာတော့ ဩဂုတ်လ ၈ ရက်နေ့ အထိ ရရှိထားသမျှ လာလီဂါ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

မက်ဒရစ်မြို့မှာ အိမ်ရှာနေပြီ ဖြစ်တဲ့ အမ်ဘာပေး

ကီလီယန် အမ်ဘာပေဟာ ယခုနွေရာသီမှာ ရီးရဲလ်မက်ဒရစ် အသင်းကို ပြောင်းရွှေ့ဖို့ အတွက် မက်ဒရစ်မှာ အိမ်တောင် ရှာဖွေနေပြီလို့ သိရပါတယ်။ ရီးရဲလ်မက်ဒရစ် အသင်းဟာ ကနဦးတုန်းက အမ်ဘာပေးကို လာမယ့်နှစ်မှ အလွတ်နဲ့ ခေါ်ယူဖို့ စောင့်ဆိုင်းသွားမယ်လို့ ထင်ခဲ့ပေမယ့်လည်း ပြင်သစ်က သတင်းတွေအရ ပြင်သစ် တိုက်စစ်မှူးကို ယခုလမကုန်ခင်မှာပဲ ကမ်းလှမ်းမှု ပြုလုပ်သွားဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

Le Parisien ရဲ့ ဖော်ပြချက်အရ လာလီဂါ ကလပ်ဟာ ဩဂုတ်လ ၁၅ ရက်နေ့မှာ ကမ်းလှမ်းမှု ပြုလုပ်သွားချင်နေပြီး အပြောင်းအရွှေ့ကို အပြီးသတ်နိုင်အောင် ကြီးမားတဲ့ ငွေကြေးပမာဏကို သုံးစွဲသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ပီအက်စ်ဂျီက ကြယ်ပွင့် တိုက်စစ်မှူး အတွက် အနည်းဆုံး ပေါင် ၁၇၂ သန်း လိုချင်နေတာ ဖြစ်ပါတယ်။ အသက် ၂၄ နှစ် အရွယ် ကစားသမားဟာ စပိန် လာလီဂါ ထိပ်သီး အသင်းကြီးနဲ့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရရှိခဲ့ပြီး ဖြစ်တာကြောင့် ပီအက်စ်ဂျီ တိုက်စစ်မှူးနဲ့ နီးစပ်တဲ့သူတွေဟာ မက်ဒရစ်မှာ အိမ်တောင် ရှာဖွေနေပြီလို့ Marca က ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

ဒမ်ဘီလီရဲ့ အပြောင်းအရွှေ့ အတွက် ဘာစီလိုနာကို ပြစ်တင်ခဲ့တဲ့ ပီအက်စ်ဂျီ

အူစမန်နီ ဒမ်ဘီလီရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး ပီအက်စ်ဂျီ အသင်းနဲ့ ဘာစီလိုနာ အသင်း တို့ကြား တင်းမာမှုတွေက မြင့်တက်လာနေပြီး ပြောင်းရွှေ့ကြေးပမာဏ အတွက် ဘာကာနဲ့ ဒမ်ဘီလီတို့ အေးဂျင့်ကြား ဆွေးနွေးမှုတွေ ဆက်လက် ပြုလုပ်နေတယ်လို့ သိရပါတယ်။

ဒါကြောင့် ပီအက်စ်ဂျီက လာလီဂါ ကလပ်ရဲ့ ဒမ်ဘီလီ အပြောင်းအရွှေ့ အပေါ် ကိုင်တွယ်မှုကို ပွင့်ပွင့်လင်းလင်းပဲ ပြစ်တင်ဝေဖန်ခဲ့တာ ဖြစ်ပါတယ်။

ဒမ်ဘီလီရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သတ်လို့ ဘာစီလိုနာကို အပြစ်တင်ခဲ့တဲ့ ပီအက်စ်ဂျီ

ရလဒ် အနေနဲ့ ပြင်သစ် တောင်ပံကစားသမား ဆေးစစ်မှု ခံယူဖို့ အတွက် လိုအပ်တဲ့ စာရွက်စာတမ်းတွေ ပေးပို့ဖို့ နှောင့်နှေးနေတာ ဖြစ်ပါတယ်။ ဒါကြောင့် ပီအက်စ်ဂျီက လာလီဂါ ကလပ်ရဲ့ ဒမ်ဘီလီ အပြောင်းအရွှေ့အပေါ် ကိုင်တွယ်မှုကို ပွင့်ပွင့်လင်းလင်းပဲ ပြစ်တင်ဝေဖန်ခဲ့တာ ဖြစ်ပါတယ်။

Sports Zone ရဲ့ ဖော်ပြချက်အရ ပီအက်စ်ဂျီ အသင်းတာဝန်ရှိသူတွေဟာ ကတ်တလန် အသင်းရဲ့ အပြုအမူကို စိတ်ပျက်ဖွယ် ကောင်းတယ်လို့ တံဆိပ်ကပ်ခဲ့ပြီး ရယ်စရာကောင်းသလို အထင်အမြင်သေးကြောင်း ထုတ်ဖော် ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ ပီအက်စ်ဂျီက စာရွက်စာတမ်းတွေ အချိန်မီ မပေးပို့နိုင်ဘူး ဆိုရင် စာချုပ်ပါ အချက်အရ ဒမ်ဘီလီဟာ အလွတ်နဲ့ ထွက်ခွာနိုင်တယ် ဆိုတာကို သတိပေးခဲ့တယ်လို့ သိရပါတယ်။

ကြောက်မက်ဖွယ် ဖျက်ထုတ်မှုကြောင့် ဆေးရုံရောက်ခဲ့တဲ့ ဆီမြွန်နီရဲ့သား

အက်သလက်တီကို မက်ဒရစ်နည်းပြ ဒီယေဂို ဆီမြွန်နီရဲ့ သား ဂူလီယာနို ဆီမြွန်နီဟာ အလာဗက်စ် အတွက် ပါဝင်ကစားပေးခဲ့တဲ့ ပွဲစဉ်အတွင်း ကြောက်မက်ဖွယ် ဖျက်ထုတ်ခံရပြီးနောက် ဆေးရုံကို ပို့ဆောင်ခဲ့ရပါတယ်။

ဂူလီယာနို ဆီမြွန်နီဟာ အက်သလက်တီကို မက်ဒရစ် အသင်း ကနေ အလာဗက်စ်ကို အငှားထွက်ကစားနေတာ ဖြစ်ပြီး ဘားဂို့စ်နဲ့ ကစားခဲ့တဲ့ ခြေစမ်းပွဲစဉ်အတွင်း နာကျင်မှုကြောင့် လဲကျသွားခဲ့တာ ဖြစ်ပါတယ်။ အသက် ၂၀ အရွယ် ရှိပြီ ဖြစ်တဲ့ ဆီမြွန်နီဟာ ပွဲကစားချိန် ပြီးဆုံးခါနီးမှာ ညာတောင်ပံကနေ ပြေးလွှားနေချိန်မှာ ဖျက်ထုတ်ခံခဲ့ရတာ ဖြစ်ပြီး ဟိုဆေး မာတို့စ်ကို အဝါကတ်ပြား ပြသခဲ့တာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ်

ဘန်လေ

မန်ချက်စတာစီးတီး

1X2 ဘန်လေ @ 7.60

ဂိုးပေါ် 3.00 @ 2.09

ဂိုးပေါင်း 0-1 @ 4.30

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဒီနေရာတွင် နှိပ်ပါ

အလွန်အမင်း နာကျင်တဲ့ ဆီမြွန်နီဆီကို အလာဗက်စ် ကစားသမားတွေက ပြေးလာခဲ့ကြပြီး ဆေးအဖွဲ့ ကလည်း လူးလှိမ့်နေတဲ့ အသက် ၂၀ အရွယ် ကစားသမားကို ကုသဖို့ ကွင်းထဲကို အလျင်အမြန် ပြေးဝင်လာတာ ဖြစ်ပါတယ်။ ဆီမြွန်နီဟာ ဘယ်ဖက်ခြေထောက်ကို လေထဲမှာ မြှောက်ထားခဲ့ပြီး ဗီဒီယိုဖိုင်ထဲမှာ မြင်တွေ့ရချက်အရ ခြေကျင်းဝတ် ကနေ ကျိုးသွားခဲ့ပုံနဲ့ ပုံပျက်ပန်းပျက် ဖြစ်နေတာကို မြင်တွေ့ခဲ့ရပြီး အလာဗက်စ်အသင်းသား အများအပြားဟာ ပြင်းထန်တဲ့ ဒဏ်ရာကို မယုံနိုင်ခဲ့ကြတာ ဖြစ်ပါတယ်။ မကြာခင်မှာပဲ လူနာတင်ယာဥ် ဝင်လာပြီး ဆီမြွန်နီကို ဆေးရုံကို အလျင်အမြန် ပို့ဆောင်ပေးခဲ့တာ ဖြစ်ပြီး လက်ရှိမှာတော့ အသက် ၂၀ အရွယ် တိုက်စစ်မှူးဟာ တစ်ရာသီလုံးကို လွဲချော်ဖွယ် ရှိတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။ ဆီမြွန်နီကို မတော်တဆ ဖျက်ထုတ်မှု ကြမ်းတမ်းခဲ့တဲ့ မားတို့စ်ကလည်း အဖြစ်အပျက်ကို မြင်တွေ့ခဲ့ရပြီးနောက် ငိုကြွေးခဲ့ပြီး ဆီမြွန်နီ ထွက်သွားချိန်မှာ ဘားဂို့စ်က ၂-၁ နဲ့ ဦးဆောင်နေတာ ဖြစ်ပါတယ်။

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

This message was edited by SBOTOP on 08-Aug-2023 at 6:05 PM





   Like     
SBOTOP 18-Aug 2023 Friday 4:53 PM (104 days ago)            #10
OFFICIAL
Sportsbook
Representative


Posts: 24629
Liked By: 5449
Joined: 19 Mar 06
Followers: 7



Tipsters
Championship:
Player has
not started

 

ရန်းစ်ကို ပြောင်းရွှေ့သွားခဲ့တဲ့ ရိုးမား ကွင်းလယ်လူ မာတစ် (စီးရီးအေ သတင်းများ)

ဒီတစ်ခါ မှာတော့ ဩဂုတ်လ ၁၆ ရက်နေ့ အထိ ရရှိထားသမျှ စီးရီးအေ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

ရန်းစ်ကို ပြောင်းရွှေ့သွားခဲ့တဲ့ ရိုးမား ကွင်းလယ်လူ မာတစ်

စီးရီးအေ ကလပ် ရိုးမားရဲ့ ကွင်းလယ်လူ နီမန်ဂျာ မာတစ်ဟာ ပြင်သစ် လီဂူးဝမ်း ကလပ် ရန်းစ်ကို ပြောင်းရွှေ့သွားခဲ့ကြောင်း သိရှိရပါတယ်။ အသက် (၃၅) နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ မာတစ် အတွက် ရန်းစ်တို့ ပြောင်းရွှေ့ကြေး ယူရို (၃) သန်း ပေးချေခဲ့ရပါတယ်။ မာတစ်ရဲ့ ပြောင်းရွှေ့မှုက မထင်မှတ်တဲ့ အပြောင်းအရွှေ့ တစ်ခု ဖြစ်ခဲ့ပြီး ပရိသတ်တွေ အားလုံးလည်း အံ့အားသင့်ခဲ့ရပါတယ်။

ပရီးမီးယားလိဂ်

မန်ချက်စတာစီးတီး

နယူးကာဆယ် ယူနိုက်တက်

1X2 နယူးကာဆယ် ယူနိုက်တက် @ 4.70

မန်ချက်စတာစီးတီး အာရှ ဟန်းဒီးကပ် -1.00 @ 2.13

ဂိုးပေါ် 2.75 @ 1.94

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဒီနေရာတွင် နှိပ်ပါ

မန်ချက်စတာယူနိုက်တက် ကွင်းလယ်လူဟောင်းဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ကမှ ရိုးမားကို ရောက်ရှိလာခဲ့တာ ဖြစ်ပြီး အသင်း အတွက် ပြိုင်ပွဲစုံ ပွဲပေါင်း (၅၀) ကစားပေးခဲ့ပါတယ်။

ရိုးမားဟာ လက်ရှိနွေရာသီ အပြောင်းအရွှေ့မှာ ဟူဆန် အာဝါး၊ လီအန်ဒရို ပါရီဒက်စ် တို့လို ကွင်းလယ် ကစားသမားတွေကို ခေါ်ယူနိုင်ခဲ့တဲ့နောက် အခုလိုပဲ ဝါရင့် ကွင်းလယ်လူကြီး မာတစ်ကို ပြန်လည် လက်လွှတ်ခံခဲ့တာ ဖြစ်ပါတယ်။

အင်တာမီလန်မှာ ဆက်နေဖို့ ဆန်စီ ဆန္ဒရှိနေ

အင်တာမီလန် ကွင်းလယ်လူ စတီဖန်နို ဆန်စီဟာ အသင်းမှာပဲ ဆက်နေဖို့ ဆန္ဒရှိနေကြောင်း ကစားသမားရဲ့ အေးဂျင့် ဖြစ်သူက ထုတ်ဖော် ပြောကြားခဲ့ပါတယ်။ အဆိုပါ ကွင်းလယ်လူဟာ ပြီးခဲ့တဲ့ရာသီက စီးရီးအေ ကလပ် အသင်း တစ်သင်းပဲ ဖြစ်တဲ့ မွန်ဇာမှာပဲ အငှားနဲ့ သွားရောက် ကစားခဲ့ရပါသေးတယ်။

ဆန်စီဟာ အင်တာမီလန်နည်းပြ ဖိလစ်ပီ အင်ဇာဂီရဲ့ အနာဂတ် စီမံကိန်းထဲမှာ မပါဝင်တော့ဘူးလို့ သိရှိရပေမယ့် အသင်းမှာပဲ ဆက်နေဖို့ ဆန္ဒရှိနေတာပါ။

ကစားသမားရဲ့ အေးဂျင့် ဘတ်ပီရီဆို ကလည်း ပြီးခဲ့တဲ့ရာသီမှာ ဆန်စီက ပွဲပေါင်း (၃၀) အထိ ကစားပေးခဲ့ကြောင်း၊ အခုလိုမျိုး အင်တာမီလန်ကို သူပြန်ရောက်လာတဲ့ အတွက် ပျော်ရွှင်မိကြောင်း၊ သူက ပုံစံကောင်း တစ်ရပ်မှာ ရှိနေပြီး အင်တာမီလန် ကလည်း သူနဲ့ ပတ်သက်လို့ ပျော်ရွှင်နေကြောင်း ပြောကြားသွားခဲ့ပါတယ်။

ဆော်ဒီမြေကို ပြောင်းရွှေ့သွားခဲ့တဲ့ အတ္တလန္တာ နောက်ခံလူ

စီးရီးအေ ကလပ် အတ္တလန္တာရဲ့ နောက်ခံလူ ဒီမီရယ်လ်ဟာ ဆော်ဒီအာရေဗျ ကလပ် အယ်လ်အာလီကို ပြောင်းရွှေ့သွားခဲ့ပြီ ဖြစ်ကြောင်း တရားဝင် ကြေညာခဲ့ပါတယ်။

ဒီမီရယ်ကို ယူရို ၁၈ သန်းနဲ့ ခေါ်ယူခဲ့တဲ့ ဆော်ဒီ ပရိုလိဂ် ကလပ် အယ်လ်အာလီ

စီးရီးအေ ကလပ် အတ္တလန္တာရဲ့ နောက်ခံလူ ဒီမီရယ်လ်ဟာ ဆော်ဒီအာရေဗျ ကလပ် အယ်လ်အာလီကို ပြောင်းရွှေ့သွားခဲ့ပြီ ဖြစ်ကြောင်း တရားဝင် ကြေညာခဲ့ပါတယ်။ အယ်လ်အာလီဟာ တူရကီလူမျိုး နောက်ခံလူ ဒီမီရယ်လ် အတွက် ပြောင်းရွှေ့ကြေး ယူရို (၁၈) သန်း ပေးချေခဲ့ရပြီး အပြောင်းအရွှေ့ ကိစ္စရပ်တွေ အားလုံးက ပြီးမြောက် အောင်မြင်သွားခဲ့ပါပြီ။

ဒီမီရယ်လ်ကို ခေါ်ယူဖို့ အတွက် ပရီးမီးယားလိဂ် ကလပ် နှစ်သင်း ကလည်း စိတ်ဝင်စားခဲ့တယ်လို့ သတင်းထွက်ခဲ့ပေမယ့် အယ်လ်အာလီက ကစားသမား အတွက် အစောဆုံး လက်ဦးမှု ရယူနိုင်ခဲ့တာပါ။

ယူရို (၁၈) သန်းဆိုတဲ့ ပြောင်းရွှေ့ကြေး ပမာဏမှာ အပိုဆုကြေး ပါဝင်ခြင်းရှိ၊ မရှိဆိုတာ ကိုတော့ နှစ်သင်းစလုံးဘက်က အတည်ပြုထားခြင်း မရှိဘဲ အယ်လ်အာလီ အနေနဲ့ ယူရို (၁၈) သန်းကို တစ်ကြိမ်တည်း အပြီးပေးချေခဲ့ကြောင်းလည်း သိရှိရပါတယ်။

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

This message was edited by SBOTOP on 18-Aug-2023 at 4:53 PM





   Like     
SBOTOP 18-Aug 2023 Friday 4:55 PM (104 days ago)            #11
OFFICIAL
Sportsbook
Representative


Posts: 24629
Liked By: 5449
Joined: 19 Mar 06
Followers: 7



Tipsters
Championship:
Player has
not started

 

အိုးထရက်ဖို့ဒ်မှာပဲ ဆက်နေဖို့ ပြင်နေတဲ့ မက်ဂွိုင်းယား (ပရီးမီးယားလိဂ် သတင်းများ)

ဒီတစ်ခါ မှာတော့ ဩဂုတ်လ ၁၆ ရက်နေ့ အထိ ရရှိထားသမျှ ပရီးမီးယားလိဂ် သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

အိုးထရက်ဖို့ဒ်မှာပဲ ဆက်နေဖို့ ပြင်နေတဲ့ မက်ဂွိုင်းယား

ပရီးမီးယားလိဂ် ထိပ်သီး မန်ချက်စတာယူနိုက်တက် အသင်းခေါင်းဆောင်ဟောင်း ဟယ်ရီ မက်ဂွိုင်းယားဟာ အိုးထရက်ဖို့ဒ် မှာပဲ ဆက်နေသွားဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

အသက် ၃၀ အရွယ် နောက်ခံကစားသမား အတွက် ဝက်စ်ဟမ်းရဲ့ ပေါင်သန်း ၃၀ နဲ့ ကမ်းလှမ်းမှုကို မန်ချက်စတာယူနိုက်တက်က ပြီးခဲ့တဲ့ အပတ်မှာ လက်ခံခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း မက်ဂွိုင်းယားက သဘောတူညီမှု မပေးသေးတာကြောင့် အပြောင်းအရွှေ့ ပျက်ပြယ်သွားခဲ့ပြီ ဖြစ်ပြီး ဝက်စ်ဟမ်းက နောက်ထပ် ကစားသမားသစ်ကို ရှာဖွေနေပြီ ဖြစ်ပါတယ်။

မက်ဂွိုင်းယားဟာ မန်ချက်စတာယူနိုက်တက်က ချန်ပီယံလိဂ် ဝင်ခွင့်ရရှိခဲ့ပြီးနောက် လစာ အပြည့် ပြန်လည် ရရှိမှာ ဖြစ်ပြီး ဝက်စ်ဟမ်းကို ပြောင်းရွှေ့မယ် ဆိုရင် ပိုမိုနည်းပါးတဲ့ လုပ်ခလစာ ရရှိမှာ ဖြစ်တာကြောင့် အသင်းကနေ ထွက်ခွာလိုခြင်း မရှိဘဲ ကစားသမားနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်ရဲ့ ပြောကြားချက်အရ အင်္ဂလန် နောက်ခံလူဟာ အိုးထရက်ဖို့ဒ်မှာ အခြေကျနေပြီလို့ ခံစားနေရကြောင်း သိရပါတယ်။

လာဗီယာကို ခေါ်နိုင်မယ် ထင်တဲ့ အသင်းကို ပြောပြခဲ့တဲ့ ဆောက်သမ်တန် ဘောလုံးဒါရိုက်တာ

ဆောက်သမ်တန် ဘောလုံးဒါရိုက်တာက လစ်ဗာပူးလ် ဆီကနေ ကမ်းလှမ်းမှုကို လက်ခံခဲ့ပေမယ့်လည်း ရိုမီယို လာဗီယာ အတွက် အပြောင်းအရွှေ့ပြိုင်ပွဲမှာ ချဲလ်ဆီးက အနိုင်ရသွားမယ်လို့ မျှော်မှန်းထားပါတယ်။

ပရီးမီးယားလိဂ် ထိပ်သီး အသင်း ၂ သင်းဟာ ဆောက်သမ်တန်က တန်းဆင်းသွားခဲ့ပေမယ့်လည်း ပြီးခဲ့တဲ့ရာသီမှာ အထင်ကြီးဖွယ် ခြေစွမ်းပြသခဲ့တဲ့ လာဗီယာကို ခေါ်ယူဖို့ အတွက် တိုက်ပွဲဝင်နေကြတာ ဖြစ်ပါတယ်။ လစ်ဗာပူးလ်က ဘရိုက်တန် ကြယ်ပွင့် ကိုင်ဆေဒိုကို ချဲလ်ဆီးရဲ့ လက်ဦးမှုရယူခြင်း ခံခဲ့ရပြီး ဖြစ်ပြီး လာဗီယာ ကိုလည်း အလားတူပဲ ဆုံးရှုံးရတော့မယ့်ပုံပေါ်နေတာ ဖြစ်ပါတယ်။

ဆောက်သမ်တန် ဘောလုံးဒါရိုက်တာ ဂျေဆင် ဝီလ်ကော့စ်က လာဗီယာအတွက် လစ်ဗာပူးလ်က ကမ်းလှမ်းခဲ့ပေမယ့်လည်း ချဲလ်ဆီးက အသက် ၁၉ နှစ်အရွယ်ကစားသမားကို ခေါ်ယူမယ့်ပြိုင်ပွဲမှာ ဦးဆောင်နေတယ်လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

ဒဏ်ရာရခဲ့ပြီးနောက် ပထမဆုံး အကြိမ် ပရိသတ်တွေကို သတင်းစကားပါးခဲ့တဲ့ အန်ကွန်ကူ

ချဲလ်ဆီး တိုက်စစ်မှူး ခရစ္စတိုဖာ အန်ကွန်ကူက ပရီးမီးယားလိဂ် ရာသီအစကို လွဲချော်ခဲ့တဲ့ အတွက် အရမ်း စိတ်ပျက်ခဲ့ပေမယ့်လည်း ပိုပြီး သန်မာတဲ့ ပုံစံနဲ့ ပြန်လာမယ်လို့ ကတိပေးခဲ့ပါတယ်။

ရာသီ အစမှာတင်ပဲ ဒဏ်ရာကြောင့် အနားယူရတော့မယ့် အန်ကွန်ကူ

ချဲလ်ဆီး တိုက်စစ်မှူး ခရစ္စတိုဖာ အန်ကွန်ကူက ပရီးမီးယားလိဂ် ရာသီအစကို လွဲချော်ခဲ့တဲ့ အတွက် အရမ်း စိတ်ပျက်ခဲ့ပေမယ့်လည်း ပိုပြီး သန်မာတဲ့ ပုံစံနဲ့ ပြန်လာမယ်လို့ ကတိပေးခဲ့ပါတယ်။

အန်ကွန်ကူဟာ ဒူးဒဏ်ရာကို ခွဲစိတ်ကုသမှု ခံယူခဲ့ပြီးနောက် မူလမျှော်မှန်းထားတာထက် အချိန်ပိုကြာကြာ အနားယူရမှာ ဖြစ်တယ်လို့ ချဲလ်ဆီးက ပြီးခဲ့တဲ့ အပတ်မှာ အတည်ပြု ပြောကြားခဲ့တာ ဖြစ်ပါတယ်။ လိုက်ပ်ဇစ် ကနေ ယခုနွေရာသီ အစောပိုင်းမှာ ပေါင် ၅၂ သန်းနဲ့ ပြောင်းလာတဲ့ အသက် ၂၅ နှစ် အရွယ် ကစားသမားဟာ ဒေါ့မန်နဲ့ ကစားခဲ့တဲ့ ရာသီကြို ခြေစမ်းပွဲမှာ ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။

အန်ကွန်ကူဟာ ရာသီကြို ၅ ပွဲမှာ ၃ ဂိုးအထိ သွင်းယူပေးခဲ့ပြီး အထင်ကြီးဖွယ် ခြေစွမ်းပြသနိုင်ခဲ့ပေမယ့်လည်း ဒဏ်ရာကြောင့် ဒီဇင်ဘာလ အထိ အသင်းရဲ့ ပွဲစဉ်တွေကို လွဲချော်ဖွယ်ရှိနေတာ ဖြစ်ပါတယ်။

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

This message was edited by SBOTOP on 18-Aug-2023 at 4:55 PM





   Like     
SBOTOP 31-Aug 2023 Thursday 7:17 PM (90 days ago)            #12
OFFICIAL
Sportsbook
Representative


Posts: 24629
Liked By: 5449
Joined: 19 Mar 06
Followers: 7



Tipsters
Championship:
Player has
not started

 

ချဲလ်ဆီးမှာ ခြေစွမ်းမပြနိုင်တဲ့ ကူကူရယ်လာကို လိုချင်နေတဲ့ တန်ဟက်ဂ် (ပရီးမီးယားလိဂ် သတင်းများ)

ဒီတစ်ခါ မှာတော့ ဩဂုတ်လ ၃၁ ရက်နေ့ အထိ ရရှိထားသမျှ ပရီးမီးယားလိဂ် သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

ချဲလ်ဆီးမှာ ခြေစွမ်းမပြနိုင်တဲ့ ကူကူရယ်လာကို လိုချင်နေတဲ့ တန်ဟက်ဂ်

မန်ချက်စတာယူနိုက်တက် နည်းပြ အဲရစ် တန်ဟက်က ပရီးမီးယားလိဂ် ပြိုင်ဘက် ချဲလ်ဆီးမှာ နေရာမရဖြစ်နေတဲ့ နောက်ခံလူ မာ့စ် ကူကူရယ်လာကို ပစ်မှတ်ထားလာခဲ့ပါတယ်။ လုခ်ရှောဟာ ပြီးခဲ့တဲ့ အပတ်မှာ ရရှိခဲ့တဲ့ ကြွက်သားဒဏ်ရာကြောင့် နိုဝင်ဘာလ အထိ အနားယူရတော့မှာ ဖြစ်ပါတယ်။

ချဲလ်ဆီး နောက်ခံလူ ကူကူရယ်လာ၊ စပါးစ်နောက်ခံလူ ရီဂူလွန်၊ ဘာစီလိုနာ နောက်ခံလူ မားကို့စ် အလွန်ဆိုတို့ အားလုံးဟာ တန်ဟက်ဂ်ရဲ့ ပစ်မှတ် စာရင်းထဲမှာ ပါဝင်ခဲ့တာ ဖြစ်ပြီး စတန်းဖို့ဒ်ဘရစ်ချ်မှာ ခြေစွမ်းမပြသနိုင်တာကြောင့် နေရာမရ ဖြစ်နေတဲ့ စပိန် နောက်ခံလူကို စိတ်ဝင်စားမှုက အများစု အတွက် အံ့အားသင့်စရာ ဖြစ်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဂျရတ် ရိုမဲရိုးရဲ့ ပြောကြားချက်အရ အဲရစ်ခ် တန်ဟက်ဂ်ဟာ ကူကူရယ်လာကို ကာလရှည် သဘောကျ နှစ်သက်နေခဲ့တာ ဖြစ်ပြီး ၂၀၂၀ ဖေဖော်ဝါရီတုန်းက ယူရိုပါလိဂ်မှာ ဂီတာဖေးနဲ့ ကစားခဲ့တဲ့ ပွဲစဉ်ကတည်းက အဲဒီအချိန်တုန်းက အေဂျက်စ် နည်းပြ ဖြစ်ခဲ့တဲ့ မန်ယူနိုက်တက် နည်းပြနဲ့ ၎င်းရဲ့ နည်းပြ အဖွဲ့ဝင်တွေက အသက် ၂၅ နှစ် အရွယ် နောက်ခံလူကို သဘောကျခဲ့တာလို့ သိရပါတယ်။

ဗာရန်း ကိုပါ ထပ်မံ ဆုံးရှုံးခဲ့ရတဲ့ မန်ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်ဟာ မေဆန် မောင့်ကို ဒဏ်ရာကြောင့် ဆုံးရှုံးခဲ့ရပြီးနောက် နောက်ထပ် အဓိက ကစားသမား တစ်ဦး ဖြစ်တဲ့ ရာဖေးလ် ဗာရန်း ကိုပါ မဖော်ပြနိုင်တဲ့ ဒဏ်ရာကြောင့် ရက်သတ္တပတ် အနည်းငယ် ဆုံးရှုံးရမှာ ဖြစ်တယ်လို့ ယနေ့မှာ အတည်ပြုခဲ့ပါတယ်။

ဗာရန်းဟာ နော်တင်ဟမ်ဖောရက်စ်ကို ၃-၂ နဲ့ အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ပထမပိုင်း အပြီးမှာပဲ လူစားလဲခံခဲ့ရတာ ဖြစ်ပါတယ်။

နော်တင်ဟမ်ဖောရက်စ်နဲ့ ပွဲမှာ လူစားလဲခံခဲ့ရတဲ့ မန်ချက်စတာယူနိုက်တက်

ဗာရန်းဟာ နော်တင်ဟမ်ဖောရက်စ်ကို ၃-၂ နဲ့ အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ပထမပိုင်း အပြီးမှာပဲ လူစားလဲခံခဲ့ရတာ ဖြစ်ပါတယ်။ လုခ်ရှောနဲ့ မေဆန် မောင့် တို့ကို ရာသီအဖွင့် ရက်သတ္တပတ်မှာပဲ ဒဏ်ရာကြောင့် ဆုံးရှုံးခဲ့ရပြီး ဖြစ်ပါတယ်။

ဗာရန်းရဲ့ ဒဏ်ရာကြောင့် မန်ချက်စတာယူနိုက်တက်ဟာ ဗဟိုခံစစ်နေရာ အတွက် လင်ဒီလော့ဖ်နဲ့ မက်ဂွိုင်းယား တို့သာ ရွေးချယ်စရာ ရှိတော့တာ ဖြစ်ပြီး လာမယ့် အပတ်မှာ အာဆင်နယ် အိမ်ကွင်းကို သွားရောက်ယှဉ်ပြိုင်ရမယ့်ပွဲ မတိုင်ခင် သတင်းဆိုးကို ကြားခဲ့ရတာ ဖြစ်ပါတယ်။

ဗန်ဒိုက်ခ် ဘယ်လောက်ကြာကြာ ပွဲပယ်ခံရနိုင်သလဲ ဆိုတာ သဲလွန်စပေးခဲ့တဲ့ ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ်ဟာ တနင်္ဂနွေနေ့က နယူးကာဆယ်နဲ့ ပွဲစဉ်မှာ အနီကတ် ပြသခံခဲ့ရတဲ့ ဗာဂျယ် ဗန်ဒိုက်ခ် အနေနဲ့ ဘယ်လောက် အထိ ပွဲပယ်ခံရနိုင်လဲ ဆိုတာကို သဲလွန်စပေးခဲ့ပါတယ်။

အသက် ၃၂ နှစ် အရွယ် နောက်ခံလူဟာ ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်ကို ဒေါသတကြီးနဲ့ တုံ့ပြန်ခဲ့ပြီးနောက် VAR က ဆုံးဖြတ်ချက်ကို ပြန်မပြင်ဖို့ ဆုံးဖြတ်ခဲ့ချိန်မှာ ပိုလို့တောင် ဒေါသထွက်ခဲ့တာ ဖြစ်ပါတယ်။ ဗန်ဒိုက်ခ်ဟာ ဒိုင်လူကြီး ဘရွတ်ခ်စ်ကို လက်ညှိုး ငေါက်ငေါက်ထိုးပြီး ကွင်းထဲကနေ ထွက်ခွာဖို့ ငြင်းဆန်ပြီးနောက် ဆက်လက် စောဒကတက်နေခဲ့တာ ဖြစ်ပြီး ပြီးတဲ့နောက်မှသာ ကွင်းထဲကနေ ထွက်သွားခဲ့တာ ဖြစ်ပါတယ်။

ဒတ်ချ် နောက်ခံလူဟာ ယခုရာသီမှာ စည်းမျဉ်းသစ်တွေနဲ့ အကာအကွယ်ပေးမှုတွေ ပိုမိုရရှိထားတဲ့ ဒိုင်လူကြီးကို ဒေါသတကြီး တုံ့ပြန်ခဲ့တဲ့ အတွက် အက်ဖ်အေရဲ့ နောက်ထပ် ပွဲပယ် ပြစ်ဒဏ် ချမှတ်ခံရနိုင်တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပြီးနောက် လက်ရှိ မှာတော့ ပရီးမီးယားလိဂ်က လစ်ဗာပူးလ် ကြယ်ပွင့် အနေနဲ့ ဘယ်လောက်ကြာကြာ ပွဲပယ်ခံရနိုင်လဲ ဆိုတာကို သဲလွန်စပေးခဲ့ပြီ ဖြစ်ပါတယ်။ ရှင်းလင်းတဲ့ ဂိုးသွင်းခွင့်ကို ငြင်းပယ်မှုကြောင့် ပြသတဲ့ တိုက်ရိုက် အနီကတ် အတွက် ပရီးမီးယားလိဂ်မှာ သတ်မှတ်ထားတဲ့ စံနှုန်းအရ ၁ ပွဲပယ်ခံရမှာ ဖြစ်ပြီး ပြင်းထန်တဲ့ အပြုအမူ သို့မဟုတ် အန္တရာယ်ရှိတဲ့ ဖျက်ထုတ်မှု ဖြစ်ရင်တော့ ၃ ပွဲနဲ့ ၃ ပွဲနဲ့ အထက် ပွဲပယ်ခံရနိုင်ပါတယ်။

အနီကတ်ပြသခံရပြီးနောက် နောက်ဆက်တွဲ အငြင်းပွားမှုက ၂ ပွဲပယ် ပြစ်ဒဏ် ကျခံရနိုင်တယ်လို့ စည်းမျဉ်းထဲမှာ ဖော်ပြထားပါတယ်။ ဒါပေမယ့်လည်း ပရီးမီးယားလိဂ်ရဲ့ တရားဝင် ဖန်တက်ဆီ ဝက်ဘ်ဆိုက် မှာတော့ ဗန်ဒိုက်ခ်ကို စက်တင်ဘာ ၁၆ ရက်နေ့ အထိ ပွဲပယ်စာရင်းထဲမှာ ထည့်သွင်းထားတာ ဖြစ်ပါတယ်။ ဒီကြားထဲမှာ နိုင်ငံတကာပွဲစဉ် အားလပ်ရက် ရှိသေးတာ ဖြစ်ပြီး လစ်ဗာပူးလ်ဟာ တနင်္ဂနွေနေ့မှာ အက်စတွန်ဗီလာကို အိမ်ကွင်းမှာ လက်ခံ ယှဉ်ပြိုင်သွားရမှာ ဖြစ်ပြီး ဗန်ဒိုက်ခ်ဟာ အဲဒီပွဲကို ပွဲပယ်ပြစ်ဒဏ်ကြောင့် ကျိန်းသေပေါက် လွဲချော်နိုင်ပြီး အသက် ၃၂ နှစ် အရွယ် ကစားသမားဟာ တစ်ပွဲပယ် ပြစ်ဒဏ်ကြောင့် စက်တင်ဘာ ၁၆ ရက်နေ့ ဝုဗ် အိမ်ကွင်းကို သွားရောက်ရမယ့် ပွဲစဉ်မှ ပြန်လည် ပါဝင်ကစားပေးနိုင်မှာ ဖြစ်ပါတယ်။

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

This message was edited by SBOTOP on 31-Aug-2023 at 7:17 PM





   Like     
SBOTOP 31-Aug 2023 Thursday 7:18 PM (90 days ago)            #13
OFFICIAL
Sportsbook
Representative


Posts: 24629
Liked By: 5449
Joined: 19 Mar 06
Followers: 7



Tipsters
Championship:
Player has
not started

 

ဇာဗီရဲ့ နည်းဗျူဟာကို ဝေဖန်လိုက်တဲ့ လီဝမ်ဒေါစကီး (လာလီဂါ သတင်းများ)

ဒီတစ်ခါ မှာတော့ ဩဂုတ်လ ၃၁ ရက်နေ့ အထိ ရရှိထားသမျှ လာလီဂါ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

ဇာဗီရဲ့ နည်းဗျူဟာကို ဝေဖန်လိုက်တဲ့ လီဝမ်ဒေါစကီး

ဘာစီလိုနာ ကြယ်ပွင့် တိုက်စစ်မှူး ရောဘတ် လီဝမ်ဒေါစကီးက နည်းပြ ဇာဗီရဲ့ နည်းဗျူဟာကို ဝေဖန် ပြစ်တင်ခဲ့ပြီး တိုက်စစ် ကစားသမားတွေကို လုံလုံလောက်လောက် ပွဲထွက်ကစားခွင့်မပေးဘူးလို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

လီဝမ်ဒေါစကီးက လာလီဂါ ၃ ပွဲ ပါဝင် ကစားပေးထားရာမှာ ၁ ဂိုး သွင်းယူထားပြီး အချိန် တော်တော်များများမှာ ဘေယန်မြူးနစ်မှာတုန်းက ရရှိခဲ့တဲ့ အထောက်အပံ့မျိုး မရရှိခဲ့ဘူးလို့ ခံစားနေရတာ ဖြစ်ပါတယ်။

အသက် ၃၅ နှစ် အရွယ် တိုက်စစ်မှူးဟာ ဖာရန်း တောရက်စ်နဲ့ အန်ဆူ ဖာတီတို့ အရန်ခုံ ကနေ ဝင်ကစားတဲ့ အချိန်မှာ အသင်းကစားပုံက မကြာခဏ သိသိသာသာ တိုးတက်လာတယ်လို့ ပြောဆိုခဲ့ပါတယ်။ အဲ့နောက် တိုက်စစ် ကစားသမားတွေ လုံလောက်အောင် မရှိတာကြောင့် ကိုယ့်ဘာသာ အခွင့်အရေး ဖန်တီးနေရတဲ့ အတွက် နည်းပြ ဇာဗီကို တိုက်စစ်ကစားသမား လုံလုံလောက်လောက် ထည့်သွင်း ကစားပေးဖို့ တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

ဗင်နီစီးယက်စ် ဒဏ်ရာရပြီးနောက် ယူရိုသန်း ၈၀ တန် တိုက်စစ်မှူးကို ခေါ်ယူမယ့် ရီးရဲလ်မက်ဒရစ်

ရီးရဲလ်မက်ဒရစ်ဟာ ကြယ်ပွင့် တိုက်စစ်မှူး ဖြစ်တဲ့ ဗင်နီစီးယက်စ် ဂျူနီယာက ကြွက်သား ဒဏ်ရာကြောင့် ရက်သတ္တပတ် ၆ ပတ်လောက် အထိ လွဲချော်ဖွယ် ရှိနေပြီး အဲဒီကာလ အတွင်းမှာ အရေးကြီးတဲ့ ပွဲစဉ်တွေ ကစားရမှာ ဖြစ်တာကြောင့် တိုက်စစ်မှူးသစ် ခေါ်ယူဖို့ ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။

ဂျူဗင်တပ်စ် တိုက်စစ်မှူး ဒူဆန် ဗလာဟိုဗစ်ဟာ တူရင် ကနေ ထွက်ခွာဖို့ သတင်းတွေ ထွက်ပေါ်နေခဲ့တဲ့ ကစားသမား ဖြစ်ပြီး ဆားဘီးယား တိုက်စစ်မှူးရဲ့ အရည်အသွေးပိုင်းက မေးခွန်းထုတ်စရာ မရှိပေမယ့် တူရင်မှာ အကောင်းဆုံး ပုံစံရဖို့ ရုန်းကန်နေခဲ့ရတာ ဖြစ်ပါတယ်။ ဂျူဗင်တပ်နည်းပြ အယ်လီဂရီရဲ့ ကစားဟန်က ဗလာဟိုဗစ်ချ် အတွက် အံမဝင်ဘူး ဆိုတဲ့ ခံစားချက်တွေ ရှိနေပြီး ဖီအိုရင်တီးနား ကြယ်ပွင့်ဟောင်းဟာ ရီးရဲလ်မက်ဒရစ် အတွက် တော်တော်လေး ကောင်းမွန်တဲ့ ခေါ်ယူမှု ဖြစ်လာနိုင်ပါတယ်။

ဒါပေမယ့်လည်း ရီးရဲလ်မက်ဒရစ် အနေနဲ့ အပြောင်းအရွှေ့စျေးကွက် နောက်ဆုံး ရက်ပိုင်းမှာ ဒီလို ကြီးမားတဲ့ အပြောင်းအရွှေ့ကို ပြုလုပ်နိုင်ပါ့မလားဆိုတာကလည်း စဉ်းစားစရာ ဖြစ်ပါတယ်။ လာလီဂါ ကလပ်က လိုချင်တဲ့ ဗလာဟိုဗစ် အတွက် ဂျူဗင်တပ်စ်က ပြောင်းရွှေ့ကြေးကို ယူရိုသန်း ၈၀ သတ်မှတ်ထားတာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ်

ရှက်ဖီး ယူနိုက်တက်

အဲဗာတန်

1X2 အဲဗာတန် @ 2.36

အဲဗာတန် အာရှ ဟန်းဒီးကပ် -0.25 @ 2.09

ဂိုးပေါ် 2.25 @ 2.03

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဒီနေရာတွင် နှိပ်ပါ

ဘာဆာက အကောင်းဆုံး ကစားသမားကို ရွေးချယ်ခဲ့တဲ့ ရီးရဲလ်မက်ဒရစ် ကြယ်ပွင့်

ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ် တို့ဟာ ဥရောပဘောလုံးလောကရဲ့ စူပါပါဝါ အသင်းကြီးတွေ အဖြစ်နဲ့ သမိုင်းဝင် ပြိုင်ဆိုင်မှုတွေ ရှိကြတဲ့ အသင်း နှစ်သင်း ဖြစ်ပြီး ဆယ်စုနှစ်ပေါင်းများစွာ ပြိုင်ဘက် ဖြစ်ခဲ့တာကြောင့် နှစ်သင်းကြား ရန်လို မုန်းတီးမှုတွေလည်း တော်တော်လေး ကြီးမားကြတာ ဖြစ်ပါတယ်။

အယ်လ်ကလက်စီကို ပွဲစဉ်ဟာ ကမ္ဘာ့ဘောလုံးလောကမှာ ပဋိပက္ခ အများဆုံး ပွဲစဉ်တွေထဲက တစ်ပွဲ အဖြစ် ရှိနေဆဲဖြစ်ပြီး မကြာခဏ ခိုက်ရန်ဖြစ်ပွားမှုတွေ၊ တင်းမာမှုတွေနဲ့ အဆုံးသတ်သွားလေ့ရှိဆဲ ဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ် ကွင်းလယ် ကြယ်ပွင့် ဖက်ဒရီကို ဗယ်လ်ဗာဒီဟာ မကြာသေးမီက ဘာစီလိုနာ ကစားသမားတွေနဲ့ ပတ်သက်ပြီး ထင်မြင်ချက်ကို မေးမြန်းခြင်းခံခဲ့ရတာ ဖြစ်ပြီး ဥရုဂွေး ကြယ်ပွင့်က ၎င်းရဲ့ ထင်မြင်ချက်ကို အမှန်အတိုင်း ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ဗယ်လ်ဗာဒီက ဥရုဂွေးသား ဖြစ်သလို သူငယ်ချင်းကောင်းလည်း ဖြစ်တဲ့ ဘာစီလိုနာ နောက်ခံလူ ရော်နယ် အာရူဟိုကို သဘောကျ နှစ်သက်တယ်လို့ ပြောဆိုခဲ့တာ ဖြစ်ပြီး ဘာစီလိုနာရဲ့ အဆိုးရွားဆုံး ကစားသမားကို သတ်မှတ်ဖို့ မေးမြန်းခြင်းခံခဲ့ရချိန်မှာတော့ ကစားသမားတိုင်းက လေးစားမှုနဲ့ ထိုက်တန်တာကြောင့် အဲဒီလို သတ်မှတ်ပြောဆိုမှာ မဟုတ်ဘူးလို့ ငြင်းပယ်ခဲ့တာ ဖြစ်ပါတယ်။

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

This message was edited by SBOTOP on 31-Aug-2023 at 7:18 PM





   Like     
SBOTOP 07-Sep 2023 Thursday 4:01 PM (84 days ago)            #14
OFFICIAL
Sportsbook
Representative


Posts: 24629
Liked By: 5449
Joined: 19 Mar 06
Followers: 7



Tipsters
Championship:
Player has
not started

 

ဘေယန်မြူးနစ် အတွက် တိုက်စစ်ရော၊ ခံစစ်ရော ကစားနိုင်တယ် ဆိုတဲ့ ကင်မစ်ချ် (ဘွန်ဒက်စ်လီဂါ သတင်းများ)

ဒီတစ်ခါ မှာတော့ စက်တင်ဘာလ ၆ ရက်နေ့ အထိ ရရှိထားသမျှ ဘွန်ဒက်စ်လီဂါ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

ဘေယန်မြူးနစ် အတွက် တိုက်စစ်ရော၊ ခံစစ်ရော ကစားနိုင်တယ် ဆိုတဲ့ ကင်မစ်ချ်

ဘွန်ဒက်စ်လီဂါ ကလပ် ဘေယန်မြူးနစ်ရဲ့ ကွင်းလယ် ကစားသမား ဂျော်ရွှာ ကင်မစ်ချ်က သူ့အနေနဲ့ အသင်းရဲ့ နံပါတ် (၆) နေရာ အတွက် အကောင်းဆုံး ကစားပေးနိုင်ကြောင်း ပြောကြားလိုက်ပါတယ်။ နည်းပြ သောမတ်စ် တူချယ်ဟာ ပြီးခဲ့တဲ့နွေရာသီမှာ အသင်းရဲ့ ကွင်းလယ်နေရာ အတွက် အားဖြည့်ဖို့ကို အသည်းအသန် ကြိုးစားခဲ့ပါတယ်။

တူချယ် အနေနဲ့ နံပါတ် (၆) နေရာမှာ ကစားနိုင်တဲ့ ကစားသမားသစ်ကို အလိုရှိခဲ့ပြီး ဖူလ်ဟမ် ကွင်းလယ်လူ ယာအို ပေါ်လင်ဟာကို ခေါ်ယူဖို့ ကိစ္စကလည်း နောက်ဆုံး မိနစ်မှ ပျက်ပြယ်ခဲ့ရပါတယ်။

ကင်မစ်ချ်ကတော့ ခင်ဗျားတို့လည်း ကျွန်တော့် အမြင်ကို သိထားကြောင်း၊ ဒါနဲ့ ပတ်သက်လို့လည်း အားလုံး ပြောထားပြီး ဖြစ်ကြောင်း၊ ကျွန်တော်က တိုက်စစ်ရော၊ ခံစစ် မှာပါ ကစားနိုင်ပြီး အသင်းအတွက် လိုအပ်တဲ့ ပုံစံအတိုင်း ကစားပေးသွားမှာ ဖြစ်ကြောင်း ပြောကြားသွားခဲ့ပါတယ်။

ကော့ချပ်ကို မခေါ်ယူဖို့ အတွက် ဆန့်ကျင်ခဲ့တဲ့ ဒေါ့မန် နည်းပြ

ဒေါ့မန် နည်းပြ အီဒင် တာဇစ်ဟာ ပြီးခဲ့တဲ့နွေရာသီ အပြောင်းအရွှေ့မှာ အာမယ်လ် ဘယ်လာ ကော့ချပ်ကို မခေါ်ယူဖို့ အတွက် အသင်း တာဝန်ရှိသူတွေကို တားဆီးခဲ့ကြောင်း သိရှိရပါတယ်။ ဘွန်ဒက်စ်လီဂါ ကလပ်ဟာ အပြောင်းအရွှေ့ နောက်ဆုံးရက်မှာ ဆောက်သမ်တန် နောက်ခံလူ ကော့ချပ်ကို ယူရို (၂) သန်းနဲ့ အငှားခေါ်ယူဖို့ နီးစပ်ခဲ့တာပါ။

ဒါပေမယ့် တာဇစ် ကတော့ ဒီကိစ္စကို တားဆီးပိတ်ပင်ခဲ့ပြီး အဲ့ဒါကြောင့်လည်း ဒေါ့မန်တို့ လက်ရှိအချိန်မှာ ဗဟိုနောက်ခံလူ နေရာ အတွက် ကစားသမား (၃) ယောက်နဲ့သာ ခရီးဆက်နေရပါတယ်။ အသင်းတွင်းမှာလည်း တာဇစ်နဲ့ တာဝန်ရှိသူတွေ သဘောထားကွဲလွဲမှုက ပြင်းထန်လာခဲ့ပြီး တာဇစ်ရဲ့ ရာထူး ကလည်း လှုပ်ခတ်လာခဲ့ကြောင်း သိရပါတယ်။

တာဇစ်ဟာ ကော့ချပ် အစား တိုက်စစ် နေရာ အတွက် နစ်ကလပ်စ် ဖူလ်ရက်ခ် ကိုသာ ခေါ်ယူဖို့ အတွက် ဆုံးဖြတ်ခဲ့ပြီး တိုက်စစ် နေရာက ဒေါ့မန် အတွက် စိတ်ပူစရာ မလိုတဲ့ အနေအထားမျိုးမှာ အခုလိုမျိုးပဲ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

ဒေါ့မန် တိုက်စစ်မှူး အတွက် ချိတ်ဆက်ခဲ့တဲ့ လိုက်ပ်ဇစ်

လိုက်ပ်ဇစ်ဟာ ပြီးခဲ့တဲ့နွေရာသီ အပြောင်းအရွှေ့မှာ ဘွန်ဒက်စ်လီဂါ ကလပ်အသင်း တစ်သင်းပဲ ဖြစ်တဲ့ ဒေါ့မန်ရဲ့ တိုက်စစ်မှူး ယူဆိုဖာ မူကိုကို,ကို ခေါ်ယူဖို့ ချဉ်းကပ်မှုတွေ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

ဒေါ့မန် ကလည်း ပြီးခဲ့တဲ့ အပြောင်းအရွှေ့မှာ ဝါဒါဘရီမင် တိုက်စစ်မှူး နစ်ကလပ်စ် ဖူလ်ရက်ခ်ကို ခေါ်ယူခဲ့ပြီး မူကိုကို အတွက် ပုံမှန်ပွဲထွက်ခွင့် အတွက် ရုန်းကန်ရမယ့် အနေအထားမျိုးမှာ ရှိခဲ့ပါတယ်။

ဒါပေမယ့် ဒေါ့မန် ဘက်ကတော့ မူကိုကိုနဲ့ ဖူလ်ရက်ခ်ကို ကစားသမားချင်း အလဲအထပ် ပြုလုပ်ဖို့ ဆွေးနွေးခဲ့ပေမယ့် နောက်ဆုံး မှာတော့ ဝါဒါဘရီမင် ဘက်က တောင်းဆိုခဲ့တဲ့ ပြောင်းရွှေ့ကြေး ယူရို (၁၅) သန်း ကိုသာ ပေးချေခဲ့ပါတယ်။ အဲ့ဒါကြောင့်လည်း လိုက်ပ်ဇစ်က မူကိုကို အတွက် ချဉ်းကပ်ခဲ့တာ ဖြစ်ပြီး လာမယ့် ဆောင်းရာသီ ဒါမှမဟုတ် နွေရာသီမှာတော့ မူကိုကို,ကို အရခေါ်ယူဖို့ ကြိုးစားသွားဖွယ် ရှိပါတယ်။

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

This message was edited by SBOTOP on 07-Sep-2023 at 4:01 PM





   Like     
SBOTOP 07-Sep 2023 Thursday 4:03 PM (84 days ago)            #15
OFFICIAL
Sportsbook
Representative


Posts: 24629
Liked By: 5449
Joined: 19 Mar 06
Followers: 7



Tipsters
Championship:
Player has
not started

 

ယခုရာသီ လာလီဂါမှာ ပထမဆုံး ထုတ်ခံရတဲ့ နည်းပြ ဖြစ်လာတဲ့ ကီကေး ဆက်တီယန် (လာလီဂါ သတင်းများ)

ဒီတစ်ခါ မှာတော့ စက်တင်ဘာလ ၆ ရက်နေ့ အထိ ရရှိထားသမျှ လာလီဂါ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

ယခုရာသီ လာလီဂါမှာ ပထမဆုံး ထုတ်ခံရတဲ့ နည်းပြ ဖြစ်တဲ့ ကီကေး ဆက်တီယန်

ဗီလာရီးရဲလ်ဟာ ရာသီသစ်ကို ဆိုးရွားစွာ စတင်နိုင်ခဲ့ပြီးနောက် အင်္ဂါနေ့မှာ နည်းပြ ကီကေး ဆက်တီယန်ကို ရာထူးကနေ ထုတ်ပယ်လိုက်ပြီ ဖြစ်တယ်လို့ ကြေညာခဲ့ပါတယ်။ ဆက်တီယန်ဟာ ၂၀၂၂ ခုနှစ် အောက်တိုဘာလကမှ အက်စတွန်ဗီလာကို ပြောင်းရွှေ့သွားခဲ့တဲ့ အူနိုင်း အမ်မရီရဲ့ နေရာမှာ အစားထိုး ခန့်အပ်ခြင်းခံခဲ့ရတာ ဖြစ်ပါတယ်။

ဗီလာရီးရဲလ် နည်းပြဘဝဟာ တိုတောင်းတဲ့ အချိန်ကာလ အတွင်းမှာပဲ အဆုံးသတ်သွားခဲ့ပြီ ဖြစ်ပါတယ်။ ဗီလာရီးရဲလ်ဟာ လာလီဂါ ၄ ပွဲမှာ ၁ ပွဲသာ အနိုင်ရရှိခဲ့ပြီး ၃ ပွဲ အထိ ရှုံးခဲ့တာကြောင့် နိုင်ငံတကာပွဲစဉ် အားလပ်ရက်ကို အဆင့် ၁၅ နေရာနဲ့ ဖြတ်သန်းသွားရတော့မှာ ဖြစ်ပါတယ်။

ဆက်တီယန် လက်အောက်မှာ ဗီလာရီးရဲလ်က ပြီးခဲ့တဲ့ရာသီ လာလီဂါ အဆင့် ၅ နေရာမှာ ရာသီ ပြီးဆုံးခဲ့ပြီး ကိုပါဒယ်ရေး ၁၆ သင်းရှုံးထွက် အဆင့်မှာ ရှုံးနိမ့်ခဲ့သလို ယူရိုပါကွန်းဖရင့်လိဂ် မှာလည်း ၁၆ သင်းအဆင့် ကနေပဲ လှည့်ပြန်ခဲ့ရတာ ဖြစ်ပါတယ်။

ယခုရာသီမှာ လစာပေးချေနေရမှုကို ယူရို ၁၆၂ သန်း အထိ လျှော့ချနိုင်ခဲ့တဲ့ ဘာစီလိုနာ

ဒါပေမယ့်လည်း လာလီဂါ ထိပ်သီး ကတ်တလန် ကလပ်ဟာ လစာပေးချေနေရတဲ့ ပမာဏကို သိသိသာသာ လျှော့ချနိုင်ပြီးနောက် အကြပ်အတည်း ကနေ စတင် သက်သာလာနေပြီ ဖြစ်ပါတယ်။

လစာငွေ ယူရို သန်း ၁၆၀ ကျော် လျှော့ချနိုင်ခဲ့တဲ့ ဘာစီလိုနာ

ဘာစီလိုနာရဲ့ ဘဏ္ဍာရေးပြဿနာဟာ တကမ္ဘာလုံးက ပရိသတ်တွေ သိရှိထားပြီး ဖြစ်ပါတယ်။ ဒါပေမယ့်လည်း လာလီဂါ ထိပ်သီး ကတ်တလန် ကလပ်ဟာ လစာပေးချေနေရတဲ့ ပမာဏကို သိသိသာသာ လျှော့ချနိုင်ပြီးနောက် အကြပ်အတည်း ကနေ စတင် သက်သာလာနေပြီ ဖြစ်ပါတယ်။

အလုပ်များတဲ့ နွေရာသီ အပြောင်းအရွှေ့ကာလမှာ နူးကမ့်ပ်ကို ကစားသမား ၁၂ ဦး အထိ စွန့်ခွာသွားတာကြောင့် ဘာစီလိုနာ အနေနဲ့ တော်တော်လေး အသက်ရှူချောင်သွားခဲ့တယ်လို့ Catalunya Radio က ဖော်ပြခဲ့ပါတယ်။ ဘာစီလိုနာရဲ့ လစာပေးချေနေရမှု ပမာဏဟာ ယခုနွေရာသီ အပြောင်းအရွှေ့ စျေးကွက် အပြီးမှာ ယူရို ၁၆၁၇၅၁၆၁၂ အထိ လျှော့ချနိုင်ခဲ့ပြီး ယူရို ၅၆၆၄၆၀၇၆၇ ကနေ ယူရို ၄၀၄၇၀၉၁၅၅ အထိ လျော့ကျသွားခဲ့တာ ဖြစ်ပါတယ်။

ဒီလျော့ကျသွားမှုကြောင့် ဘာစီလိုနာရဲ့ လစာပေးချေနေရမှုဟာ အသင်း လည်ပတ်ငွေရဲ့ ၇၃ ရာခိုင်နှုန်း ကနေ ၅၄ ရာခိုင်နှုန်း အထိ လျှော့ချနိုင်ခဲ့တာ ဖြစ်ပြီး ဂရစ်ဇ်မန်း၊ ပီကေး၊ ဒမ်ဘီလီ၊ ယော်ဒီ အယ်လ်ဘာ၊ ထရင်ကာအို၊ ဆာဂီယို ဘူးစ်ကတ်တို့လို လစာပေးချေရမှု များပြားတဲ့ ကစားသမားတွေကို ရှင်းထုတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဘာစီလိုနာဟာ ကစားသမားသစ်တွေ ပြန်လည် ခေါ်ယူခဲ့ပေမယ့်လည်း လုပ်ခလစာ နည်းနည်းနဲ့ စာချုပ် ချုပ်ဆိုခဲ့တာ ဖြစ်ပြီး အိုရီယို ရိုမီအူ၊ ဂွန်ဒိုအန်၊ ဂျာအို ဖီးလစ်၊ ဂျာအို ကန်ဆယ်လို၊ အီနီဂို မာတီနက်ဇ်တို့ အားလုံးကို အလွတ်နဲ့ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။

လာလီဂါ

ဗီလာရီးယဲလ်

အယ်လ်မရီးယား

ဂိုးပေါ် 2.75 @ 1.81

1X2 သရေ (Draw) @ 4.00

ဂိုးပေါင်း 2-3 @ 2.00

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဒီနေရာတွင် နှိပ်ပါ

နူးကမ့်ပ်ကို ရောက်ရှိလာတဲ့ ဖီးလစ်ကို သတင်းစကားပါးလိုက်တဲ့ ဆွာရက်ဇ်

ဘာစီလိုနာ ကစားသမားဟောင်း လူးဝစ္စ ဆွာရက်ဇ်က အက်သလက်တီကို မက်ဒရစ် ကနေ နူးကမ့်ကို အငှားနဲ့ ပြောင်းရွှေ့ခဲ့တဲ့ အသင်းဖော်ဟောင်း ဂျာအို ဖီးလစ်ကို သတင်းစကား ပေးပို့ခဲ့ပါတယ်။

ဥရုဂွေး ဝါရင့်တိုက်စစ်မှူးကြီးဟာ အက်သလက်တီကို မက်ဒရစ်မှာ ဂျာအို ဖီးလစ်နဲ့ အတူတူ တွဲကစားခဲ့ဖူးသူ ဖြစ်ပြီး ပေါ်တူဂီ ကြယ်ပွင့် တိုက်စစ်မှူး အနေနဲ့ နူးကမ့်မှာ ကြီးမားတဲ့ အောင်မြင်မှုတွေ ရရှိနိုင်မယ်လို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။ “လုပ်စမ်းပါ ငါ့ကောင်။ ဒီအခန်းကဏ္ဍသစ်က ကောင်းကောင်း ဖြစ်သွားလိမ့်မယ်လို့ မျှော်လင့်ပါတယ်။” လို့ အင်စတာဂရမ်မှာ ရေးသားခဲ့တာ ဖြစ်ပါတယ်။ ဂျာအို ဖီးလစ်ဟာ တနင်္ဂနွေနေ့က အိုဆာဆူနာကို ၂-၁ နဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ လူစားဝင် ကစားသမား အဖြစ် ပွဲဦးထွက် ပါဝင်ကစားခွင့် ရရှိခဲ့ပြီး ဖြစ်ပါတယ်။

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

This message was edited by SBOTOP on 07-Sep-2023 at 4:03 PM





   Like     
SBOTOP 14-Sep 2023 Thursday 6:15 PM (76 days ago)            #16
OFFICIAL
Sportsbook
Representative


Posts: 24629
Liked By: 5449
Joined: 19 Mar 06
Followers: 7



Tipsters
Championship:
Player has
not started

 

ဆန်ချိုနဲ့ အန်တိုနီတို့ နေရာမှာ အစားထိုးမယ့်သူကို သတ်မှတ်လိုက်တဲ့ မန်ယူနိုက်တက် (ပရီးမီးယားလိဂ် သတင်းများ)

ဒီတစ်ခါ မှာတော့ စက်တင်ဘာလ ၁၃ ရက်နေ့ အထိ ရရှိထားသမျှ ပရီးမီးယားလိဂ် သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

ဆန်ချိုနဲ့ အန်တိုနီတို့ နေရာမှာ အစားထိုးမယ့်သူကို သတ်မှတ်လိုက်တဲ့ မန်ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်ဟာ အက်စတွန်ဗီလာ ကြယ်ပွင့်ဟောင်းကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ အံ့အားသင့်ဖွယ် ခေါ်ယူမှု ပြုလုပ်သွားဖို့ စဉ်းစားနေတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။ အန်တိုနီနဲ့ ဆန်ချိုတို့ရဲ့ အနာဂတ်ဟာ မရေမရာဖြစ်နေတာ ဖြစ်ပြီး အချိန်တစ်ခုအထိ အသင်း အတွက် ပါဝင်ကစားပေးနိုင်ဖွယ် မရှိတာကြောင့် အစားထိုး အသုံးပြုဖို့ အတွက် ကစားသမားသစ် ခေါ်ယူဖို့ လိုအပ်လာတာ ဖြစ်ပါတယ်။

အန်တိုနီဟာ ချစ်သူဟောင်းနဲ့ အခြား အမျိုးသမီးတွေကို အိမ်တွင်း အကြမ်းဖက်မှု ပြုလုပ်ခဲ့တယ်လို့ စွပ်စွဲခံခဲ့ရတာကြောင့် မန်ချက်စတာယူနိုက်တက်က ခေတ္တ အနားပေးထားပြီး ဆန်ချို ကလည်း တနင်္လာနေ့မှာ တန်ဟက်ဂ်နဲ့ ဆွေးနွေးပြီးနောက် အသင်း ကနေ ထွက်ခွာဖို့ ဆုံးဖြတ်လိုက်ပြီ ဖြစ်ပါတယ်။

ဒါကြောင့် တန်ဟက်ဂ် အတွက် တိုက်စစ်မှာ ရက်ရှ်ဖို့ဒ်၊ ဂါနာချို၊ ပယ်လီစထရီ တို့သာ တောင်ပံ နေရာမှာ အသုံးပြုနိုင်တဲ့ စီနီယာ ကစားသမားတွေ အဖြစ် ကျန်ရစ်တော့တာ ဖြစ်ပါတယ်။ ဒါကြောင့် မန်ချက်စတာယူနိုက်တက်ဟာ ပရီးမီးယားလိဂ် ကြယ်ပွင့်ဟောင်း အန်ဝါ အယ်လ် ဂါဇီကို ခေါ်ယူဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။ ဒတ်ချ် တောင်ပံကစားသမားဟာ ပြီးခဲ့တဲ့အပတ်မှာ ပီအက်စ်ဗွီနဲ့ နှစ်ဦး သဘောတူ စာချုပ်ဖျက်သိမ်းခဲ့ပြီးနောက် လက်ရှိမှာ အလွတ်နဲ့ ခေါ်ယူနိုင်တဲ့ ကစားသမား အဖြစ် ရှိနေတာ ဖြစ်ပါတယ်။

စပို့တင်းကို လာမယ့်နွေ အတွက် ကတိပေးခဲ့တဲ့ အာဆင်နယ်

အာဆင်နယ်ဟာ ယခုနွေရာသီမှာ ယူရို ၃၅ သန်းနဲ့ ကမ်းလှမ်းမှု ငြင်းပယ်ခံခဲ့ရပြီးနောက် လာမယ့်နှစ်မှာ အူစမန်နီ ဒီယိုမန်ဒီကို ခေါ်ယူဖို့ ကမ်းလှမ်းမှု အသစ်နဲ့ ပြန်လာခဲ့မယ်လို့ စပို့တင်း လစ္စဘွန်းကို ကတိပေးခဲ့ပါတယ်။

အသက် ၁၉ နှစ် အရွယ် ဗဟိုခံစစ် ကစားသမားဟာ ပေါ်တူဂီမှာ အငှားကစားသမား အဖြစ် မာဖရာမှာ ပထမရာသီဝက်ကို အထင်ကြီးဖွယ် ခြေစွမ်းပြသခဲ့ပြီးနောက် ဇန်နဝါရီလမှာ ဒိန်းမတ် ကလပ် ဖြစ်တဲ့ မစ်ဂျေးလန်း ကနေ စပို့တင်း လစ္စဘွန်းကို ယူရို ၇.၅ သန်းနဲ့ ပြောင်းရွှေ့ခဲ့သူ ဖြစ်ပါတယ်။ ပေါ်တူဂီကို ဒီယိုမန်ဒီ ပြောင်းရွှေ့ခဲ့တဲ့အချိန် ကတည်းက မီခဲလ် အာတေးတားက သဘောကျ နှစ်သက်နေခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် အာဆင်နယ်ဟာ ယခုနွေရာသီ အပြောင်းအရွှေ့ကာလ အတွင်းမှာ စပို့တင်းကို ချဉ်းကပ်ခဲ့တာ ဖြစ်ပါတယ်။

Record ရဲ့ သတင်းအရ ဂန်းနားတွေဟာ စပို့တင်းကို အိုင်ဗရီကို့စ် နောက်ခံလူ အတွက် ချက်ချင်းပဲ အမြတ်ထွက်စေမယ့် ယူရို ၃၅ သန်းနဲ့ ကမ်းလှမ်းခဲ့ပေမယ့်လည်း ပေါ်တူဂီ ကလပ်က လျင်လျင်မြန်မြန်ပဲ ငြင်းပယ်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် အာဆင်နယ်ဟာ ၎င်းတို့ရဲ့ စိတ်ဝင်စားနေမှုကို အချိန်တစ်ခု အထိ အဆုံးသတ်သွားမှာ ဖြစ်ပေမယ့်လည်း လာမယ့်နွေရာသီမှာ ကမ်းလှမ်းမှုအသစ်နဲ့ ပြန်လာမယ်လို့ သတင်းတွေက ဖော်ပြခဲ့ပြီး ဒီယိုမန်ဒီဟာ ယူရိုပါလိဂ်မှာ ဂန်းနားတွေနဲ့ ရင်ဆိုင်ကစားခဲ့တဲ့ ပွဲမှာ ပထမဆုံး ဥရောပပွဲဦးထွက် ပါဝင်ကစားပေးခဲ့တာ ဖြစ်ပါတယ်။

လေ့ကျင့်ကွင်းမှာ ပြန်လည် မြင်တွေ့ခဲ့ရတဲ့ ချဲလ်ဆီး ကြယ်ပွင့်

ဘီနွိုက် ဘာဒီယာရှီလေဟာ လေ့ကျင့်ရေး ပြန်ဆင်းနေပြီ ဖြစ်တာကြောင့် ပရီးမီးယားလိဂ် ထိပ်သီး ချဲလ်ဆီးတို့ အတွက် ကြီးမားတဲ့ အားတက်စရာ ဖြစ်လာခဲ့ပြီ ဖြစ်ပါတယ်။ ချဲလ်ဆီး နောက်ခံလူဟာ ရာသီကြိုမှာ ရခဲ့တဲ့ တံကောက်ကြော ဒဏ်ရာကြောင့် ယခုရာသီအစကို လွဲချော်ခဲ့သူ ဖြစ်ပြီး ပြင်သစ်နောက်ခံလူဟာ ပြီးခဲ့တဲ့ရာသီကုန်တုန်းက ပေါင်ခြံ ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။

ဝက်စ်လေ ဖိုဖာနာနဲ့ သီယေဂို ဆေးလ်ဗား တို့ကလည်း ဒဏ်ရာကြောင့် ပါဝင်ကစားပေးနိုင်ခြင်း မရှိတာကြောင့် ပိုချက်တီနိုဟာ ခံစစ်ပိုင်းမှာ အပြောင်းအလဲ ပြုလုပ်ဖို့ ရွေးချယ်စရာမရှိ ဖြစ်နေတာပါ။ ဒါပေမယ့်လည်း နိုင်ငံတကာပွဲစဉ် အားလပ်ရက်ဟာ ချဲလ်ဆီး အတွက် ဒဏ်ရာရကစားသမားတွေ ပြန်လာနိုင်ဖို့ အခွင့်အရေးကောင်း ဖြစ်ခဲ့ပြီး ရီးစ် ဂျိမ်းစ် ကလည်း အပေါ့စား လေ့ကျင့်ခန်းတွေ ပြန်လုပ်နေသလို ဘာဒီယာရှီလေလည်း အသင်းဖော်တွေနဲ့ လေ့ကျင့်ရေး ပြန်ဆင်းနေတာကို မြင်တွေ့ခဲ့ရတာ ဖြစ်ပါတယ်။

ချဲလ်ဆီး နောက်ခံလူဟာ အသင်း အတွက် ပြန်လည် ပါဝင်ကစားပေးနိုင်ဖို့ အနည်းဆုံး ၂ ပတ်လောက် လိုဦးမှာ ဖြစ်ပေမယ့်လည်း ပိုချက်တီနို အတွက်တော့ အားတက်စရာ ဖြစ်လာခဲ့ပြီး လာဗီယာ ကတော့ ဓာတ်မှန်ရိုက်ပြီးနောက် ခြေကျင်းဝတ် အရွတ်ပျက်စီးသွားတာကို တွေ့ရှိခဲ့ရပါတယ်။

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

This message was edited by SBOTOP on 14-Sep-2023 at 6:15 PM





   Like     
SBOTOP 14-Sep 2023 Thursday 7:14 PM (76 days ago)            #17
OFFICIAL
Sportsbook
Representative


Posts: 24629
Liked By: 5449
Joined: 19 Mar 06
Followers: 7



Tipsters
Championship:
Player has
not started

 

ဂျာမနီ လက်ရွေးစင် အသင်းရဲ့ နည်းပြသစ် ဖြစ်လာဖို့ ရေပန်းစားနေတဲ့ ဘေယန် နည်းပြဟောင်း (ဘွန်ဒက်စ်လီဂါ သတင်းများ)

ဒီတစ်ခါ မှာတော့ စက်တင်ဘာလ ၁၃ ရက်နေ့ အထိ ရရှိထားသမျှ ဘွန်ဒက်စ်လီဂါ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

ဂျာမနီ လက်ရွေးစင် အသင်းရဲ့ နည်းပြသစ် ဖြစ်လာဖို့ ရေပန်းစားနေတဲ့ ဘေယန် နည်းပြဟောင်း

ဘွန်ဒက်စ်လီဂါ ကလပ် ဘေယန်မြူးနစ်ရဲ့ နည်းပြဟောင်း ဂျူလီယန် နေဂဲလ်စ်မန်းဟာ ဂျာမနီ လက်ရွေးစင် အသင်းရဲ့ နည်းပြသစ် ဖြစ်လာဖို့ အတွက် ရေပန်းစားနေကြောင်း သိရပါတယ်။ ဘေဘီ မော်ရင်ဟိုလို့ အမည်ပြောင်ရထားတဲ့ အဆိုပါ နည်းပြဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီ အတွင်းက ဘေယန်မြူးနစ် ကနေ အံ့အားသင့်ဖွယ် အထုတ်ခံခဲ့ရတာပါ။

အဲ့ဒီနောက်ပိုင်း နေဂဲလ်စ်မန်းက ချဲလ်ဆီး နည်းပြသစ် ဖြစ်လာဖို့ ရေပန်းစားခဲ့သေးပေမယ့် လက်ရှိအချိန်ထိတော့ အသင်းလက်မဲ့ ဖြစ်နေဆဲပါ။ ဂျာမနီ ဘောလုံးအဖွဲ့ချုပ်ဟာ ဟန်ဆီ ဖလစ်ခ်ကို ရာထူး ကနေ ထုတ်ပယ်ပြီးနောက် နည်းပြသစ် ရှာဖွေနေပြီး နေဂဲလ်စ်မန်းက ထိပ်ဆုံး ကနေ ရေပန်းစားလာခဲ့တာ ဖြစ်ပါတယ်။

နေဂဲလ်စ်မန်းဟာ ဂျာမန် ဘောလုံးလောက အကြောင်းကို ကောင်းကောင်း သိရှိထားသူ တစ်ယောက် ဖြစ်နေတာကြောင့်လည်း ဂျာမနီတို့ သူ့ကိုသာ နည်းပြအဖြစ် ခန့်အပ်ဖွယ် ရှိကြောင်း ယုံကြည်ထားကြပါတယ်။ ဒီလိုမျိုး သတင်းတွေ ထွက်နေခဲ့ပေမယ့်လည်း လက်ရှိအချိန်ထိတော့ ဂျာမနီ ဘောလုံးအဖွဲ့ချုပ်နဲ့ နေဂဲလ်စ်မန်း တို့အကြား ဆက်သွယ်မှု တစ်စုံတစ်ရာ မရှိသေးကြောင်းလည်း သိရပါတယ်။

ယူရို အတွက် မတွေးသေးဘဲ ဘေယန်မြူးနစ် အတွက်ပဲ အာရုံစိုက်ထားတဲ့ ဟယ်ရီကိန်း

အင်္ဂလန် လက်ရွေးစင် အသင်းခေါင်းဆောင် ဟယ်ရီကိန်းဟာ လက်ရှိအချိန်မှာ ယူရို – ၂၀၂၄ အတွက် မစဉ်းစားသေးဘဲ ဘေယန်မြူးနစ် အတွက်သာ အာရုံစိုက်ထားကြောင်း ဖွင့်ဟခဲ့ပါတယ်။ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ကမှ ဘွန်ဒက်စ်လီဂါ ထိပ်သီး ကလပ်ကို ရောက်ရှိလာခဲ့တဲ့ ဟယ်ရီကိန်းဟာ အသင်း အတွက်လည်း ဂိုးသွင်း ခြေစွမ်းပြထားပြီး ဖြစ်ပါတယ်။

အင်္ဂလန် လက်ရွေးစင်ဟာ ယူရို – ၂၀၂၄ ခြေစစ်ပွဲကို အောင်မြင်ဖို့ သေချာသလောက် ရှိနေပေမယ့် အဆိုပါပြိုင်ပွဲကြီး အတွက် မတွေးတောသေးကြောင်း ဟယ်ရီကိန်းက ဖွင့်ဟခဲ့တာပါ။

ဟယ်ရီကိန်းက လက်ရှိမှာတော့ ဘေယန်မြူးနစ် အတွက်ပဲ အာရုံစိုက်ထားပြီး နိုင်ပွဲတွေ ရရှိအောင် ကြိုးစားနေကြောင်း၊ အရင်ဆုံး ယူရို – ၂၀၂၄ ခြေစစ်ပွဲ အောင်မြင်ဖို့ လိုအပ်ကြောင်း၊ လက်ရှိမှာ အများကြီး မတွေးသေးဘဲ လာမယ့်နွေရာသီမှာ ဂျာမနီနဲ့ ပိုမို အသားကျသွားမှသာ ယူရိုပြိုင်ပွဲ အတွက် စဉ်းစားမှာ ဖြစ်ကြောင်း ပြောကြားသွားခဲ့ပါတယ်။

ပွဲကစားခွင့်ရမယ့် အခွင့်အရေးကို စောင့်ဆိုင်းသွားမှာ ဖြစ်ကြောင်း ဒီလစ်ဂျ် ဖွင့်ဟ

ဘေယန်မြူးနစ် နောက်ခံလူ မားသီးယပ်စ် ဒီလစ်ဂျ်ဟာ ဒီရာသီမှာ ပုံမှန်ပွဲထွက်ခွင့် အတွက် ရုန်းကန်နေရပေမယ့် အခွင့်အရေး ရလာမယ့် အချိန်ကို စိတ်ရှည်ရှည်နဲ့ စောင့်ဆိုင်းသွားမှာဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။

ဒီလစ်ဂျ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ဘွန်ဒက်စ်လီဂါ ချန်ပီယံ ဖြစ်ခဲ့တဲ့ ဘေယန်မြူးနစ်ရဲ့ အဓိက ဗဟိုနောက်ခံလူ တစ်ယောက်ပါ။ လက်ရှိရာသီ မှာတော့ ကင်မင်ဂျေး ရောက်ရှိလာမှုနဲ့အတူ နည်းပြ သောမတ်စ် တူချယ်က ကင်မင်ဂျေးနဲ့ ဒါယော့တ် အူပါမီကာနို တို့ကိုသာ အသင်းရဲ့ အဓိက ဗဟိုနောက်ခံလူတွေ အဖြစ် တွဲဖက် အသုံးပြုနေပါတယ်။

ဒီလစ်ဂျ် ကတော့ ကင်မင်ဂျေးက ပြီးခဲ့တဲ့ရာသီက စီးရီးအေမှာ အကောင်းဆုံး ဖြစ်ခဲ့သလို အူပါမီကာနို ကလည်း ပြင်သစ် လက်ရွေးစင် ဖြစ်ကြောင်း၊ ပြီးခဲ့တဲ့ရာသီက ကျွန်တော် ပွဲတိုင်းနီးပါး ကစားခဲ့ပြီး နယ်သာလန် လက်ရွေးစင်နဲ့လည်း ကောင်းမွန်တဲ့ အချိန်ကို ပိုင်ဆိုင်ခဲ့ကြောင်း၊ အရေးကြီး ပွဲတွေ လာဖို့ ရှိသေးပြီး ကျွန်တော့် အတွက် ပွဲကစားခွင့် ရလာမှာ ဖြစ်ကြောင်း ပြောကြားသွားခဲ့ပါတယ်။

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

This message was edited by SBOTOP on 14-Sep-2023 at 7:20 PM





   Like     
SBOTOP 21-Sep 2023 Thursday 4:29 PM (70 days ago)            #18
OFFICIAL
Sportsbook
Representative


Posts: 24629
Liked By: 5449
Joined: 19 Mar 06
Followers: 7



Tipsters
Championship:
Player has
not started

 

ဒဟေးယားကို လိုချင်တဲ့ ရီးရဲလ်ဘက်တစ် (လာလီဂါ သတင်းများ)

ဒီတစ်ခါ မှာတော့ စက်တင်ဘာလ ၂၀ ရက်နေ့ အထိ ရရှိထားသမျှ လာလီဂါ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

ဒဟေးယားကို လိုချင်တဲ့ ရီးရဲလ်ဘက်တစ်

မန်ချက်စတာယူနိုက်တက် ဂိုးသမားဟောင်း ဒါးဗစ် ဒဟဲယားကို စပိန် လာလီဂါ ကလပ် ရီးရဲလ် ဘက်တစ်က ခေါ်ယူချင်နေတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။ စပိန် လက်ရွေးစင် ဂိုးသမားဟာ လာလီဂါကို ပြန်လာချင်နေတာကြောင့် ဆော်ဒီ ပရိုလိဂ်က မက်မောလောက်ဖွယ် ကမ်းလှမ်းမှုတွေကို ငြင်းပယ်ခဲ့တာ ဖြစ်တယ်လို့ မကြာသေးမီက Fichajes က ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်က ပြီးခဲ့တဲ့ရာသီကုန်မှာ စာချုပ်သက်တမ်း မတိုးခဲ့တဲ့နောက် ဒဟဲယားဟာ အလွတ်နဲ့ ထွက်ခွာခွင့်ရခဲ့တာ ဖြစ်ပြီး ဗလင်စီယာ ကလည်း ဒဟဲယားကို စိတ်ဝင်စားကြောင်း ပြသခဲ့ပေမယ့်လည်း သဘောတူညီမှု ရရှိအောင် လုပ်ဆောင်နိုင်ခဲ့ခြင်း မရှိတာ ဖြစ်ပါတယ်။

ယူအီးအက်ဖ်အေ – ချန်ပီယံလိဂ်

ဘိုင်ယန်မြူးနစ်

မန်ချက်စတာ ယူနိုက်တက်

1X2 မန်ချက်စတာ ယူနိုက်တက် @ 6.40

ဘိုင်ယန်မြူးနစ် အာရှ အကျောပေး -1.50 @ 2.26

ဂိုး‌အောက် 3.25 @ 2.11

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဒီနေရာတွင် နှိပ်ပါ

လက်ရှိမှာတော့ ရီးရဲလ်ဘက်တစ်က လက်ရှိအခြေအနေ အပေါ်မှာ အခွင့်ကောင်း ယူသွားတော့မှာ ဖြစ်ပြီး ဝါရင့် ဂိုးသမားကို ခေါ်ယူဖို့ အတွက် အပြင်းအထန် လုပ်ဆောင်သွားတော့မှာ ဖြစ်ပါတယ်။

ဘယ်ဂျီယံ ကလပ်ကို ၅ ဂိုးပြတ်နဲ့ အနိုင်ရခဲ့တဲ့ ဘာဆာ

မနေ့ညက ကစားခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စု ပွဲစဉ် တစ်ပွဲ မှာတော့ လာလီဂါ ထိပ်သီး ဘာစီလိုနာက ဘယ်လ်ဂျီယံ ကလပ် ရွိုင်ရယ် အန့်တ်ဝပ်ကို အိမ်ကွင်းမှာ ၅ ဂိုးပြတ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။

ဘာစီလိုနာဟာ နောက်ဆုံး ကစားခဲ့တဲ့ လာလီဂါ ပွဲစဉ်မှာလည်း ရီးရဲလ်ဘက်တစ်ကို တိုက်စစ် အစွမ်းပြပြီး ၅ ဂိုးပြတ်နဲ့ အနိုင်ရထားခဲ့တာ ဖြစ်ပါတယ်။ ဒီနေ့ ပွဲမှာတော့ အက်တလက်တီကိုမက်ဒရစ် ကနေ တစ်ရာသီ အငှားနဲ့ လာကစားနေတဲ့ ယာအို ဖီးလစ်က ၂ ဂိုး သွင်းခဲ့ပြီး လီဝမ်ဒေါစကီး၊ ဂါဗီနဲ့ ဘက်တယ်လီ (OG) တို့ရဲ့ သွင်းဂိုးတွေနဲ့ ဘာစီလိုနာတို့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

ဘာစီလိုနာဟာ နောက်ဆုံး ကစားခဲ့တဲ့ လာလီဂါ ပွဲစဉ်မှာလည်း ရီးရဲလ်ဘက်တစ်ကို တိုက်စစ် အစွမ်းပြပြီး ၅ ဂိုးပြတ်နဲ့ အနိုင်ရထားခဲ့တာ ဖြစ်ပါတယ်။

ချန်ပီယံလိဂ် အုပ်စု အဖွင့်ပွဲစဉ်မှာ ၂ ဂိုးသွင်းယူထားတဲ့ ယာအို ဖီးလစ်

ဒါကြောင့် ဘာစီလိုနာတို့ ချန်ပီယံလိဂ် အုပ်စု (H)ကို ရမှတ် ၃ မှတ်နဲ့ စတင် ဦးဆောင်နိုင်ခဲ့ပြီး ပေါ်တို ကလည်း ၃ မှတ်နဲ့ ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။ ရှုံးပွဲ ကိုယ်စီတွေ့ခဲ့ကြတဲ့ ရှက်တာဒိုးနတ်စ်နဲ့ အန့်တ်ဝပ် တို့ကတော့ ဇယား အောက်မှာ ရပ်တည်နေပါတယ်။

အရိုးကျိုး ဒဏ်ရာနဲ့ ကစားနေရတဲ့ ရီးရဲလ်မက်ဒရစ် ကြယ်ပွင့်

ရီးရဲလ်မက်ဒရစ်ဟာ ယခုရာသီမှာ ဒဏ်ရာပြဿနာ အများအပြားနဲ့ ရင်ဆိုင်နေရပြီး အီဒါ မီလီတာအို၊ သီဘောက် ကော်တွိုက်စ် တို့ဟာ တစ်ရာသီလုံး လွဲချော်နိုင်တဲ့ ဒဏ်ရာတွေ ရရှိခဲ့တာ ဖြစ်ပါတယ်။ ဗင်နီးစီးယပ်စ် ဂျူနီယာ ကလည်း အနည်းဆုံး ရက်သတ္တပတ် အနည်းငယ် ထပ်မံလွဲချော်ဦးမယ်လို့ ယုံကြည်ရပြီး အာဒါ ဂူလာ ကလည်း ယခုနွေရာသီမှာ အသင်းကို ပြောင်းရွှေ့လာပြီးကတည်းက ရာသီကြိုမှာ ရခဲ့တဲ့ဒဏ်ရာကြောင့် ပါဝင်ကစားပေးနိုင်ခြင်း မရှိသေးတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ နောက်ထပ် ရီးရဲလ်မက်ဒရစ် ကစားသမား တစ်ဦးဟာ နာကျင်မှုနဲ့ ပွဲကစားပေးနေရပြီး လေ့ကျင့်ရေး အသင်းဖော်နဲ့ ထိခိုက်မိခဲ့တာကြောင့် လက်ချောင်းရိုးကျိုး ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။

ဖက်ဒရီကို ဗယ်လ်ဗာဒီဟာ ရီးရဲလ်မက်ဒရစ်ရဲ့ ပွဲစဉ်တွေမှာ ညာဘက်လက်ကို ပတ်တီးစည်းပြီး ကစားနေခဲ့တာ ဖြစ်ပြီး အဲဒီဒဏ်ရာဟာ လေ့ကျင့်ရေးမှာ အသင်းဖော်နဲ့ ထိခိုက်မိပြီးနောက် ရရှိခဲ့တာ ဖြစ်ပေမယ့်လည်း အရေးအကြီးဆုံး အရာ ဖြစ်တဲ့ ပွဲကစားနိုင်တဲ့ အတွက် အဆင်ပြေတယ်လို့ ဥရုဂွေး ကြယ်ပွင့်က ပြောကြားခဲ့တာ ဖြစ်ပါတယ်။

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

This message was edited by SBOTOP on 21-Sep-2023 at 4:29 PM





   Like     
SBOTOP 21-Sep 2023 Thursday 4:30 PM (70 days ago)            #19
OFFICIAL
Sportsbook
Representative


Posts: 24629
Liked By: 5449
Joined: 19 Mar 06
Followers: 7



Tipsters
Championship:
Player has
not started

 

ပေါ့ဘာရဲ့ အနာဂတ် မသေချာကြောင်း ပြောလာတဲ့ ဂျူဗင်တပ်စ် အားကစား ဒါရိုက်တာ (စီးရီးအေ သတင်းများ)

ဒီတစ်ခါ မှာတော့ စက်တင်ဘာလ ၂၀ ရက်နေ့ အထိ ရရှိထားသမျှ စီးရီးအေ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

ပေါ့ဘာရဲ့ အနာဂတ် မသေချာကြောင်း ဂျူဗင်တပ်စ် အားကစား ဒါရိုက်တာပြော

ဂျူဗင်တပ်စ် အားကစားဒါရိုက်တာ ခရစ္စတီယာနို ဂီအန်တိုလီက ပေါလ် ပေါ့ဘာရဲ့ အနာဂတ်က မသေချာကြောင်း အရိပ်အမြွက် ပြောကြားသွားခဲ့ပါတယ်။ ဂျူဗင်တပ်စ်နဲ့ အူဒီးနီးစ် တို့ရဲ့ စီးရီးအေ ရာသီဖွင့်ပွဲ အပြီး ရှောင်တခင် ဆေးစစ်မှု ပြုလုပ်ခဲ့ရာမှာ ပေါ့ဘာက တားမြစ် ဆေးသုံးစွဲထားကြောင်း စစ်ဆေးတွေ့ရှိခဲ့ရပါတယ်။

ပေါ့ဘာ ကတော့ ဒါဟာ မတော်တဆ ဖြစ်ရပ်သာ ဖြစ်ကြောင်း ဖြေရှင်းထားပြီး နောက်တစ်ကြိမ် စစ်ဆေးမှုနဲ့ အတူ အယူခံဝင်ဖို့ ပြင်ဆင်ထားပါတယ်။ အဆိုပါ ပြင်သစ် ကွင်းလယ်လူ အနေနဲ့ နောက်တစ်ကြိမ် ဆေးစစ်မှုမှာသာ ထပ်မံ ကျရှုံးခဲ့မယ် ဆိုရင် ဘောလုံးလောကမှာ (၂) နှစ် ကနေ (၄) နှစ် အထိ ပွဲပယ်ခံရနိုင်ပါတယ်။

ယူအီးအက်ဖ်အေ – ချန်ပီယံလိဂ်

ဘိုင်ယန်မြူးနစ်

မန်ချက်စတာ ယူနိုက်တက်

1X2 မန်ချက်စတာ ယူနိုက်တက် @ 6.40

ဘိုင်ယန်မြူးနစ် အာရှ အကျောပေး -1.50 @ 2.26

ဂိုး‌အောက် 3.25 @ 2.11

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဒီနေရာတွင် နှိပ်ပါ

ဂီအန်တိုလီ ကတော့ လက်ရှိအခြေအနေတွေက စိတ်ကျေနပ်စရာ မကောင်းကြောင်း၊ ဒါပေမယ့် နောက်တစ်ကြိမ် ဆေးစစ်မှုကို စောင့်ဆိုင်းမှာ ဖြစ်ပြီး အဲ့ဒီနောက်မှာတော့ ကစားသမားရဲ့ အေးဂျင့်နဲ့ ဆွေးနွေးသွားမှာ ဖြစ်ကြောင်း ပြောကြားသွားခဲ့ပါတယ်။

အေစီမီလန်ကို ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့သေးတဲ့ ချဲလ်ဆီး တိုက်စစ်မှူး

ချဲလ်ဆီး တိုက်စစ်မှူး နီကိုးလပ်စ် ဂျက်ဆင်ဟာ စီးရီးအေ ကလပ် အေစီမီလန်ကို ပြောင်းရွှေ့ဖို့ အတွက် နီးစပ်ခဲ့သေးကြောင်း ကစားသမားရဲ့ အေးဂျင့်က ဖွင့်ဟလိုက်ပါတယ်။ အဆိုပါ ဗီလာရီးရဲလ် တိုက်စစ်မှူးဟောင်းကို ခေါ်ယူဖို့ အတွက် အေစီမီလန် ကလည်း ပြီးခဲ့တဲ့နွေရာသီ အပြောင်းအရွှေ့မှာ စိတ်ဝင်စားခဲ့ပေမယ့် ဂျက်ဆင် ကတော့ ချဲလ်ဆီးကိုသာ ပြောင်းရွှေ့သွားခဲ့ပါတယ်။

အေးဂျင့် ဒီအိုမန်စီကာမာရာက ဗီလာရီးရဲလ်မှာ ဂျက်ဆင်က ခြေစွမ်းပြခဲ့တာကြောင့် သူ့အတွက် ကမ်းလှမ်းမှုတွေ အများကြီး ရရှိခဲ့ကြောင်း၊ အေစီမီလန်နဲ့ စာချုပ်ချုပ်ဆိုဖို့ နီးစပ်ခဲ့ပေမယ့် ချဲလ်ဆီးက ကမ်းလှမ်းလာချိန်မှာ အင်္ဂလန်မြေ ကိုသာ ရွေးချယ်ခဲ့ကြောင်း ပြောကြားသွားခဲ့ပါတယ်။

ချဲလ်ဆီး တိုက်စစ်မှူး နီကိုးလပ်စ် ဂျက်ဆင်ဟာ စီးရီးအေ ကလပ် အေစီမီလန်ကို ပြောင်းရွှေ့ဖို့ အတွက် နီးစပ်ခဲ့သေးကြောင်း ကစားသမားရဲ့ အေးဂျင့်က ဖွင့်ဟလိုက်ပါတယ်။

ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီးကို ပြောင်းရွှေ့ဖို့သာ ရွေးချယ်ခဲ့တဲ့ နီကိုးလပ်စ် ဂျက်ဆင်

ဂျက်ဆင်ဟာ ပြီးခဲ့တဲ့ရာသီမှာ ဗီလာရီးရဲလ် အတွက် (၁၃) ဂိုးသွင်း၊ ဂိုးဖန်တီးမှု (၅) ကြိမ် ပြုလုပ်နိုင်ခဲ့တဲ့ ကစားသမားလည်း ဖြစ်ပါတယ်။

နယူးကာဆယ်ကို အိမ်ကွင်းမှာ သရေသာ ကစားနိုင်ခဲ့တဲ့ အေစီမီလန်

ပြီးခဲ့တဲ့ စီးရီးအေ ပွဲစဉ်မှာ မြို့ခံပြိုင်ဘက် အင်တာမီလန်ကို ၅-၁ ရလဒ်နဲ့ အရှက်တကွဲ ရှုံးနိမ့်ထားတဲ့ အေစီမီလန်တို့ ချန်ပီယံလိဂ်မှာ နယူးကာဆယ်ကို ဧည့်ခံကစားခဲ့ပါတယ်။

အေစီမီလန်တို့ တစ်ပွဲလုံး အတိုင်းအတာနဲ့ အဘက်ဘက်မှာ သာလွန်အောင် ကစားနိုင်ခဲ့ပေမယ့်လည်း အဆုံးသတ်ပိုင်း ညံ့လို့ နယူးကာဆယ်နဲ့ အမှတ်ခွဲယူခဲ့ရတာ ဖြစ်ပါတယ်။ စတက်ဖီနို ပီအိုလီရဲ့ အသင်းက တစ်ပွဲလုံး ဂိုးပေါက် ကန်ချက် ၂၅ ကြိမ် အထိ ပြုလုပ်နိုင်ခဲ့ပြီး ၉ ကြိမ် အထိ ဂိုးပေါက်တည့်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း တိုက်စစ် အဆုံးသတ် အားနည်းမှုက နယူးကာဆယ် အတွက် သက်သာရာရခဲ့တာ ဖြစ်ပါတယ်။

ဒါ့ကြောင့် လက်ရှိ ချန်ပီယံလိဂ် အုပ်စု (F)မှာ ပီအက်စ်ဂျီက ရမှတ် ၃ မှတ်နဲ့ အုပ်စုကို ဦးဆောင်နေပြီး အေစီမီလန်၊ နယူးကာဆယ်နဲ့ ဒေါ့မန် တို့က အစဉ်လိုက် ရပ်တည်နေပါတယ်။

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

This message was edited by SBOTOP on 21-Sep-2023 at 4:34 PM





   Like     
SBOTOP 05-Oct 2023 Thursday 6:47 PM (55 days ago)            #20
OFFICIAL
Sportsbook
Representative


Posts: 24629
Liked By: 5449
Joined: 19 Mar 06
Followers: 7



Tipsters
Championship:
Player has
not started

 

ဘေယန်ရဲ့ ခက်ခဲတဲ့ နိုင်ပွဲထက် ပိုဟော့နေတဲ့ နော်အာရဲ့ AI လုပ် Scam ဗီဒီယို (ချန်ပီယံလိဂ်)

ဘေယန်မြူးနစ် ကတော့ မနေ့ညက ကစားခဲ့တဲ့ ချန်ပီယံလိဂ် ပွဲစဉ်မှာ ဒိန်းမတ် ကလပ် ကိုပေဟေဂင်ကို အဝေးကွင်းမှာ ခက်ခက်ခဲခဲ ကန်ပြီး အနိုင်ရသွားခဲ့ပါတယ်။

အိမ်ရှင် အသင်းရဲ့ ဦးဆောင်ခြင်း ခံခဲ့ရပေမယ့် မူဆီအာလာနဲ့ တဲလ် တို့ရဲ့ ချေပဂိုးတွေ ကယ်လို့သာ ချန်ပီယံလိဂ် နိုင်ပွဲ ဆက်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ဘေယန်မြူးနစ်ရဲ့ ချန်ပီယံလိဂ် နိုင်ပွဲထက် ပိုပြီး စိတ်ဝင်စားဖို့ ကောင်းနေတဲ့ ကိစ္စ တစ်ခု ရှိနေပါတယ်။ ဒါကတော့ ဂိုးသမားကြီး မန်ဝဲလ် နော်အာ တစ်ယောက် မလှိမ့်တစ်ပတ် အလုပ်ခံရတဲ့ ကိစ္စပါ။ ဘယ်သူက လုပ်တာလဲ ဆိုရင်တော့ အက်ပလီကေးရှင်း တစ်ခုက နော်အာရဲ့ ဗီဒီယိုကို AI နဲ့ ဖန်တီးပြီး ဒီအက်ပလီကေးရှင်းကို နော်အာ ကိုယ်တိုင် မိတ်ဆက်ပေးနေသယောင် ဖန်တီးခဲ့တာ ဖြစ်ပါတယ်။

ဒီနောက်ပိုင်းကာလမှာ Artificial Intelligence (AI)ရဲ့ လုပ်နိုင်စွမ်းက တော်တော်လေး တိုးတက်လာနေပြီး နယ်ပယ်အစုံမှာ တော်တော်လေးလည်း အသုံးတည့်လာတာ တွေ့ရပါတယ်။ ဒါပေမယ့် အရာတစ်ခုက ရေပန်းစားလာပြီ ဆိုတာနဲ့ သူ့မှာ Pros and Cons လို့ခေါ်တဲ့ ကောင်းကျိုးရှိသလို ဆိုးကျိုးလည်း ရှိပါတယ်။

ဒါပေမယ့် ဘေယန်မြူးနစ်ရဲ့ ချန်ပီယံလိဂ် နိုင်ပွဲထက် ပိုပြီး စိတ်ဝင်စားဖို့ ကောင်းနေတဲ့ ကိစ္စ တစ်ခု ရှိနေပါတယ်။

AI လုပ် လုပ်ကြံ ဗီဒီယို ပြသနာကို ဖြေရှင်းဖို့ ကြိုးစားနေတဲ့ နော်အာ

အခု နော်အာ ကြုံတွေ့နေရတာက ဆိုးကျိုး ဖြစ်ပါတယ်။ ဒီအက်ပလီကေးရှင်း ဆိုတာ ကလည်း Scam တစ်ခုပါ။ လူတွေဆီက အထူးသဖြင့် အသုံးပြုသူတွေဆီက ငွေကြေး လိမ်လည်ဖို့ ဖန်တီးထားတဲ့ အရာ တစ်ခု ဖြစ်ပါတယ်။ ဗီဒီယိုထဲမှာ နော်အာက “ခင်ဗျား တို့ကို ကျွန်တော် ယူရိုတစ်ထောင်နဲ့ အထက်ကို အချိန်တို အတွင်း ဘယ်လိုမျိုး ရှာနိုင်ခဲ့လဲ ပြောပြပါမယ်” ဆိုပြီး စထားပါတယ်။

ဒီမှာကတည်းက လွဲသွားပါပြီ။ လုပ်တဲ့ ကောင်တွေကလည်း လုပ်ပဲ လုပ်တတ်လွန်းပါတယ်။ နော်အာ အတွက်တော့ ယူရို တစ်ထောင်ဆိုတာ ဘာမှမဟုတ်တဲ့ ပမာဏပါ။ ကမ္ဘာကျော် ဘောလုံးသမား တစ်ယောက် အတွက်၊ စက္ကန့် အလိုက် ငွေဝင်နေတဲ့သူတွေ အတွက် ဒီလိုမျိုး အက်ပလီကေးရှင်းမှာ ယူရို တစ်ထောင်ကို ဘယ်လို ယူရမလဲ ဆိုတာ ကလည်း ဟာသ တစ်ခုလိုပါပဲ။

နော်အာ ကိုယ်တိုင် ရိုက်ထားတဲ့ ဒီဗီဒီယိုမှာ နော်အာရဲ့ ပါးစပ် အလှုပ်၊ အသံနဲ့အတူ ကတ်ဒ်တွေကိုပါ စနစ်တကျဖြစ်အောက် ဖြတ်ထား၊ ဆက်ထားပြီး တော်ရုံလူတွေ အတွက်တော့ ဒါက နော်အာ ကိုယ်တိုင် အမှန်တကယ် ရိုက်ကူး ကြော်ငြာပေးနေတဲ့ ဗီဒီယို အစစ်ပဲလို့ ထင်ရမှာပါ။

ဘွန်ဒက်စ်လီဂါ

မွန်ချန်ဂလာဘတ်ချ်

မိန့်ဇ်

1X2 မွန်ချန်ဂလာဘတ်ချ် @ 2.13

ဂိုးအောက် 3.00 @ 1.85

ဂိုးပေါင်း 2-3 @ 2.05

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဒီနေရာတွင် နှိပ်ပါ

ဒီဗီဒီယိုထဲမှာ နော်အာက သူ့ရဲ့ ကလပ် ဘွန်ဒက်စ်လီဂါ ဘီလူးကြီး ဘေယန်မြူးနစ်ရဲ့ ဂျာစီကိုတောင် ဝတ်ဆင်ထားလိုက်ပါသေးတယ်။ အခုတော့ နော်အာရဲ့ ရှေ့နေတွေက ဒီအက်ပလီကေးရှင်းကို တရားစွဲဖို့ စဉ်းစားနေပါပြီ။

အရင်ဆုံး ဒီအက်ပလီကေးရှင်းကို ခြေရာခံရမှာ ဖြစ်ပြီး အဲ့ဒီနောက်မှသာ ဖမ်းမိဖို့ ဆက်လုပ်ရမှာပါ။ နော်အာ တစ်ယောက် ChatGPT တို့၊ ဘာတို့ကို စသုံးဖူးပြီလားတော့ မပြောတတ်ပါဘူး။ ဒါပေမယ့် AI ရဲ့ ဆိုးကျိုး ကိုတော့ အကြီးအကျယ် ခံစားလိုက်ရပါပြီ။

ဒီဗီဒီယို ကလည်း နော်အာရဲ့ ရှိပြီးသား ဗီဒီယို တစ်ခုကို ယူ၊ ပြီးမှ အသံတွေနဲ့ ဘာတွေကို AI နဲ့ ကောက်ပြောင်းပြီး ဖန်တီးထားတာမျိုးပါ။ ဘာပဲဖြစ်ဖြစ် ကမ္ဘာကျော် ကစားသမားတွေ အတွက် ဒီဖြစ်ရပ်က သတိထားစရာ ဖြစ်ပြီး ရှေ့ကနေ ဒါမျိုးလုပ်ပြသွားတဲ့သူ ရှိတယ် ဆိုတော့လည်း နောက်လူတွေက ကမ္ဘာကျော် ကစားသမားတွေကို အသုံးချပြီး ဒီလိုမျိုး Scam တွေကို မဖန်တီးဘူးလို့ မပြောနိုင်ပါဘူး။

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

This message was edited by SBOTOP on 05-Oct-2023 at 6:48 PM





   Like     
SBOTOP 05-Oct 2023 Thursday 6:51 PM (55 days ago)            #21
OFFICIAL
Sportsbook
Representative


Posts: 24629
Liked By: 5449
Joined: 19 Mar 06
Followers: 7



Tipsters
Championship:
Player has
not started

 

ဥရောပ ဘောလုံး စင်မြင့်ထက်မှာ တန်းဝင်သေးကြောင်း သက်သေပြရမယ့် အေစီမီလန် (စီးရီးအေ)

စီးရီးအေ ထိပ်သီး ကလပ် အေစီမီလန်က ချန်ပီယံလိဂ် ဆိုရင် ပြောင်ပြောင်ရောင်ရောင် ရှိခဲ့တာ လွန်ခဲ့တဲ့ နှစ်များစွာကပါ။ ကာလို အန်ဆယ်လော့တီ၊ ကာကာ၊ ဆီးဒေါ့ဖ်၊ ရှက်ဗ်ချန်ကို၊ ဂတ်တူဆို၊ ဒီဒါ၊ မာလ်ဒီနီ တို့နဲ့ အတူ မြင်တွေ့ခဲ့ရတဲ့ အေစီမီလန်ရဲ့ ဥရောပ ညချမ်းတွေက လွမ်းလောက်စရာပါပဲ။

ဒါပေမယ့် နောက်ပိုင်း မှာတော့ စီးရီးအေ ကလပ်တွေရဲ့ အရှိန်အဝါက ဥရောပ ဘောလုံးဇာတ်ခုံပေါ်မှာ သိသိသာသာ ကျဆင်းလာခဲ့ပြီး အေစီမီလန် ကလည်း အပြောင်းအလဲများစွာနဲ့ အတူ ခေတ်တစ်ခုမှာ နောက်ကျကျန်ရစ်ခဲ့ပါတယ်။ အေစီမီလန်တို့ ရှေ့တစ်နှစ် ကတော့ စီးရီးအေ ချန်ပီယံဆုကို ရယူနိုင်ခဲ့ပြီး အဲ့ဒီနောက် ပြီးခဲ့တဲ့ရာသီ မှာတော့ ချန်ပီယံလိဂ်မှာ ဆီမီးဖိုင်နယ် အထိ တစ်ကျော့ပြန် တက်ရောက်နိုင်ခဲ့ပါတယ်။

အင်တာမီလန်နဲ့ အတွေ့မှာ ပြုတ်ကျန်ရစ်ခဲ့ပေမယ့် သူတို့ရဲ့ အလားအလာ၊ လုပ်နိုင်စွမ်းတွေကို ဒီရာသီမှာ အများကြီး မျှော်လင့်ခဲ့ကြပါတယ်။ ကံဆိုးချင်တော့လည်း အေစီမီလန်တို့ ဒီရာသီ ချန်ပီယံလိဂ်ရဲ့ မရဏအုပ်စုထဲ ရောက်သွားခဲ့ပါတယ်။

အေစီမီလန်တို့ ရှေ့တစ်နှစ် ကတော့ စီးရီးအေ ချန်ပီယံဆုကို ရယူနိုင်ခဲ့ပြီး အဲ့ဒီနောက် ပြီးခဲ့တဲ့ရာသီ မှာတော့ ချန်ပီယံလိဂ်မှာ ဆီမီးဖိုင်နယ် အထိ တစ်ကျော့ပြန် တက်ရောက်နိုင်ခဲ့ပါတယ်။

၂၀၀၇ ခုနှစ်က နောက်ဆုံး အကြိမ် ချန်ပီယံလိဂ်မှာ ဗိုလ်စွဲထားတဲ့ အေစီမီလန်

ပရီးမီးယားလိဂ်မှာ ခြေစွာလာတဲ့ နယူးကာဆယ်၊ ပြင်သစ် ထိပ်သီး ကလပ် ပီအက်စ်ဂျီ၊ ဘွန်ဒက်စ်လီဂါရဲ့ အစဉ်အလာရှိ ကလပ် ဒေါ့မန် တို့နဲ့ တစ်အုပ်စုတည်း ကျရောက်ခဲ့တာပါ။ ဒီအထဲမှာ ဥရောပ အတွေ့အကြုံ အနုနယ်ဆုံးက နယူးကာဆယ် ဖြစ်ပြီး အေစီမီလန် တို့လည်း အိမ်ကွင်းမှာပဲ ဒီအသင်းကို ဧည့်ခံကစားခဲ့ရပါတယ်။

ဒါပေမယ့် ဖြစ်ချင်တော့ နှစ်သင်းစလုံးမှာ Opening Fear ဝင်နေပုံရပြီး အေစီမီလန်က တော်တော်လေး ဖိကစားနိုင်ခဲ့ပေမယ့် တစ်ဂိုးမှ မရခဲ့ဘဲ သရေနဲ့သာ ကျေနပ်လိုက်ရပါတယ်။ ဒါက အေစီမီလန် အတွက် အချက်ပေး ခေါင်းလောင်းသံပါ။

ဒီအုပ်စုမှာက တစ်ပွဲမှ အမှားခံလို့မရ၊ အင်အားတွေက အဆင့်အတန်းချင်းတူနေတဲ့ အနေအထားမျိုးမှာ နိုင်သင့်နိုင်ထိုက်တဲ့ ပွဲမျိုးကို မနိုင်ခဲ့တာ စီးရီးအေ ထိပ်သီး အေစီမီလန် အတွက် နစ်နာပါတယ်။ အခုတော့ သူတို့က ဒုတိယမြောက် စမ်းသပ်မှု အဖြစ် ဒေါ့မန်နဲ့ ရင်ဆိုင်ရမှာပါ။

ဒီပွဲမှာပါ ထပ်ပြီး အမှတ်ဆုံးခဲ့ရင်၊ နိုင်ပွဲမရှာဖွေနိုင်သေးဘူး ဆိုရင် သူတို့ အတွက် တစ်ပူပေါ်၊ နှစ်ပူဆင့် ဖြစ်လာပါလိမ့်မယ်။ လက်ရှိ အုပ်စုအနေအထားအရ ပီအက်စ်ဂျီက ဒေါ့မန်ကို အုပ်စု အဖွင့်ပွဲမှာ အနိုင်ကန်ပြီး စင်ပေါ် ရောက်သွားပါပြီ။

အေစီမီလန်တို့ ဒီနောက်ကို အမီလိုက်နိုင်ဖို့ အရေးကြီးပါတယ်။ ဒီအုပ်စုက နောက်ဆုံးပွဲစဉ် အထိ အဆုံးအဖြတ် စောင့်ကြည့်ရမယ့် အုပ်စု တစ်ခုလို့ သုံးသပ်နိုင်ပါတယ်။ သာမန်အားဖြင့် ချန်ပီယံလိဂ် အုပ်စုတွေမှာ အသင်းကြီး နှစ်သင်းပါမယ်၊ ဖျက်မြင်း တစ်သင်းနဲ့ အိမ်ဖြည့် တစ်သင်း ဆိုတဲ့ အနေအထားမျိုး ရှိပါတယ်။

စီးရီးအေ

နာပိုလီ

ဖီအိုရင်တီးနား

1X2 သရေ (Draw) @ 3.80

ဂိုးပေါင်း 2-3 @ 1.97

ဂိုးပေါ် 2.75 @ 1.93

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဒီနေရာတွင် နှိပ်ပါ

ဒါပေမယ့် အေစီမီလန်ရှိတဲ့ အုပ်စုက အကုန်လုံး ကော်ကောင်တွေ ဖြစ်နေပါတယ်။ အိမ်ဖြည့် မဟုတ်၊ ဖျက်မြင်း မဟုတ်ဘဲ အဆင့်အတန်း တစ်ခု အထိ ရှိနေပြီး နယူးကာဆယ်တို့ ဥရောပွဲကြောင်၊ မကြောင် ကိုပဲ ကြည့်ရပါလိမ့်မယ်။

ဒီတော့ ချန်ပီယံလိဂ် အုပ်စု ပွဲစဉ် ပထမ Round မှာကတည်းက အေစီမီလန်တို့ ရနိုင်သမျှ အမှတ်တွေကို စုဆောင်းထားဖို့ လိုအပ်ပါတယ်။ ဒုတိယအကျော့ ပွဲစဉ်တွေ ပြန်လာရင် အသင်းတွေက တစ်သင်း အကြောင်း၊ တစ်သင်း ကောင်းကောင်းသိပြီး တကယ်ကို ပြင်းထန်တဲ့ ပြိုင်ဆိုင်မှုတွေ ဖြစ်လာမှာပါ။

အေစီမီလန် အတွက် ပထမဆုံး ခြေလှမ်းအနေနဲ့ ဒုတိယအကြိမ် အခွင့်အရေးရတာက ဒီနေ့ ဒေါ့မန်နဲ့ ပွဲပါ။ ဒါကို အေစီမီလန်တို့ အကောင်းဆုံး ကျော်ဖြတ်ပြနိုင်ဖို့ လိုအပ်ပါတယ်။

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

This message was edited by SBOTOP on 05-Oct-2023 at 6:51 PM





   Like     
SBOTOP 20-Oct 2023 Friday 3:06 PM (41 days ago)            #22
OFFICIAL
Sportsbook
Representative


Posts: 24629
Liked By: 5449
Joined: 19 Mar 06
Followers: 7



Tipsters
Championship:
Player has
not started

 

ဒဏ်ရာ ပြဿနာ၊ ဘယ်လင်ဟမ်ရဲ့ တောက်ပမှုနဲ့ ရီးရဲလ်မက်ဒရစ်ရဲ့ အလားအလာ (လာလီဂါ)

ရီးရဲလ်မက်ဒရစ်က ဒီရာသီ လာလီဂါ ထိပ်သီး ရီးရဲလ်မက်ဒရစ်ရဲ့ ဒဏ်ရာပြဿနာ ကလည်း ကြောက်ခမန်းလိလိပါပဲ။ ပွင့်ပွင့်လင်းလင်း ပြောရရင် သူတို့ရဲ့ လက်ရှိ လူစာရင်းက ပြိုင်ပွဲစုံမှာ စစ်မျက်နှာ ဖွင့်ဖို့ လုံလောက်တဲ့ အနေအထားမျိုးမှာ မရှိပါဘူး။ ဒါက တစ်ကိုယ်ရည်စာ အမြင်အရ ပြောတာပါ။

ကော့တွိုက်စ် မထင်မှတ်ဘဲနဲ့ လေ့ကျင့်ရေးကွင်းမှာ ဒူးအရွတ်စုတ်သွားတယ်၊ အဓိက နောက်ခံလူ မီလီတောင် ကပါ အလားတူ ဒဏ်ရာ ပြဿနာမျိုးနဲ့ ထပ်မံ ရင်ဆိုင်ရတယ်။ ဒီကြားထဲ ဝါတစ်ခုတည်းကို ကြည့်ပြီး အားကိုးနေရတဲ့ နောက်ခံလူ အသင်းခေါင်းဆောင် နာချို ကပါ ပွဲပယ် ပြစ်ဒဏ်နဲ့ ရင်ဆိုင်လိုက်ရပါသေးတယ်။

ဒီလောက်အထိ ကြုံခဲ့ပြီးတာတောင်မှ ရီးရဲလ်မက်ဒရစ်တို့ လာလီဂါ အပါအဝင် ပြိုင်ပွဲစုံမှာ ပုံစံကောင်း ပြသပြီး အဖွင့်လှနေတာ အံ့အားသင့်ဖို့တောင် ကောင်းပါတယ်။ တစ်ခုရှိတာက သူတို့ရဲ့ Collective ဖြစ်မှု၊ Flexible ဖြစ်မှု ဒါတွေက အခြား အသင်းတွေနဲ့ ယှဉ်ရင် တော်တော်လေး စကားပြောသွားပါတယ်။

ဒီလောက်အထိ ကြုံခဲ့ပြီးတာတောင်မှ ရီးရဲလ်မက်ဒရစ်တို့ လာလီဂါ အပါအဝင် ပြိုင်ပွဲစုံမှာ ပုံစံကောင်း ပြသပြီး အဖွင့်လှနေတာ အံ့အားသင့်ဖို့တောင် ကောင်းပါတယ်။

လာလီဂါ အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ ရီးရဲလ်မက်ဒရစ်

ဂျူ့ဒ် ဘယ်လင်ဟမ် အလျင်အမြန် အထိုင်ကျသွားတာက အန်ဆယ်လော့တီ အတွက်၊ စံချိန်တင် ပြောင်းရွှေ့ကြေး သုံးထားရတဲ့ အသင်း အတွက် တော်တော်လေး အသက်ရှူချောင်သွားစေပါတယ်။ ဒါပေမယ့် ဒါက ရေတို ဖြေရှင်းမှုပဲ ဖြစ်ပြီး ဂိုးတွေ သွင်းပေးမယ့် အဓိက တိုက်စစ်မှူး မရှိတာက မိုးထဲရေထဲ ရောက်ရင် သိသာလာနိုင်ပါတယ်။

ဟိုဆေးလူကို ပွဲထွက် ကစားသမား အဖြစ် အားကိုးလို့ မရတဲ့ အနေအထားမျိုးမှာ ဗင်နီးစီးယပ်စ်နဲ့ ရိုဒရီဂို တို့က တိုက်စစ်က ဂိုးသွင်း တာဝန်ကို ခွဲဝေယူဖို့ အဓိက တည်ထားခဲ့ပါတယ်။ ဒါပေမယ့် မထင်မှတ်ဘဲ ဘယ်လင်ဟမ် ဂိုးသွင်းခြေ တွေ့သွားတာ ကလည်း သူတို့ အတွက် ဖိအားတွေ လျော့ကျစေခဲ့ပါတယ်။

နောက်ပြီး ဒီရာသီမှာ တိုက်စစ် ကစားသမားစစ်စစ် ဂိုးရဖို့ ခက်တဲ့ ကိစ္စ ကလည်း ဘယ်လင်ဟမ်ရဲ့ သွင်းဂိုးတွေကြောင့် လူတွေ မေ့မေ့လျော့လျော့ ဖြစ်နေတာပါ။ ပြောရရင် ဒီအချက်က လာလီဂါ ထိပ်သီးတို့ အတွက် ဟာကွက် တစ်ခုပါပဲ။ ဒီဟာကွက်ကို ဘယ်လင်ဟမ်ရဲ့ စွမ်းဆောင်ရည်တွေနဲ့ ဖုံးထားတာ ဖြစ်ပါတယ်။

ဒါက ဘယ်လောက်အထိ အချိန်ကြာကြာ သွားနိုင်မလဲ ဘယ်သူမှ မပြောနိုင်ပါဘူး။ ဘယ်လင်ဟမ် ဂိုးမသွင်းနိုင်တဲ့ ပွဲတွေ၊ ခြေကျလာတဲ့ အခိုက်အတန့်တွေ ရှိလာနိုင်ပြီး ဒီအချိန်တွေက ရီးရဲလ်မက်ဒရစ်ကို အမှန်တကယ် စာမေးပွဲစစ်မယ့် အချိန်ကာလတွေပါပဲ။

ပရီးမီးယားလိဂ်

မန်ချက်စတာစီးတီး

ဘရိုက်တန်

1X2 မန်ချက်စတာစီးတီး @ 1.42

ဂိုးပေါင်း 2-3 @ 2.36

ဂိုးပေါ် 3.50 @ 1.89

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဒီနေရာတွင် နှိပ်ပါ

ဂိုးသမား နေရာ အတွက် ကီပါကို ပြန်ခေါ်ထားပေမယ့် နောက်တန်း အတွက် တင်းပြည့် ကျပ်ပြည့် ကစားသမား ပြန်ခေါ်ဖို့ အချိန် မရလိုက်ပါဘူး။ အခုချိန်မှာ အလာဘာ ဒဏ်ရာက ပြန်လည် သက်သာလာတာက သတင်းကောင်း ဆိုပေမယ့် ဥရောပအဆင့်ပွဲကြီးတွေ အတွက် ဒါက လုံလောက်နေလား ဆိုတော့လည်း မဟုတ်ပြန်ပါဘူး။

အခုရာသီက အန်ဆယ်လော့တီ အတွက် နောက်ဆုံး ရာသီပါ။ အရင်က ခြေစွမ်းတွေပြခဲ့တဲ့ ရိုဒရီဂို၊ ဗင်နီးစီးယပ်စ်တို့ ဆီက Miracle Moments တွေ မမြင်ရတာ ကြာနေပြီး အဆုံးအဖြတ် အချိန်တွေမှာ ဘယ်သူတွေ ကယ်တင်မလဲ၊ ဘယ်လိုမျိုး ကျော်ဖြတ်နိုင်မလဲ ဆိုတာ ရီးရဲလ်မက်ဒရစ်တို့ အစမ်းသပ်ခံရဦးမှာပါ။

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

This message was edited by SBOTOP on 20-Oct-2023 at 3:06 PM





   Like     
SBOTOP 20-Oct 2023 Friday 3:07 PM (41 days ago)            #23
OFFICIAL
Sportsbook
Representative


Posts: 24629
Liked By: 5449
Joined: 19 Mar 06
Followers: 7



Tipsters
Championship:
Player has
not started

 

နှစ်ပွဲဆက် နိုင်ပွဲ ပျောက်ခဲ့တဲ့ ဘရာဇီးလ်၊ မက်ဆီရဲ့ သွင်းဂိုးတွေနဲ့ နိုင်ပွဲဆက်ခဲ့တဲ့ အာဂျင်တီးနား | ကမ္ဘာ့ဖလား ခြေစစ်ပွဲ

ဒီကနေ့ မနက် အစောပိုင်းမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ တောင်အမေရိကဇုန် ခြေစစ်ပွဲတွေမှာတော့ နာမည်ကြီး ဘရာဇီးလ်တို့ ဥရုဂွေးကို အဝေးကွင်းမှာ အရေးနိမ့်ခဲ့ပေမယ့် အာဂျင်တီးနား ကတော့ ပီရူးကို အနိုင်ရသွားခဲ့ပါတယ်။

ဥရုဂွေး ၂-၀ ဘရာဇီးလ်

နှစ်သင်းစလုံး အတောင့်တင်းဆုံး လူစာရင်း ကိုယ်စီနဲ့ ပွဲထွက်လာခဲ့ကြပြီး အိမ်ရှင် ဘက်မှာ နူညက်ဇ်၊ အာရူဟို၊ ပယ်လီစထရီ၊ ဗယ်ဗာဒီတို့ ပါဝင်ခဲ့သလို ဘရာဇီးလ် ဘက်မှာတော့ ဂျေဇုစ်၊ နေမာ၊ ဗင်နီးစီးယပ်စ်၊ ဂီမာရေးစ်၊ ကက်စမဲရိုး၊ ဂါဘရီရယ် တို့လို ကစားသမားတွေ ပွဲထွက်ခဲ့ပါတယ်။ ဒီနေ့ ပွဲမှာ ဘရာဇီးလ်တို့ ဘောလုံး ပိုင်ဆိုင်မှု အသာရခဲ့ပေမယ့် အိမ်ရှင် ဥရုဂွေးရဲ့ ပုံစံကောင်း တစ်ခုကြောင့် ကစားရခက်ခဲခဲ့ပါတယ်။

လာလီဂါ

အိုဆာစူနာ

ဂရာနာဒါ

1X2 အိုဆာစူနာ @ 1.82

ဂိုးအောက် 2.50 @ 1.90

ဂိုးပေါင်း 2-3 @ 1.89

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဒီနေရာတွင် နှိပ်ပါ

ဥရုဂွေးရဲ့ ဂိုးပေါက်ကို ထင်ထားသလောက် မခြိမ်းခြောက်နိုင်ခဲ့သလို နေမာ ဒဏ်ရာရသွားတာကြောင့်လည်း ဘရာဇီးလ်တို့ ဂိုးဖန်တီးမှု အပိုင်းမှာ သိသိသာသာ အားနည်းသွားခဲ့တာ ဖြစ်ပါတယ်။ စူပါစတား နေမာ အနေနဲ့ ပထမပိုင်း ပြီးခါနီးမှာ ဥရုဂွေး တိုက်စစ် ကစားသမား ဒယ်လာ ခရုဇ်နဲ့ ထိခိုက်ခဲ့ပြီး ပြင်းထန်တဲ့ ဒဏ်ရာ ရရှိသွားခဲ့တာကြောင့် ကွင်းထဲ ကနေ ထမ်းစင်နဲ့တောင် သယ်ထုတ်သွားခဲ့ရတဲ့ အထိ ဖြစ်ခဲ့ပါတယ်။

ဥရုဂွေး အတွက် အနိုင်ဂိုးတွေ ကိုတော့ ပွဲချိန် ၄၂ မိနစ်မှာ ဒါဝင် နူညက်ဇ်နဲ့ ၇၇ မိနစ်မှာ ဒယ်လာ ခရုဇ် တို့က သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ ဒီနိုင်ပွဲကြောင့် ဥရုဂွေးတို့ ၂ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးနေမှု ကနေ ပြန်လာနိုင်ခဲ့သလို ရမှတ် ၇ မှတ်နဲ့ အမှတ်ပေးဇယားရဲ့ အဆင့် ၂ နေရာအထိ တက်လှမ်းနိုင်ခဲ့ပါတယ်။ ဘရာဇီးလ် ကတော့ နောက်ပိုင်း နှစ်တွေမှာ ဥရုဂွေးနဲ့ တွေ့ဆုံချိန်တိုင်း ရလဒ်ကောင်းတဲ့ အစဉ်အလာ ပျက်သွားခဲ့သလို ကမ္ဘာ့ဖလား ခြေစစ်ပွဲ ၂ ပွဲဆက် နိုင်ပွဲ ပျောက်ခဲ့ရပါတယ်။

ပီရူး ၀-၂ အာဂျင်တီးနား

ဒီနိုင်ပွဲကြောင့် အာဂျင်တီးနားတို့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ တောင်အမေရိကဇုန် အုပ်စု ထိပ်ဆုံး ကနေ ၅ မှတ်ဖြတ် ဆက်လက် ဦးဆောင်နိုင်ခဲ့ပါတယ်။

ကမ္ဘာ့ဖလား ခြေစစ်ပွဲ တောင်အမေရိကဇုန် အုပ်စုကို ဦးဆောင်နေတဲ့ အာဂျင်တီးနား

ကြိုတင် ခန့်မှန်းပေးခဲ့တဲ့ အတိုင်း အာဂျင်တီးနားတို့ ပီရူးကို မက်ဆီရဲ့ သွင်းဂိုး ၂ ဂိုးနဲ့ အတူ အနိုင်ရရှိသွားခဲ့တာ ဖြစ်ပါတယ်။ ရှေ့ပွဲမှာ အဓိက ပြိုင်ဘက် ဘရာဇီးလ်တို့ ရှုံးပွဲ တွေ့ခဲ့တာကြောင့် အာဂျင်တီးနားတို့ အမှတ်ဖြတ်နိုင်ရေး အားစိုက်သွားခဲ့ပါတယ်။

အာဂျင်တီးနားတို့ အစောပိုင်း မိနစ်တွေ မှာတင်ပဲ သွင်းဂိုးတွေ ရရှိခဲ့တာ ဖြစ်ပြီး GOAT မက်ဆီ ကပဲ သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ ဒီနေ့ပွဲမှာ သွင်းဂိုး ၂ ဂိုး ထပ်ရခဲ့တဲ့ မက်ဆီ တစ်ယောက် နိုင်ငံတကာ သွင်းဂိုး ၁၀၄ ဂိုး အထိ ရှိလာခဲ့ပြီး ရော်နယ်ဒိုကို လိုက်မှီဖို့တော့ ၂၁ ဂိုး လိုအပ်နေပါသေးတယ်။ ဒီနိုင်ပွဲကြောင့် အာဂျင်တီးနားတို့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ တောင်အမေရိကဇုန် အုပ်စု ထိပ်ဆုံး ကနေ ၅ မှတ်ဖြတ် ဆက်လက် ဦးဆောင်နိုင်ခဲ့ပါတယ်။

အခြားပွဲစဉ် ရလဒ်များ

အခြားသော ၃ ပွဲမှာတော့ ခြေတက်နေတဲ့ ဗင်နီဇွဲလားက ချီလီကို ၃ ဂိုးပြတ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။ ဗင်နီဇွဲလား အတွက် သွင်းဂိုးတွေ ကိုတော့ ဆိုတဲလ်ဒို၊ ရွန်ဒွန်၊ မာချီစ် တို့က သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ပါရာဂွေးက ဘိုလစ်ဗီးယားကို ၁-၀ နဲ့ အနိုင်ရခဲ့ပြီး အီကွေဒေါနဲ့ ကိုလံဘီယာ ပွဲ က‌တော့ ခန့်မှန်းခဲ့တဲ့ အတိုင်း ဂိုးမရှိ သရေရလဒ်နဲ့ ပြီးဆုံးသွားခဲ့ပါတယ်။

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

This message was edited by SBOTOP on 20-Oct-2023 at 3:07 PM





   Like     
SBOTOP 03-Nov 2023 Friday 3:02 PM (27 days ago)            #24
OFFICIAL
Sportsbook
Representative


Posts: 24629
Liked By: 5449
Joined: 19 Mar 06
Followers: 7



Tipsters
Championship:
Player has
not started

 

ခြေစွမ်းမကွာတဲ့ နှစ်သင်း တွေ့ဆုံမှု ဖြစ်လို့ သရေရလဒ်နဲ့ အရဲစွန့်ကြည့်မယ် | စီးရီးအေ (ပွဲကြိုသုံးသပ်ချက်)

ဘိုလော့ဂ်နာ – လာဇီယို

ပြီးခဲ့တဲ့ ရက်သတ္တပတ်လယ် ကိုပါအီတာလီယာ ဒုတိယအဆင့် နိုင်ပွဲကြောင့် လန်းဆန်းနေတဲ့ ဘိုလော့ဂ်နာဟာ သောကြာနေ့ညမှာ လာဇီယိုကို စီးရီးအေ ပွဲစဉ် အဖြစ် အိမ်ကွင်းမှာ ယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။

အိမ်ရှင်တွေဟာ လက်ရှိ စီးရီးအေ အမှတ်ပေးဇယား အဆင့် ၈ နေရာမှာ ရပ်တည်နေချိန်မှာ ဧည့်သည်တွေက အဆင့် ၇ နေရာမှာ ၁ မှတ် အသာနဲ့ ရပ်တည်နေတာ ဖြစ်ပါတယ်။ ဘိုလော့ဂ်နာဟာ ဒီရာသီ စီးရီးအေမှာ ရှုံးပွဲ ၁ ပွဲသာ ရှိထားပြီး ကစားရခက်တဲ့ အသင်း တစ်သင်းလို့ သတ်မှတ်လို့ ရပါတယ်။ မာရူဇီယို ဆာရီရဲ့ အသင်း ကတော့ ဒီရာသီမှာ ရှုံးပွဲ ၄ ပွဲအထိ ရှိထားပေမယ့် နောက်ဆုံး ကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၅ ပွဲမှာတော့ ၄ ပွဲနိုင်၊ ၁ ပွဲ ရှုံးထားပါတယ်။

နှစ်ဖက်အသင်း သတင်းများ

ဘိုလော့ဂ်နာဟာ ဆမ် ဘူကီမာ၊ ဆူမာအိုရို၊ လူကူမီတို့ မပါဝင်ဘဲ ကစားသွားရမှာ ဖြစ်ပြီး အယ်လ် အက်ဇူဇီလည်း ဗီရိုနာနဲ့ ပွဲကို လွဲချော်ခဲ့ပြီးနောက် ပါဝင်ကစားပေးဖို့ မသေချာပါဘူး။

လာဇီယို ဘက်မှာတော့ နီကိုလို ကာဆာလဲ တစ်ဦးတည်းသာ လွဲချော်မှာ ဖြစ်ပြီး ကျန်ကစားသမားတွေ အားလုံး ကြံ့ခိုင်မှု ပြည့်ဝနေကြပါတယ်။

ဖြစ်နိုင်ဖွယ် လူစာရင်း

ဘိုလော့ဂ်နာ – စခိုရပ်စကီး၊ ပေါ့ချ်၊ ဘိုနီဖာဇီ၊ လိုင်ကိုဂျန်နစ်၊ ကာလာဖီအိုရီ၊ အဲဘစ်ရှာ၊ မိုရို၊ အော်ဆိုလီနီ၊ ဖာဂူဆန်၊ ကာလ်ဆန်၊ ဇာ့ဇီး

လာဇီယို – ပရိုဗီဒယ်၊ လက်ဇာရီ၊ ပက်ထရစ်၊ ရိုမက်ဂ်နိုလီ၊ မာရူဆစ်၊ ဗီဆီနို၊ ရိုဗယ်လာ၊ အယ်လ်ဘာတို၊ အန်ဒါဆန်၊ အင်မိုဘလီ၊ ဇကာညီ

ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

ဒီနှစ်သင်းကြား ၂၅ ကြိမ် တွေ့ဆုံခဲ့ရာမှာ ဘိုလော့ဂ်နာက ၄ ကြိမ်နိုင် ၈ ကြိမ် သရေ လာဇီယိုက ၁၃ ကြိမ် အနိုင်ရခဲ့ပါတယ်။ နောက်ဆုံး ကစားခဲ့တဲ့ ၅ ပွဲမှာ ဘိုလော့ဂ်နာက ၃ ပွဲ နိုင် ၂ ပွဲ သရေကျခဲ့ပြီး လာဇီယိုက ၄ ပွဲ နိုင် ၁ ပွဲ ရှုံးခဲ့ပါတယ်။

လောင်းကစားဆိုင်ရာ အကြံပြုချက်များ

⭐⭐⭐

ဘိုလော့ဂ်နာ VS လာဇီယို

နိုဝင်ဘာ ၄ ရက်၊ ည ၂:၁၅ နာရီ (GMT+ ၆:၃၀)

1X2 သရေ

@ 3.10

SBOTOP ရဲ့ 1X2 မှာ ဘိုလော့ဂ်နာ နိုင်ရင် ၂.၅၉ ဆ၊ လာဇီယို နိုင်ရင် ၂.၅၄ ဆနဲ့ သရေဆိုရင် ၃.၁၀ ဆပါ။ Handicap မှာ ဒဲ့ပေးထားပြီး နှစ်သက်ရာ အသင်းဘက်က ရပ်တည်နိုင်ပါတယ်။ ဂိုးပေါင်း ကတော့ ၂ လုံး အရှုံး ဖြစ်ပြီး ထိပ်တိုက်တွေ့ခဲ့တဲ့ နောက်ဆုံး ၅ ကြိမ်မှာ လာဇီယိုက ၃ ပွဲ နိုင် ၁ ပွဲသရေ ဘိုလော့ဂ်နာက ၁ ပွဲ အနိုင်ရခဲ့ပါတယ်။ နောက်ဆုံး ကစားခဲ့တဲ့ ၅ ပွဲချင်းကို ပြန်ကြည့်မယ် ဆိုရင် ခြေစွမ်းပိုင်း အရမ်းကွာနေတာမျိုး မရှိတာကြောင့် သရေရလဒ် ထွက်ပေါ်မယ့် ပွဲစဉ်လို့ ဆိုရင် မမှားပါဘူး။ ဒီပွဲကို X ကို အရဲစွန့်ရွေးချင်ပါတယ်။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်

?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

This message was edited by SBOTOP on 03-Nov-2023 at 3:03 PM





   Like     
SBOTOP 03-Nov 2023 Friday 3:04 PM (27 days ago)            #25
OFFICIAL
Sportsbook
Representative


Posts: 24629
Liked By: 5449
Joined: 19 Mar 06
Followers: 7



Tipsters
Championship:
Player has
not started

 

၅ ပွဲဆက် အနိုင်ရရှိဖို့ အားစိုက်လာမယ့် ပီအက်စ်ဂျီကို အားပေးမယ် | လီဂူးဝမ်း (ပွဲကြိုသုံးသပ်ချက်)

ပီအက်စ်ဂျီ – မောင့်ပယ်လီယာလီ

အခုတစ်ခါမှာတော့ ပီအက်စ်ဂျီနဲ့ မောင့်ပယ်လီယာလီ တို့ရဲ့ လီဂူးဝမ်း ပွဲစဉ်ကို အကြောင်း သုံးသပ်ပေးသွားမှာ ဖြစ်ပါတယ်။

ပီအက်စ်ဂျီ ကတော့ ရာသီအစပိုင်းမှာ ရုန်းကန်ခဲ့ရပေမယ့် နောက်ပိုင်း ပွဲတွေ မှာတော့ ပုံစံကောင်း ပြန်ရလာခဲ့ပြီးတော့ ပြိုင်ပွဲစုံ နောက်ဆုံး ၅ ပွဲ ဆက် နိုင်ပွဲ ရယူဖို့ ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်။ အန်နရီကေးရဲ့ အသင်းဟာ ပြီးခဲ့တဲ့ ပွဲမှာ ဘရတ်စ်ကို ၃-၂ နဲ့ ခက်ခက်ခဲခဲ အနိုင်ရရှိခဲ့ပြီး လီဂူးဝမ်း အမှတ်ပေးဇယား ထိပ်က နိစ်ကို ၁ မှတ် အကွာနဲ့ လိုက်လံ ဖိအားပေးနိုင်ခဲ့ပါတယ်။

မောင့်ပယ်လီယေး ကတော့ လီဂူးဝမ်း ပွဲစဉ် ၉ မှာ နန့်စ်ကို ရှုံးခဲ့ပေမယ့် နောက်ဆုံး ပွဲမှာတော့ တူးလော့စ်ကို ၃-၀ နဲ့ သက်တောင့်သက်သာ အနိုင်ရထားခဲ့တာ ဖြစ်ပါတယ်။

နှစ်ဖက်အသင်း သတင်းများ

ပီအက်စ်ဂျီဟာ အဓိက ဝါရင့် နောက်ခံလူ မာကွင်ညို့စ် မပါဝင်နိုင်မှုကြောင့် ခံစစ်ပိုင်း အားနည်းနေတယ် ဆိုတာကို ဘရက်စ်နဲ့ ပွဲမှာ မြင်တွေ့ခဲ့ရပြီး ဘရာဇီးလ် နောက်ခံလူဟာ ဒီပွဲမှာတော့ ပြန်ပါလာမှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း နေမာ၊ နူနို မန်ဒက်စ်၊ အဆန်စီယို၊ ဆာဂျီယို ရီကို၊ ကင်ပန်ဘီ၊ ကီလာ နားဗက်စ်တို့ လွဲချော်မှာ ဖြစ်ပြီး ကာဇာဝါလည်း နာမကျန်းဖြစ်နေတာကြောင့် ပါဝင်နိုင်မှာ မဟုတ်ပါဘူး။

မောင့်ပယ်လီယာလီ ဘက်မှာ နော်ဒင် တစ်ဦးတည်းသာ တံကောက်ကြော ဒဏ်ရာကြောင့် လွဲချော်မှာ ဖြစ်ပြီး တူးလူးစ်ကို ဂိုးပြတ် အနိုင်ရခဲ့တဲ့ လူစာရင်းကို ပြောင်းလဲသွားဖွယ် မရှိပါဘူး။

ပရီးမီးယားလိဂ်

ဖူလ်ဟမ်မန်ချက်စတာ ယူနိုက်တက်

ဒီနေရာတွင် နှိပ်ပါ

နောက်ဆုံးကြေးများအား ကြည့်ရှုရန်

ဖြစ်နိုင်ဖွယ် လူစာရင်း

ပီအက်စ်ဂျီ – ဒွန်နာရမ်းမား၊ ဟာကီမီ၊ မာကွင်ညို့စ်၊ စခရီနီယာ၊ ဟာနန်ဒက်ဇ်၊ လီး၊ အူဂါတီ၊ ဇဲ-အမ်မရီ၊ ဒမ်ဘီလီ၊ ကိုလို မူအာနီ၊ အမ်ဘာပေး

မောင့်ပယ်လီယာလီ – လီကွန်တီ၊ ဆက်ခို၊ ကူယာတေး၊ အက်စတိဗ်၊ ဆီလာ၊ ချိုတက်ဒ်၊ ဖာရီ၊ အယ်လ်-တာမာရီ၊ ဆဗာနီယာ၊ ဖာယက်ဒ်၊ အဒမ်စ်

ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

ဒီနှစ်သင်းကြား အကြိမ် ၃၀ တွေ့ဆုံခဲ့ရာမှာ ပီအက်စ်ဂျီက ၁၈ ကြိမ်နိုင် ၈ ကြိမ်သရေ မောင့်ပယ်လီယေးက ၄ ကြိမ်အနိုင်ရခဲ့ပါတယ်။ နောက်ဆုံး ကစားခဲ့တဲ့ ၅ ပွဲမှာ ပီအက်စ်ဂျီက ၄ ပွဲနိုင် ၁ ပွဲ ရှုံးခဲ့ပြီး မောင့်ပယ်လီယေးက ၂ ပွဲနိုင် ၂ ပွဲ သရေ ၁ ပွဲ ရှုံးခဲ့ပါတယ်။

လောင်းကစားဆိုင်ရာ အကြံပြုချက်များ

⭐⭐⭐

ပဲရစ် စိန့် ဂျာမိန်း VS မောင့်ပယ်လီယာ

နိုဝင်ဘာ ၄ ရက်၊ ည ၂:၃၀ နာရီ (GMT+ ၆:၃၀)

1X2 ပီအက်စ်ဂျီ

@ 1.26

SBOTOP ရဲ့ 1×2 မှာ ပီအက်စ်ဂျီ နိုင်ရင် ၁.၂၆ ဆ၊ မောင့်ပယ်လီယေး နိုင်ရင် ၇.၆၀ ဆနဲ့ သရေဆိုရင် ၅.၆၀ ဆပါ။ Handicap မှာ ပီအက်စ်ဂျီက ၁ လုံး အရှုံးပေးထားပြီး ဂိုးပေါင်းက ၃ လုံး အရှုံးပါ။ ထိပ်တိုက်တွေ့ခဲ့တဲ့ နောက်ဆုံး ၅ ကြိမ်စလုံး ပီအက်စ်ဂျီတို့ အနိုင်ရထားပါတယ်။ လက်ရှိ ခြေစွမ်းအရလည်း ပီအက်စ်ဂျီက အကောင်းဆုံး ပုံစံမှာ ရှိနေလို့ အနိုင်သေချာပါတယ်။ ဂိုးပြတ် မပြတ်ပဲ စောင့်ကြည့်ရမှာပါ။ 1 ကို ရွေးချယ်ပြီး ဆ ပိုလိုချင်ရင်တော့ ၁ လုံး အရှုံးကြေးယူ ကစားပါ။

ခန့်မှန်းရလဒ်

ပီအက်စ်ဂျီ ၁-၂ မောင့်ပယ်လီယာလီ

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်

?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

This message was edited by SBOTOP on 03-Nov-2023 at 3:04 PM





   Like     
SBOTOP 21-Nov 2023 Tuesday 5:00 PM (9 days ago)            #26
OFFICIAL
Sportsbook
Representative


Posts: 24629
Liked By: 5449
Joined: 19 Mar 06
Followers: 7



Tipsters
Championship:
Player has
not started

 

ရော်နယ်ဒို တစ်ယောက် သူ့ အတွက် နောက်ဆုံးသော ယူရို ခြေစစ်ပွဲကို ကစားခဲ့တာလား | ယူရို ၂၀၂၄

ပေါ်တူဂီ တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုကတော့ သူ့ရဲ့ ကစားသမားဘ၀ နောက်ဆုံးသော ယူရိုခြေစစ်ပွဲ အဖြစ် ညကကစားခဲ့တဲ့ အိုက်စလန်နဲ့ ပွဲကို ပါဝင်ကစားခဲ့ပါတယ်။ ဘာလို့ နောက်ဆုံး ခြေစစ်ပွဲလို့ ပြောရလဲဆိုရင် ယူရို ၂၀၂၈ အတွက် ခြေစစ်ပွဲတွေကို ၂၀၂၇ မှ ကျင်းပမှာပါ။ အဲဒီအချိန်ဆိုရင် ရော်နယ်ဒိုက အသက် ၄၀ ကျော်ပြီး ကစားသမားဘ၀ ကပါ အနားယူနေလောက်ပါပြီ။ သူ မကစားပေးနိုင်တော့ပါဘူး။ ဒါကြောင့် ညက အိုက်စလန်နဲ့ ယူရို ၂၀၂၄ ခြေစစ်ပွဲဟာ သူ့အတွက် နောက်ဆုံးသော ယူရိုခြေစစ်ပွဲ ဖြစ်လာခဲ့တာပါ။ ဒီပွဲမှာ သူ ဝင်ကစားပြီး ဂိုးသွင်းယူကာ နှုတ်ဆက်နိုင်မယ်လို့ ထင်ခဲ့ပေမယ့် ရော်နယ်ဒို ဂိုးမသွင်းနိုင်ခဲ့ပါဘူး။

ပေါ်တူဂီက ဘရူနို ဖာနန်ဒက်စ်၊ ဟော့တာ တို့ရဲ့ ဂိုးတွေနဲ့ အနိုင်ရခဲ့ပြီး ယူရို ၂၀၂၄ ခြေစစ်ပွဲမှာ ၁၀ ပွဲစလုံး အနိုင်ရကာ ခြေစစ်ပွဲ အောင်မြင်ခဲ့ပါတယ်။ ရော်နယ်ဒိုက ၁၀ ဂိုး အထိ သွင်းယူခဲ့ပြီး သူ့အသက်အရွယ်နဲ့ ဒီလောက်ထိ လုပ်ပြနိုင်တာကိုက အံ့အားသင့်စရာပါ။ ဒီပွဲ မတိုင်ခင်မှာ အသင်းဟောင်း စပို့တင်းလစ္စဘွန်းက သူ့ကို ဂုဏ်ပြုပြီး ထုတ်လုပ်ထားတဲ့ အသင်းရဲ့ တတိယမြောက် ဂျာစီကို လက်ဆောင် အဖြစ် ပေးအပ်ကာ ဂုဏ်ပြုခဲ့ပါသေးတယ်။ လာမယ့်လ အနည်းငယ် အတွင်းမှာ အသက် ၃၉ နှစ်ပြည့််တော့မယ့် ရော်နယ်ဒိုဟာ ယူရို ၂၀၂၄ ပြိုင်ပွဲကြီး ကိုတော့ ဝင်ကစားမှာ သေချာပါတယ်။

ယူရို ၂၀၂၄ ပြီးရင်လည်း ပြိုင်ပွဲကြီးတွေကို သူ ကျောခိုင်းပြီဆိုတာကို မြင်တွေ့ရဦးမှာပါ။

ဘရူနို ဖာနန်ဒက်စ်၊ ဟော့တာ တို့ရဲ့ သွင်းဂိုးတွေနဲ့ အိုက်စ်လန်ကို အနိုင်ရခဲ့တဲ့ ပေါ်တူဂီ

ညက ပွဲကို ပရိသတ် တော်တော်များများ စောင့်ကြည့် အားပေးခဲ့ပြီး ရော်နယ်ဒိုရဲ့ နောက်ဆုံး ခြေစစ်ပွဲ ဆိုတဲ့ အသိစိတ်နဲ့ပါ။ ဂန္ထဝင်ကစားသမား တစ်ဦးရဲ့ ဒီပွဲဟာ တချိန်မှာ အမှတ်တရ ဖြစ်စရာ၊ ပြန်ပြောင်းပြ ပြောချင်စရာ ဖြစ်လာမှာ သေချာပါတယ်။ သူသာ ဂိုးရခဲ့ရင် ပိုပြီး ပြောစမှတ်တွင်ခဲ့မှာ ဆိုပေမယ့် ရော်နယ်ဒို မလုပ်နိုင်ခဲ့တာတော့ နှမျောစရာပါပဲ။ အခုတော့ သူနဲ့ ယူရို ခြေစစ်ပွဲတွေ ကြားမှာ ကန့်လန်ကာချလိုက်ပါပြီ။ ယူရို ၂၀၂၄ ပြီးရင်လည်း ပြိုင်ပွဲကြီးတွေကို သူ ကျောခိုင်းပြီဆိုတာကို မြင်တွေ့ရဦးမှာပါ။ ကမ္ဘာ့ ဘောလုံးသမိုင်းထဲက အကောင်းဆုံး ကစားသမား တစ်ဦးကို ကျနော်တို့ နှုတ်ဆက်ရပါဦးမယ်။

အဲဒါကြောင့်လည်း အခုချိန်မှာ ရော်နယ်ဒိုရဲ့ ပွဲတွေကို ၀အောင် ကြည့်ထားကြ ဆိုပြီး တိုက်တွန်းနေကြတာပါ။ ပွဲက အရေးပါသည် ဖြစ်စေ၊ မပါသည် ဖြစ်စေ ရော်နယ်ဒိုကြောင့် အသက်ဝင်၊ စိတ်ဝင်စားစရာ ကောင်းနေခဲ့တာပါ။ ဒါကိုကပဲ သူ့ရဲ့ အရှိန်အဝါ ဖြစ်ပါတယ်။ ရော်နယ်ဒိုက ပြိုင်ပွဲတွေကို တစ်ခုပြီး တစ်ခု နှုတ်ဆက်ကာ သူ့ရဲ့ ကစားသမားဘ၀ကို အဆုံးသတ်မှာပါ။ အခု ခြေစစ်ပွဲ၊ ပြီးရင် ယူရို ပြိုင်ပွဲကြီး အဲဒီနောက် ပြိုင်ပွဲ တစ်ခုပြီး တစ်ခုကို စွန့်ခွာကာ မြက်ခင်းစိမ်းတွေကို အပြီးတိုင် နှုတ်ဆက်ပါလိမ့်မယ်။ ဒါတွေက မလွဲမသွေ ကြုံတွေ့ရမှာပါ။

ဒီလိုမျိုးကို မမြင်ချင်လည်း မြင်တွေ့ရဦးမှာပါပဲ။ အခုချိန်ထိတော့ သူက အားလုံးကို အံ့အားသင့်စေမယ့် ကြံ့ခိုင်မှု၊ ခြေစွမ်း၊ သွင်းဂိုးတွေနဲ့ ဖျော်ဖြေနေတုန်းပါပဲ။ သိပ်မကျန်တော့တဲ့ အချိန်ကာလတွေမှာ သူကစားတာတွေ ကိုပဲ ဂရုတစိုက် ကြည့်ဖို့ပဲ ရှိပါတယ်။ နောက်ဆိုရင် သူကစားတာတွေကို အဟောင်းတွေပဲ မြင်ရတော့မှာပါ။ ဒီလိုနဲ့ပဲ ကျနော်တို့ ချစ်တဲ့ ကစားသမားကြီးတွေ တစ်ဦးပြီး တစ်ဦး နှုတ်ဆက် ထွက်ခွာကြ၊ အနားယူကြနေတာပါ။ ရော်နယ်ဒို ပြီးရင်လည်း လီယွန်နယ် မက်ဆီ အလှည့်က လာပါဦးမယ်။ ဘောလုံးပရိသတ်တွေ အတွက် တကယ်ကို စိတ်မကောင်းစရာ အခိုက်အတန့်တွေ ဖြစ်လာဦးမှာတော့ သေချာပါတယ်။

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

This message was edited by SBOTOP on 21-Nov-2023 at 5:01 PM





   Like     
SBOTOP 21-Nov 2023 Tuesday 5:03 PM (9 days ago)            #27
OFFICIAL
Sportsbook
Representative


Posts: 24629
Liked By: 5449
Joined: 19 Mar 06
Followers: 7



Tipsters
Championship:
Player has
not started

 

နိုင်ပွဲ ပြန်ရှာမယ့် အစ္စရေးကို အားပေးရမယ် | ယူရို ၂၀၂၄ (ပွဲကြိုသုံးသပ်ချက်)

ယူရို ၂၀၂၄ နောက်ထပ် ခြေစစ်ပွဲ တစ်ပွဲ အဖြစ် အန်ဒိုရာနဲ့ အစ္စရေးတို့ ကစားမယ့် ပွဲကို သုံးသပ်ပေးသွားမှာ ဖြစ်ပါတယ်။

အန်ဒိုရာဟာ အင်္ဂါနေ့ည အိမ်ကွင်းမှာ အစ္စရေးကို လက်ခံယှဉ်ပြိုင်ရမှာ ဖြစ်ပြီး ခက်ခဲတဲ့ ယူရို ၂၀၂၄ ခြေစစ်ပွဲ အဆင့်ကို ရလဒ်ကောင်း တစ်ခုနဲ့ အဆုံးသတ်ဖို့ ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်။ အန်ဒိုရာဟာ အုပ်စု (I)မှာ ရမှတ် ၂ မှတ်နဲ့ ကြမ်းတိုက်နေရတဲ့ အသင်း ဖြစ်ပြီး နောက်ဆုံး ကစားခဲ့တဲ့ ၅ ပွဲမှာ ၄ ပွဲ အထိ ရှုံးနိမ့်ခဲ့ပြီး ၁ ပွဲသာ သရေရလဒ် ရရှိခဲ့ပါတယ်။

အစ္စရေး ကတော့ ဆွစ်ဇာလန်နဲ့ သရေ၊ ရိုမေးနီးယားကို ရှုံးနိမ့်ခဲ့ပြီးနောက် ရမှတ် ၁၂ မှတ်နဲ့ အုပ်စု တတိယနေရာမှာ ရပ်တည်နေပြီး ယူရို ၂၀၂၄ တိုက်ရိုက်ဝင်ခွင့် မရနိုင်တော့ပေမယ့်လည်း ပလေးအော့ဖ် ကနေ ဝင်ခွင့်ကို မျှော်လင့်နိုင်သေးတာ ဖြစ်ပါတယ်။

နှစ်ဖက်အသင်း သတင်းများ

အန်ဒိုရာဟာ နောက်ဆုံး ကစားခဲ့တဲ့ ဘယ်လာရုဇ်နဲ့ ပွဲမှာ ဒဏ်ရာပြဿနာ မရှိခဲ့ဘဲ အပေါင်း လက္ခဏာဆောင်တဲ့ စွမ်းဆောင်ရည် ဖြစ်ခဲ့လို့ နည်းပြ အယ်လ်ဗာရက်ဇ် အနေနဲ့ အပြောင်းအလဲ ပြုလုပ်ဖွယ် မရှိပါဘူး။

အစ္စရေး ဘက်မှာလည်း ဒဏ်ရာရော ပွဲပယ်ပါ ကင်းစင်နေပြီး အားအကောင်းဆုံး လူစာရင်းနဲ့ ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။

ဖြစ်နိုင်ဖွယ် လူစာရင်း

အန်ဒိုရာ – အယ်လ်ဗာရက်ဇ်၊ ဒီ ပါဘလို့စ်၊ လိုဗီရာ၊ ဗေးလ်စ်၊ ပိုမာရက်စ်၊ ဆာဗော့စ်၊ အလာယက်ဇ်၊ ရီဗက်စ်၊ ဗီယာရာ၊ မာတီနက်ဇ်၊ ဆန်းချက်ဇ်

အစ္စရေး – ဂလေဇာ၊ ဒါဆာ၊ ဗစ်တာ၊ ဂိုးဘတ်၊ ရီဗီဗို၊ ပီရတ်ဇ်၊ လာဗီ၊ ဘာရီဘို၊ ဂလောက်၊ တာဂီမန်း၊ ဇာဟာဗီ

ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

ဒီနှစ်သင်း အကြား ၃ ကြိမ် တွေ့ဆုံခဲ့ရာမှာ အစ္စရေး ကပဲ ၃ ကြိမ်စလုံး အနိုင်ရခဲ့ပါတယ်။ နောက်ဆုံး ကစားခဲ့တဲ့ ၅ ပွဲမှာ အန်ဒိုရာက ၁ ပွဲ သရေ ၄ ပွဲ ရှုံးခဲ့ပြီး အစ္စရေးက ၁ ပွဲ နိုင် ၂ ပွဲ သရေ ၂ ပွဲ ရှုံးခဲ့ပါတယ်။

လောင်းကစားဆိုင်ရာ အကြံပြုချက်များ

⭐⭐⭐

အန်ဒိုရာ VS အစ္စရေး

နိုဝင်ဘာ ၂၂ ရက်၊ မနက် ၂:၁၅ နာရီ (GMT+ ၆:၃၀)

1X2 အစ္စရေး

@ 1.34

SBOTOPရဲ့ 1X2 မှာ အန်ဒိုရာ နိုင်ရင် ၆.၈၀ ဆ၊ အစ္စရေးနိုင်ရင် ၁.၃၁ ဆနဲ့ သရေဆိုရင် ၄.၇ ဆပါ။ Handicap မှာ အစ္စရေးက ၁ လုံး အရှုံးပေးထားပြီး ဂိုးပေါင်း ကတော့ ၂ လုံး အရှုံးပါ။ အန်ဒိုရာ အတွက် ဒီပွဲမှာ ဘာမျှ မျှော်လင့်စရာ မရှိဘဲ အစ္စရေးက ပြီးခဲ့တဲ့ ပွဲတွေမှာ အနည်းငယ် စိတ်ပျက်စရာ ဖြစ်ခဲ့ပေမယ့် အုပ်စု နောက်ဆုံး ပွဲစဉ် မှာတော့ အနိုင်နဲ့ ပလေးအော့ဖ် အဆင့် အတွက် အမှားခံမှာ မဟုတ်လို့ ဧည့်သည်တွေ ဘက်ကနေပဲ ရပ်တည်ရမှာပါ။

ခန့်မှန်းရလဒ်

အန်ဒိုရာ ၀-၂ အစ္စရေး

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်

?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

This message was edited by SBOTOP on 21-Nov-2023 at 5:04 PM





   Like     
[Go Back to Top]
 Main Menu > AsianBookie Myanmar > SBOTOP- နောက်ဆုံးရ အားကစားသတင်းများ



Change Timezone:   
 
14. ?ms

AsianBookie.com Forums Home | Back to AsianBookie.com

© Copyright 1998-2023 AsianBookie.Com - All rights reserved.
Advertise Feedback WAP Privacy Policy Terms of Service